.

AlinShin

Wednesday, January 7, 2015

အရူးဓာတ်ခံရှိသူများ ရူးနိုင်ကြပါပြီ

 
မှတ်မှတ်ရရ . .ဓမ္မစေတီခေါင်းလောင်းကြီးကို
(၁) ဦးစံလင်းဆိုသူက နဂါးကြီးအကူအညီနဲ့ ဆယ်တယ် .. တဲ့။
"နားကတော့ အမှန်အကန်ကားသွားတယ်'' သို့သော်
ဦးစံလင်းကတော့ အလှူငွေတွေတော်တော် ဘုန်းလိုက်ရတယ်။
အခုတစ်ခါ . ..
(၂)ပုဂ္ဂလိက သင်္ဘောအရှိဟောင်း ဦးကျော်ဝင်းက ၀ိဇ္ဇာအဘသံ
ရဲ့အကူအညီနဲ့ဆယ်မယ် . .တဲ့။
ကဲ လှူလိုက်ကြပါဦး .. . အဟီး . . ဟီး . . ။ ပြီးမှတော့ စံလင်းလို
တရားဆွဲမယ် ၊ သမ္မတထံတိုင်ကြားထားတယ်ဆိုတဲ့သတင်းစာ
ရှင်းလင်းပွဲတွေလုပ်ပြီး ပွဲမခံကြပါနဲ့။ ကိုယ်ေsါက်သုံးမကျလို့
အလိမ်ခံရတာကို ပြည်သူကို ဂျာနယ်ထဲထည့်ပြီး ရုပ်ရှင်မရိုက်
ကြပါနဲ့။ အခုလည်း ဦးကျော်ဝင်းကို ဘယ်သူတွေက ဘယ်လို
လှူကြဦးမယ်ဆိုတာတို့မသိပါဘူး။ တို့ပြောချင်တာကတော့
ကိုယ်ညံ့လို့ကိုယ်အလိမ်ခံရတာကို ဂျာနယ်ထဲထည့်ပြီး
သတင်းစာရှင်းလင်းပွဲမလုပ်ကြပါနဲ့။
ဒီတော့က . .. ဓမ္မစေတီခေါင်းလောင်းဟာ .. .
နဂါးသိုင်းနဲ့ရိုးသွားလုပ်စားလို့မရပြန်တော့ .. .
ဝိဇ္ဇာဝါဇိတ် အကွက်နဲ့ လုပ်ကြပြန်ပြီ ..
ဘယ်ဘုန်းကြီး ဘယ်သီလရှင်တွေက ပရိတ်ရွတ်ကြဦးမှာလည်း
ဆိုတာ ဂျာနယ်ထဲမှာ တွေ့ရပါဦးတော့မည်။
"နဂါးကြီးက ခေါင်းလောင်းကြီးကို မီးပူဇော်နေတယ်ဆိုတဲ့"
စံလင်းရဲ့အရူးဓာတ်ကွက်ကို ဦးကျော်ဝင်းက ဘယ်လိုပုံပြောင်း
ရိုက်မလဲဆိုတာ . .. သူမှသိမှာပါပဲ။
အီး . .. ဘယ်သူတွေစားပေါက်ချောင်ဦးမည်ဆိုတာကိုတော့
သတင်းလေးသာ နားစွင့်ထားလိုက်ကြပါတော့ . . .
မှတ်မှတ်ရရနော် . . မှတ်မှတ်ရရ ၊ အခုအလင်းရှင်ပြောနေတာ
တွေက တစ်လုံးတစ်ပါဒမှ အတ္တနောမတိမပါပါဘူး။
ဂျာနယ်မှာ ဖေါ်ပြခဲ့ပြီးသော ဖြစ်စဉ်များကို အရကောက်ပြတာပါ။
ကဲ .. . ဆက်လက်၍ အရူးဓာတ်ခံရှိသူများ ရူးလိုက်ကြပါတော့
Read More . .
http://alinshin.blogspot.com/2015/01/blog-post_7.html
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget