.

AlinShin

Wednesday, January 7, 2015

အံ့ဖွယ် မြန်မာ့ အင်ဂျင်နီယာလက်ရာ

အံ့ဖွယ် မြန်မာ့ အင်ဂျင်နီယာလက်ရာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင်မြို့  ပန်းဒေါင်းပိုင်းရပ်ကွက် ကမ်းနား မြစ်ရေတားဆီးထားသော သံကူကွန်ကရစ်အား ၂၀၁၄ မတ်လတုန်းက မြို့နယ်ဆောက်လုပ်ရေးဋ္ဌာနကိုအထက်လူကြီးများမှတာဝန်ပေးစီစဉ်မှုကြောင့် ပြုလုပ်ခဲ့ပါတယ် ယခု၂၀၁၄ အောက်တိုဘာလကုန်မှာ အက်ကြောင်းကွဲများဖြစ်
ခဲ့ပြီး မြစ်ကြောင်းထဲသို့  ပြိုကျမည့်အနေအထားဖြစ်ခဲ့သည် ။
ကွန်ကရစ်အား သုံးလက္မခန့် သာပြုလုပ်ထားပြီးအတွင်း၌ ကျောက်တုန်းအစား သဲအိတ်များအား အစားထိုးသုံး ထားပါသည်။သံကူကွန်ကရစ်အား သံချောင်းမသုံး ဘဲ ဝါးခြမ်းများအားအသုံးပြုထားကြောင်းတွေ့ ရပါသည်။
ဆောက်လုပ်ရေးတာဝန်ခံအင်ဂျင်နီယာ၏ အံ့မခန်းပညာတရပ်ဟုထင်မိပါသည်။
သဘာဝအန္တရာယ်ကာကွယ်ရန် ပြည်သူများအား အကာအကွယ်ပြု ပေးမည့်အရေးပါသောအရာကိုဘာ့ကြောင့်ဤကဲ့သိုပြုလုပ်ပေးထားကြောင်း
အဖြေရှာမိပါသည်။အထက်လူကြီးတွေ သိသင့်ပါသည်။
တာဝန်ခံပြုလုပ်သော အင်ဂျင်နီယာကို ဂင်းနစ်စံခ်ျိန်တင်သင့်ကြောင်း နည်းပညာအား နိုင်ငံခြားမှာ လာရောက်လေ့လာနိုင်ကြရန် ကွန်ကရစ်ပြုလုပ်သော ကွန်ကရစ်မှာ သဲကျောက်များပြီး ဘိလပ်မြေ နည်းသည့် နည်းပညာမှာ နိုင်ငံတော်ကြီးအား ထောက်ပံ့သည့်သဘောလား မိမိစီးပွားရေးလား အများအကျိုးမျှော်ကိုးလို့  တင်ပြလိုက်ရပါသည်။
Nobel TigerVia: ဗြန်ဆိုင်း


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget