.

AlinShin

Thursday, December 11, 2014

ကျတော်တို့  တွေ ဘုရားစကား တကယ် နားထောင်ပါရဲ့လား??


~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ကိုယ်တွေ့ဆောင်းပါးမဟုတ်သော်လည်း စာဖတ်သူများမဖြစ်မနေ
ဖတ်ရမယ့် တကယ့်ဖြစ်ရပ်မို့ ဓမ္မအလင်းကုသိုလ်အလို့ငှာ အခုလို
ကူးယူဖေါ်ပြလင့်ချိပ်ပေးလိုက်တာပါ။
ဖတ်ပြီးရင်တော့ သေချာတာတစ်ခုက ရေးတဲ့သူထက် လင့်ချိပ်ပေး
တဲ့ အလင်းရှင်ကို ပို၍ ကျေးဇူးတင်ကြပါလိမ့်မယ်လို့ထင်ပါတယ်
ဟား  . . ဟား  . . ရယ်စရာပြောတာပါ။ 
တကယ်တော့ အလင်းပေးသူမှန်သမျှဟာ မှောင်မိုက်သောညမှာ
တောင် ပိုးစုန်းပြူးလေးတစ်ကောင်ရဲ့အလင်းဟာ တကယ့်ကို
အဖိုးတန်တယ်မဟုတ်လား  . . 
ကိုယ့်သေးတောင်ကိုယ်ပြန်သောက်ရတဲ့ ကန္တရထဲရောက်နေချိန်
မျိုးမှာ ရေခဲရေးတစ်ခွက်က ဘယ်လောက်များအဖိုးတန်နေမလဲ  .. 
ဒီလိုပါပဲ  . . 
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ဒီနိုင် ငံ ကလူ တွေ ကဗုဒ္ဓ ဘာသာ မဟုတ်ကြ ပါ ဘူး။ ဗြဟ္မစို တရား ၄ ပါး ဖြစ်တဲ့ မေတ္တာာ တို့ ။ဂရုဏာ တို့ ။မုဒိတာ တို့ ။ ဥပေက္ခာာတို့ ကြား တောင် မကြားဖူးကြ ပါ ဘူး။ တရား စခန်း လည်း ၀င်ဖူး မယ်မထင် ပါ ဘူး။ဒါ ပေမယ့် လူသားချင်းကိုယ်ချင်း စာ တရားနှင့် မေတ္တာ ။ ဂရုဏာ ကို ကောင်းကောင်းထား တတ် ကြ ပါ တယ်။မနေ့ ကခလေး ပျောက် သွား တာ တရပ် ကွက် တည်း နေ တဲ့ သူ သာ မက မိုင် ၄၀ ကျော်။ ၇၁ km ဝေးတဲ့ နေရာကလူတွေ ပါ လာပြီးလူပေါင်းရာ နဲ့ ချီပြီး ရဲ ကို ကူညီပြီး ရှာ ပေးကြပါ သည်။တချို့ သူတို့ ရဲ အနံ့ ခံ့ ခွေး တွေ ပါ ယူ လာရှာ ပေးတယ်။ တချို့ မနက် ၆နာရီ အလုပ် ဆင်းရမှာ ည ၃ နာရီ အထိ ရှာ နေ တုံး။ အိမ်တွေ ကလည်း စောင် တွေ။ ရေဗူး တွေ ကို အိမ်အပြင်ထုတ် ထား ပေးတယ်။ ခလေးကို တနေရာ ရာ မှာပုန်း နေတယ် ထင်လို့ ။ ထွက် လာရင် ညဖက် အေး နေ။ဆာ နေ မှာ စိုးလို့ ။အိမ်အပြင် က မီးတွေ ဖွင့် ထားပေးတယ်။ ရဟတ်ယာဉ် ကလည်း ခလေး စပျောက်တဲ့ မနက် ၁၀:၃၀ ကနေဒီ နေ့ အလောင်း တွေ့ ချိန် အထိ ရှာ ဖွေ ပေးသည်။ ကူညီ တဲ့ သူတွေ ကလည်း ခလေး အမေတွေ ကိုယ့် ခလေး တွန်းလှည်း ကိုယ် တွန်း ပြီး ရဲ ဆီ လာ သတင်းပို့ ခွဲ ပြီး ချ ပေး တဲ နေရာ တွေ ကို ကလေး တဖက် နဲ့ လိုက် ရှာ ကြတယ်။ ဒီနေ့ အလောင်းတွေ တယ် လည်း ဆို ရော ငို တဲ့ သူ တွေက ငိုကြ။ ပန်းစည်းတွေ လာချကြ။(ဒီမှာ ပန်း တစည်း ကို အနည်း ဆုံး $10 ရှိ ပါ တယ်)။အရုပ် တွေလာချကြ။ဝမ်း နည်း ကြောင်းစာတွေ။ဓါတ် ပုံ တွေ ချကြ ပါ သည်။
မောင်လူပြိန်း တို့ မြန်မာ နိုင်ငံမှာ တော့ ဟို တနေ့ က ဆို ရင် အသက် ၆၀ လောက်ရှိတဲ့ လျပ် တပြက် ဂျာနယ်က ဆံပင်အရှည်နဲ့ ဂေါ်လီ စတိုင် ဦးမြတ်ခိုင် ကသမ္မတ ရဲ့ သတင်း စာ ရှင်းပွဲ သွား တာကား ပေါ်မှာ အရှည် ၂ ပေလောက် ရှိတဲ့ ဓါးရှည် ကို မိ သတဲ့။ သူ့ အပြော က တော့  အမြဲ တမ်း ဆောင် ထား တာ ဆို ပဲ။ ဆိုလို တဲ့ သဘော ကလို အပ် ရင်လူသတ်ဖို့ တောင်စဉ်း စားထား တာ ပေါ့ ။ ဥပဒေအထက် မှာ ဘယ် သူမှမရှိ ဘူးဆို တဲ့ မြန်မာ နိုင်ငံ ကရဲ က ခံဝန် ပဲ လက် မှတ်ထိုး ခိုင်းပြီး ပြန်လွတ် သတဲ့။ ဥပဒေ အရ ဆို ရင် အရိုး အသွား ၆လက် မကျော်တဲ့ ဓါးမြှောင်ကိုင်ရင်တောင်လက်နက်အက် ၁၉ (င) အရ ထောင်ဒဏ် ၃နှစ် ကျခံ ရ မှာ ပါ။ ဒါပေမယ့် သူ ကဦးခင်ညွန့် တို့ ။အေးနေ၀င်း တို့ လို VIP ဟောင်း တွေ သီတဂူ ဆရာ တော်လို လူမျိုးတွေကို ငယ် ပေါင်းကြီးဖော် ပုံစံဖမ်းပြီး အင်တာဗျုး ဖူးလို့ ရဲ က ရှိန် သလား တော့ မသိ။ ခံဝန် နဲ့ ပဲပြီး သွားတယ်။ ဆိုလို တာက ရန်ဖြစ် လို့ လမ်းဘေးက တွေ့ တဲ့ အုတ်ခဲနဲ့ ကောက်ထု တာ က ကိုယ့် ကို ကို ခု ခံ ကာကွယ်တယ် ပြောလို့ ရ ပေမယ့် ရည်ရွယ်ချက် ရှိရှိ ဓါးဆောင် ထား တာ ကတော့ ကြို တင် ကြံစည် မှု မြောက် ပါ တယ်။သူလည်း ဗုဒ္ဓ ဘာ သာ မြန် မာ လူမျိုးပါ။
ပြီး ခဲ့ တဲ့ နှစ် ကလည်းရန်ကင်း မှာ လူသတ် တာ အနီး အနား ကလူ တွေ ဘယ်သူမှ ၀င်မဆွဲ တဲ့ အပြင် ရပ်ကွက် အုပ်ချုပ် ရေးမှူး ကပါ အိမ်တံခါးပိတ် မီးမှိတ် နေသတဲ့ ။ရန်ကုန်မြို့ မှာ ခါးပိုက်နှိုက် မိရင် တော့ဝိုင်းပြီး လူစွမ်း ကောင်းလုပ်ချင်။ ဆွမ်းကြီးလောင်းချင်တဲ့ လက်ယားနေသူတွေ ဒီလောက် ပေါ တာ။ တကယ်ဆို လူသတ်သမား ကအရက်မူးနေ တာ ပဲ။ ဓါး ကလည်း နောက် မှ အိမ်ပြန် ယူတာ။ ပုလင်းနဲ့ ရိုက် ကတဲ က ဘေးနား ရှိတဲ့ သူ ၃ ၄ ယောက်ဝိုင်းထိုးရင် ရတဲ့ ဟာ။ ဒီအတိုင်း ကြည့် နေတော့ ဟို က အိမ် နားထိ တရွတ် တိုက် ဆွဲ ခေါ်ပြီး ဓါးပြန်ယူ လည်ပင်း ပြတ်တဲ့အထိ ခုတ် တော့ တာ ပေါ့ ။ မြန် မာ တွေ ရဲ့ ကိုယ် နဲ့ မဆိုင်ရင် ဘာသိဘာသာနေတတ်တဲ့ အကျင့် ပြောရမလား။ဒါမှမဟုတ် ဗြဟ္မစို တရား ၄ ပါး ထဲ ကအမြင့် ဆုံး ဖြစ် တဲ့ ဥပေက္ခာ တရားကို ကျင့် ကြံ နေတယ် ပြောရမလား မသိ တော့ ပါဘူး။
မောင်လူပြိန်း တရား ထိုင် တာ တို့ ။တရားစခန်း ၀င် တာ တို့ တခါမှ မလုပ်ဖူး ပါ ဘူး။စော်ကား တာ တော့ မဟုတ် ပါဘူး။ဒါပေမယ့် တရား စခန်း ခဏ ခဏ ၀င်ပြီး တော့ တရား အရမ်း ရ နေ တယ် ဆို တဲ့ သူငယ်ချင်း တယောက် ကမဟုတ် မှန်း မောင်လူပြိန်း သိနေတဲ့ ကိစ္စ တခု ကို ရုပ် တည်ကြီး နဲ့ ကြွားသွားတာ ခံရဖူးပါ တယ်။ နေ့ တိုင်း တရားတော် တွေ ရွတ် ပြီး အချိန် ရှိ သရွေ့ သူများ ဆီ ကရိတ် ဖို့ ။လှီးဖို့ စဉ်းစား နေတဲ့ သူလည်း တွေ့ ဖူး ပါ တယ်။
နောက်ပြီး ဟိုရိပ် သာ သွားလှု လိုက်။ဒီရိပ်သာ သွားရေစက်ချလိုက် တဲ့ ပုံ တွေ FB တင်ပြီး သူများအကြွေးကို တော့ ပေးနိုင်ရက်နဲ့ မပေး တဲ့သူတွေ လည်း တွေ့ ဖူးပါတယ်။
အလှု မှာလည်း ၃မျိုး ရှိ ပါသည်။ တမျိုး က ကိုယ်သုံး ဆောင်တာ ထက် သာလွန် ကောင်းမြတ် တဲ့ ပစ္စည်း ကို လှု တာ ပါ။ ဗုဒ္ဓ ဘာသာ မြန်မာ တွေ အများဆုံး လုပ် ဖြစ် ပါ တယ်။ဥပမာ- သံယာ ကို လှု တာမျိုးပါ။
တမျိုး ကတော့ ကိုယ် နဲ့ ထပ် တူ သုံးစွဲ တာ ကို လျု တာ ပါ။ဥပမာ- သူငယ်ချင်း ကို ခေါ်ပြီး ထမင်းအတူ စား တာ မျိုး ပေါ့ ။
နောက် ဆုံး တခု ကတော့ မောင် လူပြိန်း တော့ တခါ မှမလုပ်ဖူး ပေ မယ့် လုပ် နေ တဲ့ သူ တွေ ကို တော့ ပတ်ဝန်းကျင် မှာ တွေ့ နေရ ပါ တယ်။ ကိုယ် မသုံး ချင်တဲ့ ပစ္စည်း ကို ကိုယ် ထက် နိမ့် ကျတဲ့ သူ ကို စွန့် ကျဲ တာ ပါ။ ကိုယ် တောင်သုံးမရ။ မစားချင်။မသုံးချင်မှတော့ သူများလည်း ဘယ် သုံးချင် ပါ့မလဲ။ဥပမာ- အိမ် က မနေ့ က ချက် တဲ့  ဟင်း တွေ နည်း နည်း သိုးချင်နေပြီ။ အ၀တ်လာလျော်တဲ့ ကောင် မလေး ပေးလို က် ဆို တာ မျိုးပေါ့ ။ နောက် တမျိုးရှိ ပါသေး တယ်။
မောင်လူပြိန်း တို့ ဗုဒ္ဓ ဘာသာ မြန် မာ လူမျိုး တွေ ရဲ့  အလှု ။ အသီးဝယ် လာရင် နည်း နည်း စိမ်း နေသေး တယ်။ ဘုရားတင် ထားလိုက်ဦး။ မှည့် မှ စွန့် စားကြတယ်။ မာရဇ္ဖ လား။ရင်ဂိုလား မသိ။ဆို ထား တဲ့ သီချင်းလို ပေါ့ ။ ဘာ တဲ့ ”စွန့် စား မယ် ကိုယ့် အချစ် ရေ…..” ဆို တာ မျိုး ပေါ့ ။ဘယ့်နှယ် ဘုရား ကျတော့ အစိမ်း စား။ မှည့် မှ ကိုယ်က စားမှာ ဆို တော့ ။
မြတ် စွာဘုရား ကမင်္ဂလသုတ် မှာ ဟောကြားထားပါတယ်။”ပတိ ရူပ ဒေသ၀ါသောစ” သင့် တင့် လျောက် ပတ်တဲ့ နေရာ မှာနေခြင်း ဟာ မင်္ဂလာတဲ့ ။ဒီမှာ နေ့ တိုင်း ကား မောင်း။ တလ ။တနှစ် နေ လို့ ဒေါ သဖြစ် စရာ တခု မတွေ့ ရ ပါဘူး။ ဒေါသ ကို အထူးတလည် ချုပ် တည်း စရာ မလို ဘူးပေါ့ ။ ရန် ကုန် တ လလောက် ပြန်တာ နေ့ တိုင်း ကား မောင်း နေ့ တို င်း ဒေါသထွက် ရတယ်။ ကိုယ် ကလည်း ဒေါသချုပ် ငြိမ်း နေ တဲ့ လူ မှ မဟုတ် တာ။
မနေ့ က ခလေး ပျောက် တာ ကို လိုက်ရှာ ပေး တဲ့ ဗုဒ္ဓ ဘာသာ မဟုတ်။ တရား မသိ။ မကြား ဖူး တဲ့ သူတွေလုပ် ရပ်နှင့်  မောင် လူပြိန်း တို့ နိုင် ငံ က တရား ရည် ၀ နေတယ် ဆို တဲ့ လူ တွေ ကို ယှဉ် စဉ်း စားရင်း တရားသိ တဲ့ လူတွေ နဲ့ တရားမသိ ပေမယ့် ကိုယ်ချင်း စာ တရား ရှိ တဲ့ သူ တွေ ဘယ် သူ တွေနဲ့ နေ တာ က မင်္ဂ လာတရားတော်နဲ့ ညီ မလဲ လို့ ????
မူရင်းလင့် . . .
https://www.facebook.com/maung.pholaminn
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget