သိန်းစိန်ကို ဂျာနယ်က သရော်ထားတယ်ဆိုတာထက် တကယ်ဖြစ်နေတဲ့သတင်း
အရင်းအမြစ်ကိုတင်ပြထားတာပါ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
(တစ်)
တစ်ရက် မြောက်ဥက္ကလာပ မြို့နယ်ထဲက အဓိကလမ်းမကြီး တစ်လမ်းပေါ်မှာ လမ်းလျှောက် သွားကြရင်းနဲ့ တစ်နေရာရောက် တော့ အတူတူလျှောက်လာသူ မိတ်ဆွေကခြံတစ်ကွက်ကို လက် ညှိုးညွှန်ပြပါတယ်။ ခြံဆိုပေမယ့် အထဲမှာ အိမ်ကလေးတလုံးတော့ လည်း ပါသပေါ့။
‘‘အဲဒါ သိန်းငါးထောင် လောက်နဲ့ အရောင်းအ၀ယ်ဖြစ် သွားတဲ့ ခြံတဲ့ခင်ဗျ’’
လမ်းလျှောက်ဖော်မိတ်ဆွေ ရဲ့ စကားကိုကြားတော့ ခေတ် စကားနဲ့ ပြောရရင် ဖျားသွားပါ တယ်။ သိန်းငါးထောင်လောက်ဆို တဲ့ ကိန်းဂဏန်းတွေနဲ့ ခြံနဲ့က ဘယ်လိုမှ မအပ်စပ်လို့ပါ။
ခြံဝင်းက မကျယ်ပါဘူး။ ရှိလှရင် မျက်နှာစာက ပေ ၂၀ ပေါ့။ ဒါပေမဲ့ နေရာက နေရာကောင်းလို့ ဆိုရလောက်တဲ့ လမ်းမကြီး မျက်နှာစာတန်း။ ပုံမှန်အနေအ ထားအရဆိုရင် အဲသည့်နေရာနဲ့ အဲသည့်ဈေးနှုန်းဟာ တန်တယ်လို့ဆိုရလောက်ပေမယ့် တကယ့်တ ကယ်တမ်းက ကျူးကျော်။ ဒါပေ မဲ့ ခုတော့ ဂရန်တောင်ကျနေပြီဆိုလား။
ဟိုတုန်းက လူတွေဟာ ၁၉၅၉ ခုနှစ် မြောက်ဥက္ကလာပမြို့ သစ်ကို တည်ကြတော့ အမြော်အ မြင်ကြီးသူတွေပီပီ ရပ်ကွက်တွေ၊ ရပ်ကွက်တွေရဲ့ ကြားမှာ ပ,လပ် မြေတွေကို လွှတ်ထားခဲ့ကြပါ တယ်။ မီးရေးထင်းရေးနဲ့ ကြုံတဲ့ အခါ ရပ်ကွက်တစ်ခုနဲ့ တစ်ခုမ ကူးရလေအောင်၊ ရေစီးရေလာ ကောင်းအောင်၊ အများပိုင်မြေ ကွက်လပ်တွေမှာ အများနဲ့ဆိုင်တဲ့ အဆောက်အအုံတွေကို လိုအပ် ချိန်မှာ ဆောက်လို့ရအောင်ဆိုတဲ့ စိတ်ကူးတွေနဲ့ပေါ့။
အခု အဲသည်လွှတ်ထားတဲ့ ပ,လပ်မြေတွေဟာ မလွတ်သ လောက်ကိုပဲ ဖြစ်သွားခဲ့ပါပြီ။ ဗိုလ် ကျသူတွေ၊ လူလည်လူရှုပ်တွေ၊ အာဏာရှိသူတွေ၊ ပေါင်းစားသူ တွေရဲ့ လက်ထဲမှာ အများအပြား ပေါ့။
(နှစ်)
အခု ရေပန်းစားနေတဲ့ ကျူး ကျော်ပြဿနာတချို့ဟာ ရပ် ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ သက် ဆိုင်ပါတယ်။
ရပ်ကွက်တိုင်း ရပ်ကွက် တိုင်းမှာ ကျူးကျော်ရှိပါတယ်။ အိမ်စုကလေးတွေနဲ့ ကျူးကျော် တာကစပြီး လမ်းတစ်လမ်းလုံး ကျူးကျော်တွေချည်းပဲ ခြံနဲ့ဝင်းနဲ့၊ ရေနဲ့ မီးနဲ့ အခိုင်အမာဖြစ်တဲ့အထိ ရှိပါတယ်။ အခိုင်အမာလို့ ပြောရ တာက ကျူးကျော်မြေတစ်ကွက် ဟာ သိန်း ၅၀၀ ၀န်းကျင်လောက် အထိ အရောင်းအ၀ယ်ဈေးပေါက်နေလို့ပါ။ အဲဒါကို ရပ်ကွက်အုပ် ချုပ်ရေးမှူးက မသိဘဲရှိပါ့မလား။ ပထမဦးဆုံး ခြံကွက်ရိုက်၊ အိမ် ဆောက်၊ မီးသွယ်ကတည်းက သူ မသိဘူးလား။ ရောင်းကြ၀ယ်ကြ တော့ကော သူမသိဘူးလား။ ရပ် ကွက်နှစ်ခုကြားက ပ,လပ်မြေပေါ် မှာ ဆောက်ထားတဲ့ အိမ်က ဂရန် တွေဘာတွေကျသွားပြီး သိန်း ထောင်ဂဏန်းသုံးလေးလုံးနဲ့ ရောင်းကြ၊ ၀ယ်ကြတာကိုကော ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဘာဖြစ်လို့မသိချင်ယောင်ဆောင်နေကြတာ လဲ။
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျူးကျော်တွေရဲ့ကြားက နား လည်မှု အပေးအယူတွေကို နည်း နည်းကလေး စစ်ဆေးမေးမြန်း လိုက်ရုံနဲ့ သိနိုင်တာကို တာဝန်ရှိ သူတွေက ဘာကြောင့် မျက်နှာလွှဲ ထားကြတာပါလိမ့်။
ရပ်ကွက်တိုင်းလိုလိုရဲ့ ထောင့်ခြံတွေ၊ လမ်းထိပ်ခြံတွေဟာ ကိုယ့်မြေကွက်အတိုင်း တိတိကျကျနေ သူရှားပါးတယ်။ ခြံတွေကို နှစ်ပေ၊ ငါးပေဆိုတာမျိုး ချဲ့ချဲ့ပြီး ခတ် ထားတဲ့သူတွေချည်းပါပဲ။
ရပ်ကွက်အလယ်က အူ ကြောင်းလမ်းမကြီး ဘေးမှာဆိုရင်လည်း ကိုယ့်ခြံစည်းရိုးရဲ့ အပြင်ကမြောင်းကိုကျော်ကာ လမ်းဘေး ပလက်ဖောင်းရဲ့ လမ်းမနှုတ်ခမ်း သားအထိ ဆိုင်တွေဘာတွေအ ခိုင်အမာဆောက်ကာ နေသူတွေ ကို ဘယ်နေရာကြည့်ကြည့်တွေ့ နိုင်ပါတယ်။
တချို့ရပ်ကွက်တွေရဲ့ ကြား မှာဆိုရင် ဓမ္မာရုံမြေလိုဟာမျိုး၊ နိုင်ငံရေးပါတီတစ်ခုခုက ၀င်ယူ ထားတဲ့ မြေလိုဟာမျိုး၊ သာရေး နာရေးအသင်းရဲ့ မြေလိုဟာမျိုး တွေကိုတောင် ငွေရှိသူက ဘယ် လိုနည်းနဲ့မှန်းမသိ ပြန်ယူထားကာ အများပိုင်လမ်းတွေကို ပိတ်ဆို့၊ အ များပိုင်ရေမြောင်းတွေကို ပိတ်ဆို့ ပြီး လုပ်ချင်ရာလုပ်ခဲ့ပါလျက်နဲ့ ဘယ်သူကမှ ဘာမှမပြောတာ ကြောင့် ရပ်ကွက်သူ၊ ရပ်ကွက် သားတွေ သွားမရ၊ လာမရ၊ ရပ် ကွက်ရေလျှံဖြစ်ရတာတွေဟာ ထင်ရာစိုင်းနေတဲ့ ဒီနေ့ခေတ်ရဲ့ ပုံ ရိပ်တွေပါ။
(သုံး)
နေစရာတကယ်မရှိတဲ့ ကျူး ကျော်တွေ အများကြီးပါ။ ဒီနိုင်ငံ မှာ မွေးလာသူတွေ ဒီမြေကြီးပေါ် မှာ နေခွင့်ကို ဒီနိုင်ငံအစိုးရက စီမံ ခန့်ခွဲပေးရမှာပါ။
ဒါပေမဲ့ ခက်နေတာက ရပ်ကွက်တွေထဲမှာ လက်သိပ်ထိုးပြီး ကျူးကျော်ခွင့်ကို တရားဝင်အောင် ဖန်တီးပေးကာ အောက်ခြေက လူတွေလုပ်စားနေကြတာကို အပေါ် ကဆင်းမကြည့်တာ၊ မကြည့်နိုင် တာပါ။
အခု ရွေးကောက်တင်မြှောက်ပြီး သွားပြီဆိုတဲ့ စည်ပင်သာယာ က ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်း က ဖရိုဖရဲဖြစ်နေတာတွေကို ဘာ လုပ်မလဲ။
တကယ်က လွယ်လွယ်က လေးပါ။ အများပိုင်မြေပေါ်မှာ နေသူတွေကို ဘယ်တုန်းကစနေတာ လဲ၊ ဘယ်သူက ခွင့်ပြုတာလဲ၊ ဘယ်လောက်ပေးရသလဲ၊ ဘယ်သူ့ကို ပေးရတာလဲ၊ အဖြေထွက် လာရင် ထွက်လာတဲ့အတိုင်း ဆက်ရှင်းသွားလိုက်ရုံပဲ ဥစ္စာ။
ဘာဖြစ်လို့ မလုပ်ကြတာပါ လိမ့်။ မလုပ်အားသေးတာလား။ မလုပ်ချင်တာလား။ မြောက်ဥက္က လာပမှ မဟုတ်ပါဘူး။ ရပ်ကွက် တိုင်းလိုလိုကဖြင့် ဗွက်ထနေတာ ကြာပေါ့။
http://7daydaily.com/story/28916#.VLDAqNKUd5d
No comments :
Post a Comment