.

AlinShin

Tuesday, January 6, 2015

မနုဿခေါ် လူအစစ်


အာဒံနဲ့ဧ၀က စတယ်ပြောပြော ၊
ဗြဟ္မာကြီးလေးဦးက စတယ်ဆိုဆို ၊
မျောက်သတ္တ၀ါတွေကနေပြောင်းလည်းလာတယ်လို့ပဲလက်ခံစေ . .
တကယ်က  .. . လူစိတ်ရှိဖို့ပဲလိုပါတယ်။
လူသားခြင်းစာနာထောက်ထားမှု ၊ အာဏာရှင်မဆန်မှု ၊
ခရိုနီမျိုးစိတ်များမထားရှိမှုဟာ လူအစစ်တစ်ယောက်ရဲ့လူဖြစ်ခွင့်
ပါပဲ။
ဘုရားသခင်ကဖန်ဆင်းတယ်လို့ပြောပြော လူစိတ်မရှိတဲ့သူဆိုရင်
ပုခုံးနှစ်ဘက်ကြားခေါင်းပေါက်စေကာမူ အဟိတ်တရိစ္ဆာန်ပါပဲ။
ဒီလိုအချို့က နားမလည်ကြဘူး။
သမ္မတကြီးဆိုရင် လူလို့ထင်နေတယ် ၊ ဟုတ်ဘူးနော်။သမ္မတမှာလူ
စိတ်ရှိမှ လူအစစ်ဖြစ်တာ။ အင်္ဂျင်နီယာကြီးကိုလည်း လူလို့မထင်နဲ့
လူစိတ်ရှိမှ အဲဒီအင်္ဂျင်နီယာကြီးကလူဖြစ်မှာ။ စာရေးသူကိုလည်းဒီ
အတိုင်းပါပဲ လူလို့မထင်မှတ်ပါနဲ့ လူစိတ်ရှိတဲ့စာတွေရေးမှ အလင်း
ရှင်ဆိုတာလည်း လူအစစ်ဖြစ်မှာပါ။သို့တည်းမဟုတ်ပါက လူအတု
ခေါ်အဟိတရိစ္ဆာန်တစ်ကောင်ပါပဲ။
ဒီလောက်သိရင်  .. ၊ ဒီကနေ့မြန်မာပြည်မှာ ပြည်သူတွေကိုဗိုလ်ကျ
စိုးမိုးနှိပ်စက်နေတဲ့ စစ်ခွေးကြံ့ဖွတ်တို့ဟာ လူအစစ်လား လူအတု
အဟိတိရိစ္ဆာန်တွေလားဆိုတာ Auto သိလောက်ပါပြီ
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget