၂၀၁၅ အတွက် ဟောကိန်းကို လတ်လတ်ဆတ်ဆတ်ကြီးကို ထုတ်လိုက်ပါပြီ သူ့နာမည်က ဆပ်စပန် ဆိုတဲ့  စင်္ကပူက တရုတ် ခရိုနီ တစ်ဦးဖြစ်ပါတယ် သူက ဧရာဝတီ မဂ္ဂဇင်းနဲ့  အင်တာဗျူးမှာ
မြန်မာ့ စီးပွားရေး ပေါက်ကွဲ မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
ထူးခြားတာက မြန်မာ့စီးပွားရေးနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေက ပညာရှင်များကသား အရင်က ဟောကိန်းတွေ ထုတ်ခဲ့ကြပြီး ယခု ၂၀၁၅ ခုနှစ်အတွက် အာရှဒေသ မြန်မာနိုင်ငံနှင့်လည်း အမေ၇ိကန်ဒေါ်လာ သန်း ၈၀၀ လောက် ကုန်သွယ်ဖက် ဖြစ်နေတဲ့ စင်္ကာပူမှ နာမည်ကြီး ခရိုနီက ဟောကိန်း ပြတ်ပြတ်သားသား ထုတ်လိုက်ခြင်းဖြစ်ပါတယ်။
သူ့နဲ့ ဧရာဝတီ သတင်းဌာနကလည်း အဆိုပါ အကြောင်းရာနဲ့ ပတ်သက်ပြီး အင်တာဗျူး အကျယ်တ၀င့် လုပ်ခဲ့ပါသေးတယ်။ အခု နိုင်ငံတကာ သတင်းစာတွေမှာ သူ့ရဲ့ ထင်မြင်ယူဆချက်တွေ ဖေါ်ပြလာတာ တွေ့ရပါတယ်။
သူ့ရဲ့ ထောက်ပြချက်တွေက အလွန် စိတ်ဝင်စားစရာပါ…
သူ့ထောက်ပြချက်တွေထဲမှာ
(၁) ပထမ ဆုံး ငွေကြေး ကွာဟ ဖေါင်းပွမှု ကို အရင်ပြောပါတယ်
(၂) လယ်ယာမြေ ထွက်ကုန် ကောက်ပဲသီးနှံ တွေနဲ့ နှစ်ဖက် လဲလှယ်တဲ့ ကိစ္စကို ပြောပါတယ်
(၃) မြန်မာပြည်ထဲမှာ ရှိတဲ့ ခရိုနီနဲ့ စစ်ဖက်ဆိုင်ရာ အရာရှိ အဟောင်းအသစ်တွေ ထိန်းချုပ်ထားပုံကို ပြောပါတယ်
(၄) မြန်မာပြည်ထဲက သံယံဇာတတွေရဲ့ သြတိုက် ယိုဖိတ်လွင့်စင်နေမှုကို ပြောပါတယ်
(၅) မြန်မာပြည်သူများဖြစ်ကြတဲ့ လက်လုပ်လက်စားတွေ
ခံစားလာရတော့မယ့် ဘေးဆိုးကြီးကို ပြောပါတယ်..
(၁) အချက်ဖြစ်တဲ့ ငွေကြေး ဖေါင်းပွမှု ငွေအတုများကို စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ အရာရှိတွေက ကျောထောက်နောက်ခံပေးပြီး ထုတ်လုပ်နေတဲ့အကြောင်း ဖြစ်ပါတယ် ငွေဖေါင်းပွမှု ကို ရာခိုင်နုံန်းနဲ့ တွက်ပြဖို့ အလွန်ကို ဂဏန်းမြင့်မားနေပြီး ပြုပြင် ပြောင်းလဲရေးကာလရဲ့ နောက်ဆုံး ၂၀၁၅ နှစ်မှာ အမြင့်ဆုံးဖြစ်မယ်လို့ သူတွက်ချက်ပြပါတယ်။ အကြောင်းက တိကျ သေချာတဲ့ ပွင့်လင်းမြင်သာမှုတွေကို အစိုးရက အကောင်ထည် မဖေါ်နိုင်ခဲ့တဲ့ အတွက်နှင့် ၀န်ကြီးများနှင့် ၀န်ကြီးဌာန အဆင့်မြင့် အရာထမ်း တွေရဲ့ ပိုင်ဆိုင်မှုကို အစိုးရတစ်ရပ်လုံးက ဆက်လက် ဖုံးကွယ်ထားဆဲမို့ အခု အဲဒီ ဖုံးကွယ်မှုဟာ ပေါက်ကွဲစ ပြုလာနေတဲ့ မီးတောင်တစ်ခုလို ဌာနတစ်ခုနှင့်တစ်ခု လုပ်ပိုင်ခွင့် အာဏာတွေကို အကြောင်းပြပြီး အားပြိုင်မှုက ပိုမို ပြင်းထန်လာနေတယ်လို့ ဆိုပါတယ်။
(၂) လယ်ယာ ကိစ္စနှင့် ထုတ်လုပ်မှု အပိုင်းကို စာရင်းဇယားများနဲ့ အခိုင်မာ သူက ထောက်ပြပါတယ်..
သူ့ထောက်ပြချက်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်က ထုတ်လုပ်မှု စံချိန်ထက် ယခု မြန်မာ့ လယ်ယာထွက် ပစ္စည်း ထုတ်လုပ်မှု စံချိန်က ရာနုံန်းအားဖြင့် ၄၂ ရာနုန်း လောက်ကို လျောကျ သွားခဲ့ပါပြီလို့ ယတိပြတ်ကို ပြောပါတယ် ….
အကြောင်းက ……အာဏာပိုင်တွေ လယ်ယာ သိမ်းပိုက်ချုပ်ကိုင်ထားမှုက နေ စတင်တယ်လို့ဆိုပါတယ်.. လယ်မြေ ဧကပေါင်း (၂ သန်း ခြောက်သိန်း သုံးထောင်) လို့ သူက ပြောပြီး အဲဒီ ထဲမှာ လယ်ယာထွက်ကုန်ဆိုပြီး ပြည်သူနှင့် ပြည်ပ ရောင်းချမှု ချို့တဲ့အားနည်းသွားပြီး ရောင်းချတဲ့ လယ်ယာထွက်ကုန် ကောက်ပဲသီးနှံတွေမှာလည်း စံချိန်မမှီလို့ နိုင်ငံတကာမှာ အနှိမ့်ဆုံးသတ်မှတ်ချက် ဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်ဈေးကွက် တစ်ခုထဲကိုပဲ ၀င်နေတာ များပါတယ်။ အာဏာပိုင်တွေမှ သိမ်းထားတဲ့ လယ်မြေတွေမှာလည်း စိုက်ပျိုးထုတ်လုပ်မှု အားနည်းသလို လယ်မြေကိစ္စနဲ့ မဆိုင်ပဲ ငှားယမ်းထားခြင်းကြောင့် လယ်ယာ ထွက်ကုန်တွေ ကျဆင်းပြီး အငတ်ဘေး တောင် တွေ့လာနိုင်တယ်လို့ ဆိုထားပါတယ်။
(၃) မြန်မာပြည်ထဲက ခရိုနီတွေရဲ့ ချမ်းသာကြွယ်ဝမှုမှာ အံ့မခန်းဘွယ်ရာကြီး ဖြစ်နေပြီး ဥပဒေအရ ပြန်လည် ထိန်းချုပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့တဲ့ အခြေနေကို ရောက်၇ှိသွားပါပြီ။ နိုင်ငံတစ်ခုလုံးရဲ့ ဘက်ပေါင်းစုံ ၀င်ငွေမှာ အမေ၇ိကန် ဒေါ်လာ သန်းပေါင်း ၇၀ဘီလီယံ လောက် ရှိနေပေမယ့်….
ဦးပိုင် ဆိုတဲ့ စစ်ဘက် စီးပွားရေးက ၂၄ ဘီလီယံ ဒေါ်လာ ထိမ်းချုပ် ကိုင်တွယ်နေပြီး အာဏာရှုင်ဟောင်း မိသားစုမှာက ဘီလီယံ ၄၀ ကျော်လောက် ထိန်းချုပ် လုပ်ကိုင်နေတာရှိတယ်။
ဦးအောင်သောင်းမိသားစု ၁၂ ဘီလီယံဒေါ်လာကနေ ၁၈ ဘီလီယံလောက် ချမ်းသာနေခဲ့ပြီး ခရိုနီ
တေဇ က ၅ ဘီလီယံဒေါ်လာခန့်လောက် ကိုင်ထားတာကို တွေ့ရတယ် မက်ဇော်ဖော်က ၂ ဘီလီယံဒေါ်လာခန့်လောက် ရှိနေပြီး ။ ယခင် ဦးနေ၀င်းမိသားစု၊ စိုးသိမ်း၊ အောင်မင်း တို့ က ၁၁ ဘီလီယံဒေါ်လာ နိင်ငံခြားမှာရှိတယ်လို့ သူက တွက်ချက်ပြပြီး အမှန် ပြည်တွင်းက ပြည်သူတွေရဲ့ လက်ထဲမှာ ပြောပလောက်အောင်ကို မရှိတော့ပါဘူးတဲ့။
ဒါကြောင့် အမှန်တကယ် လုပ်ပိုင်ခွင့်နှင့် အကျိုးခံစားပိုင်ခွင့်တွေက ပြည်သူတွေ ဆီမှာ မရှိတော့ပဲ နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက်မြုပ်နှံနေတဲ့ ခရိုနီတွေရဲ့ တရားလက်လွတ် စီးပွားရေးက ပြည်တွင်းမှ ပြည်သူအားလုံး ၂၀၁၅ မှာ ဆထက်တံပိုး ဆင်းရဲတွင်း နက်လာကြတော့မှာ ဖြစ်ပါတယ်။
(၄) ပြည်တွင်းထဲက သံယံဇာတ ဖိတ်စင်မှု အကြီးဆုံး နိုင်ငံကိုပြပါဆိုလျင် မြန်မာက ဆူဒန် ၊ ဇာင်ဘာဘွေ နိုင်ငံနဲ့ ထပ်တူ ထပ်မျှ ဖြစ်နေပါတယ် ။ အကြောင်းက စစ်ပွဲ အဂတိ လိုက်စားမှုနဲ့ တည်ကြည် ဖြောင့်မတ်တဲ့ တရားစီရင်ရေးပိုင်းဆိုင်ရာတွေ အားမကောင်းလို့ပါပဲတဲ့…တနေ့ထက်တနေ့ လောဘဇောပဲ တိုက်လာကြပြီး အဲဒီလောဘနဲ့ ပြည်တွင်း သံယံဇာတတွေကို ထုတ်ရောင်းပစ်နေမှုမှာ ပြည်သူများအတွက် အမှန်လိုအပ်တဲ့ ကွက်လပ်ကြီးကို ပိုပြီး ကြီးမား ကျယ်ပြန့်လာအောင် ချဲနေတဲ့ အခြေနေမျိုး ဖြစ်နေပါတယ်တဲ့…
(၅) နောက်ဆုံး အချက်မှာတော့ အရပ်ဘက် ပြည်သူတွေ ခံစားလာကြရတော့မယ့် အငတ်ဘေး ရောဂါဘယ ဘေးနဲ့ သဘာဝ ဘေးအန္တရယ်တို့ကို ပြောထားပါတယ်။
ကောက်ပဲသီးနှံ မလုံလောက်မှု ။ စီးပွားရေး နည်းနိသသျှ အခိုင်မာ မတည်ဆောက်ထားနိုင်မှု နဲ့ မြစ်ချောင်း သစ်တော များ ပြုံန်းတီးပျက်စီးမှုအပြင် တဖက် ကုန်သွယ်ဖက် တရုတ်နိုင်ငံမှ အင်တိုက် အားတိုက် တင်သွင်းနေသော ဓာတုဗေဒ အပြင်းများဖြင့် ထုတ်လုပ်ထားတဲ့ စားကုန် သောက်ကုန် လူသုံးကုန် အပြင် ဆေးဝါးတွေကြောင့် ၂၀၁၅ နှစ်မှစ၍ အပြင်းထန် ရင်ဆိုင် ခံစားကြုံတွေ့ကြရမည့် ပြည်သူများ ၏ ဘေးဆိုးကြီးများ ဖြစ်ကြောင်းပါတဲ့……ခင်ဗျာ
နိုင်ငံတကာ သတင်းစာများ
ရှယ်ယူကြ၍ ဆင်ချင် နိုင်ကြပါကုန်လေ
ဂိုလ်ရှယ်လေး
No comments :
Post a Comment