.

AlinShin

Friday, January 9, 2015

ဟောင်ကောင်အမတ်တွေ လွှတ်တော်က ထီးဝါဆောင်းပြီးထထွက်ခဲ့ကြသည်

ဟောင်ကောင်အမတ်တွေ လွှတ်တော်က 
ထီးဝါဆောင်းပြီးထထွက်ခဲ့ကြသောသတင်းဓာတ်ပုံ
ဟောင်ကောင်ကအမတ်တွေကတော့ ဟောင်ကောင်ပြည်သူတွေရဲ့
လိုလားချက်ကို ထောက်ခံသောအားခြင့် တရုတ်အစိုးရကို တိုက်ရိုက်
စိန်ခေါ်လိုက်ပါပြီ။ ဒါကို မြန်မာလွှတ်တော်က အတုယူသင့်သည်။
မြန်မာနိုင်ငံရှိလွှတ်တော်သည် ပြည်သူ့လိုလားချက်များအား လုံးဝ
အားပေးအဆိုပြုခဲ့သည်မဟုတ်ပါ။ 
အိပ်ငိုက်၊ ခေါင်းညိတ်၊ လက်ညှိုးထောင်အဆင့်သာဖြစ်ကြောင်း
ပြည်သူအများစု သိနေကြပါသည်။
အောက်ပါလင့်တွင် အကျယ်ဖတ်ရှု့နိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

ဟောင်ကောင်မှာ ဒီမိုကရေစီ လိုလားတဲ့ လွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့နှစ်က မြို့လည်မှာ ဒီမိုကရေစီရေး ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အ၀ါရောင် ထီးတွေကို ကိုင်မြှောက်ကာ ဗုဒ္ဓဟူးနေ့က လွှတ်တော်အစည်းအဝေးပွဲကနေ ထထွက်ခဲ့ကြပါတယ်။

ဟောင်ကောင်မှာ ၂၀၁၇ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ကြိုတင်စိစစ်ဖို့ အဆိုပြုချက်ကို ဟောင်ကောင်အတွင်းဝန်ချုပ် Carrie Lam က တင်သွင်းနေချိန်မှာ အခုလို လွှတ်တော်ကိုယ်စားလှယ်တွေက ထထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကြိုတင်စိစစ်ဖို့ တရုတ်ပြည်မကြီးရဲ့ အစီအစဉ်ကို တင်ပြခဲ့ချိန်ကစလို့ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုကို ပြသတဲ့ အရိပ်လက္ခဏာလို့ ရှုမြင်ကြပါတယ်။

ဟောင်ကောင်အတွင်းဝန်ချုပ် Carrie Lam က တရုတ်ပြည်မကြီးက တင်ပြခဲ့တဲ့ အစီအစဉ်အပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော် ရေးဆွဲရမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံဖို့ အတိုက်အခံတွေကို နားချနိုင်မယ့် မျှော်လင့်ချက်ကိုတော့ မစ် Lam က ထားဆဲရှိတယ်လို့ ဆိုပါတယ်။
http://burmese.voanews.com/content/hong-kong-politics/2589949.html

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget