.

AlinShin

Thursday, December 11, 2014

မီတောက် ကဗျာ

~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ဒါလားကွ..ကမ္ဘာ့အဆင့်မှီ ကျွန်းသစ်တွေ ထွက်တဲ့ နိုင်ငံ ။
ဒါလားကွ..ရေနံနဲ့သဘာဝဓါတ်ငွေ့တွေလှိုင်လှိုင် ထွက်တဲ့ နိုင်ငံ ။
ဒါလားကွ...ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းတုံးကြီး ထွက်တဲ့နိုင်ငံ ။

ဒါလားကွ...ပြည်တန်ပတ္တမြား ငမောက်ထွက်တဲ့ နိုင်ငံ ။
ဒါလားကွ...ကြေးနီ၊ကျောက်မီးသွေးနဲ့ သတ္တု မျိုးစုံထွက်တဲ့ နိုင်ငံ ။
ဒါလားကွ..မွေးပုလဲ မဟုတ်တဲ့ ပုလဲစစ်စစ်တွေ ထွက်တဲ့ နိုင်ငံ ။
ဒါလားကွ..ကမ္ဘာ့အချမ်းသာဆုံး ဘီလျှံနာသူဌေးကြီးတွေနဲ့ရင်ဘောင်တန်းနိုင်တဲ့သူဌေးကြီး နေ၀င်း၊
သန်းရွှေ၊ တေဇ၊ ဇော်ဇော်၊ ခင်ရွှေနဲ့ မဟာ့ မဟာ သူဌေးကြီး 
အောင်သောင်း မိသားစု နေတဲ့ နိုင်ငံ ။
https://www.facebook.com/profile.php?id=100005858492882
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ဒီကဗျာလေးကို ဖတ်မိတော့ အခုလို ရေးမိပါတော့တယ် . . 
တို့ ငယ်စဉ်က မြန်မာစာမြန်မာကဗျာတွေဖတ်ရင် တွေ့လေ့ရှိတဲ့
ကလောင်ရှင်အမည်က (အမည်မသိရှေးစာဆို) တဲ့။ ငါကလေ
အဲဒီအမည်အသိတဲ့ ရှေးစာဆိုကြီးကိုမှ သိချင်ခဲ့၊ မြင်ချင်ခဲ့ဖူးတယ်။
ဟော  ..  အခုလည်း အွန်လိုင်းပေါ်မှာ တွေ့ရပြန်ပြီ။
သူ့ကြတော့ (အမည်မသိရှေးစာဆို) ရယ်လို့ကိုမရေးထားဘူး။
ဘယ်သူရေးလို့ရေးမှန်းမသိသော  . . ရင်တွင်းဖြစ်ကဗျာအစစ်
တစ်ပုဒ်ဖြစ်နေတယ်။ ဒါ့ျေကြာင့် သူ့လင့်လေးကိုပါချိပ်ပေးလိုက်
ပါတယ်။ ဖတ်ကြည့်ပါ။ ရသမြောက်တယ်ဆိုတာထက် ၊ တကယ်
ဖြစ်စဉ်ကြီးကို ချရေးထားတာမို့ အလင်းရှင်ရဲ့ blog မှာတောင်
တင်ဖြစ်ရတဲ့အထိကို ကဗျာက မီးတောက်နေပါတယ်။
သြော်  . . ငါတောင် ရေးရင်းနဲ့ စကားလုံးလေးတစ်လုံးထွက်ကျ
လာတယ်။ ဘာတဲ့။ ကဗျာမီးတောက်  . .တဲ့။
ဒီတော့ အဲဒီအမည်မသိတဲ့ ကဗျာလေးကို (ကဗျာမီးတောက်)
လို့ ခေါင်းစဉ်တပ်လိုက်မယ်။ 
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget