.

AlinShin

Sunday, December 7, 2014

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အများသုံးကုန်းကျော်စက်လှေကား

~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
လူ့သားတို့၏ မွေးရာပါအခွင့်အရေးများ ဆုံးရှုံးနစ်နာခဲ့ရသော မြန်မာ
နိုင်ငံတွင် ပထမဦးဆုံးသော အများသုံးကုန်းကျော်စက်လှေကားတစ်

စင်းကို ရန်ကုန်မြို့ ကမ်းနားလမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့် ဒလ/
ရန်ကုန်သင်္ဘောကူတို့ဆိပ်တွင် တည်ဆောက်ပြီးစီးလျှက်ရှိပါသည်။
လာမည့်သောကြာနေ့(12.Dce.2014) တွင်ဖွင့်လှစ်မည်ဟု ခန့်မှန်း
သိရှိရသည်။ 
ဒီလိုစနစ်မျိုးတွေ ငုတ်လျှိုးကွယ်ပခဲ့သည်မှာ နှစ်တစ်ရာကျော်ခဲ့ပြီမို့
အလင်းရှင် ရင်နာနေမိသည်။ လူမှန်နေရာမှန်မဟုတ်သော စစ်အာ
ဏာရှင်စနစ်ဆိုးကြောင့် သန်းပေါင်းများစွာသောရဟန်းရှင်လူပြည်
သူတို့တွင် လူသားအသိဉာဏ်များကို စစ်ဖိနပ်ဖြင့်အနင်းခံခဲ့ရသည်။
ပြည်သူ့ဘဏ္ဍာဖြင့်ဝယ်ထားသော သေနပ်တို့ဖြင့် အပစ်ခံခဲ့ရသည်။
ကြာလာတော့ “ပြည်သူအချို့ဟာ တိရိစ္ဆာန်ထက်အနည်းငယ်မျှသာ
သော (ဆယ်အိမ်မှူး၊ယာအိမ်မှူး၊ရပ်ကွက်အုပ်ချုပ်ရေးမှူး) စတဲ့
အာဏာရှင်၏ ကြောထောက်နောက်ခံပြုသော အခွင့်အရေးတစ်ရပ်
ကို (ငရဲပန်းအား နှင်းဆီပန်း) ထင်သကဲ့သို့ တပ်မက်သောအကျင့်
ဆိုးများ ငြိတွယ်လာခဲ့ပါသည်။”
“အမှားကြာတော့ အမှန်ဖြစ် ဘုရားရှင်ပင်မဟောနိုင်” ဆိုသကဲ့သို့
ဒီလူနောက်လူအရင်လူအားလုံးတို့သည် ဓမ္မကိုမျက်ကွယ်ပြုလာရဲ
သောအကျင့်ဆိုးငြင်ဆိုးများ သန္ဓေတည်လာခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တပ်မတော်ကြီးကို ဗမာပြည်ကာ
ကွယ်ဖို့အတွက်တည်ထောင်ခဲ့သော စစ်မှန်သည့် ရည်ရွယ်ချက်
ကောင်းလမ်းစဉ်ကောင်းတို့သည် တစ်မိသားစု တစ်ဆွေးမျိုး ၊အာ
ဏာရှင်စစ်ခွေးဆိုးကြီးမိသားစုအား ကာကွယ်ရေးတပ်မတော်ကြီး
တစ်ရပ်အဖြစ်သို့ အသွင်ကူးပြောင်းသွားခဲ့သည်။ နောက်ဆုံး မြန်မာ
နိုင်ငံသည် စစ်ခွေးပိုင်သော နိုင်ငံအဖြစ်သို့ ရောက်ရှိပါတော့သည်။
ဒါတင်မကသေးပေ၊ လူအများစုကိုးကွယ်သော ဗုဒ္ဓဘာသာသာသ
နာတော်ကြီးသည်လည်း စစ်ခွေးအလိုကျ (မဟန)အဖွဲ့မှ (မဘသ)
(၉၆၉)အသွင်သို့ ကူးပြောင်းကာ လွပ်လပ်ငြိမ်းချမ်းသော ဗုဒ္ဓဘာသာ
တရားသည် မလွပ်လပ်ပူပင်သော အတ္တဘာသာအဖြစ်သို့လုံးလုံး
လျားလျားဝင်ရောက်အခြေတည်စပြုနေပါပြီ. . . ။
လူသားအခွင့်အရေးများနှင့် ဘာသာတရား၏အဆုံးအမများ
အမြန်ဆုံးတောက်ပနိုင်ပါစေ  . .
ဓမ္မဒါနအလို့ငှာမည်သူမဆိုလွပ်လပ်စွာ Share နိုင်သည်
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget