ကချင်ပြည်နယ်ဝိုင်းမော်မြို့ နယ်အတွင်း နိုင်ငံခြားသား ၁၀၀ ကျော်အပါအဝင် သစ်ခိုးထုတ်နေ သူများကို ရာနှင့်ချီသောသစ်တင်ယာဉ်များနှင့်အတူ တပ်မတော် စစ်ကြောင်းက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ဒါကို .. တရုတ်အစိုးရကသူ၏ တရုတ်နိုင်ငံသား တစ်ရာကျော် အရေးအား
မှန်မှန်ကန်ကန်နှင့် မျှမျှတတကိုင်တွယ်ဆောင်ရွက် စေလိုကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိ သူက ဇန်နဝါရီ ၇ ရက်တွင် ပြော ကြားလိုက်သည်။
ထိုသတင်းကို ဖတ်ရသောအခါ . . .
သြော် . .. ဗမာနိုင်ငံသူ ကိုယ့်ပိုင်မြေပေါ်မှာနေသူ ဒေါ်ခင်ဝင်းအား နှာဖူး
တည့်တည့်ကိုသေနပ်နဲ့ပစ်သတ်တဲ့ကိစ္စကြတော့ Sorry နဲ့ပြီးခဲ့သောတရုတ်
အစိုးရဟာ သူ့နိုင်ငံသားသစ်သူခိုးတွေကမြန်မာနိုင်ငံထဲဝင်သစ်ခိုးလို့ဖမ်း
တာကို (မျှမျှတတကိုင်တွယ်ပါ) ဆိုသောစကားသည် ၊ မြန်မာနိုင်ငံသား
တစ်ယောက်အနေဖြင့် အတော်ကို ခံစားရခက်သော ဝေဒနာပါ။
ထို့ကြောင့်အခုလို အများသိစေရန် ခံစားချက်ကိုမျှဝေခြင်းဖြစ်ပါသည်။
တရုတ်ကြီးသည် ရကောက်ဖြင့် ရုတ်သည်မဟုတ် ၊ ယ ပလက်ဖြင့်သာ
ယုတ်သော တယုတ်ကြီးပေတည်း . . ။
ကမ္ဘာသိစေရန် မည်သူမဆိုလွတ်လပ်စွာ ရှဲနိုင်ပါသည်။
သတင်းဓာတ်ပုံ . . .
သစ်ခိုးထုတ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နှင့် မြန်မာနိုင်ငံသားအချို့ကို
တွေ့ရစဉ် (ဓာတ်ပုံ − ကာကွယ်ရေးဦးစီးရုံး)
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment