http://alinshin.blogspot.com/2014/12/blog-post_96.html
ရွှေတောင်ကြားရှိ Buddha V Gastro Bar နောက်ကွယ်က
အမေရိကားပြန်ထွန်းသူရိန်နှင့် ဝန်ကြီးသားသက်အောင်ချို -
ဗုဒ္ဓရုပ်ပွားပုံတော်ပေါ်၌ VGastro bar, Buddha bar ဟုရေးသား
ကာရုပ်ပွားတော်၏နားတော်တွင် Ear Phone တပ်ဆင်ထားသည့်
သဏ္ဍာန် ဒီဇိုင်းပြုလုပ်ရေးဆွဲ၍ဖော်ပြခဲ့သဖြင့် လူမှုကွန်ယက်စာမျက်နှာ
များတွင် ပျံ့နှံ့လျက်ရှိသည်ကိုတွေ့ရှိရပါသည်။
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂) ရပ်ကွက်၊ရွှေတောင်ကြားလမ်းရှိ
အဆိုပါ V Gastro Bar ၏ ဆိုင်ပိုင်ရှင်မှာ ထွန်းသူရိန်၊ မန်နေဂျာမှာ
ထွဋ်ကိုကိုလွင်၊အထွေထွေ မန်နေဂျာမှာ နယူးဇီလန်နိုင်ငံသား Mr.Philip
တို့ဖြစ်ကြောင်းသိရှိရပြီးအဆိုပါ ဗုဒ္ဓရုပ်ပွားပုံတော်အား Mr.Philip မှလူမှု
ကွန်ယက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ (Yangon Police)
အဆိုပါဆိုင်ရှင်တွေဘာကြောင့်အတင့်ရဲရတာလည်း?? ဒီကိစ္စ္စ
သွေးရိုးသားရိုးရောဟုတ်ရဲ့လား?? ကျနော်တို့သတင်းရရှိသမျှ
မျှဝေလိုက်ပါတယ်။
(၁) ထွန်းသူရိန်(ခ)ဘိုသူရိန်
ဆိုင်ကိုအဓိကလုပ်နေသူဖြစ်ပြီး အမေရိကားမှ ပြန်လည်အခြေချနေ
ထိုင်သူုလည်းဖြစ်သည်။ အချို့က Black list ထိထားသဖြင့်ပြန်လာ
ရသည်ဟုဆိုပြီး တောင်ဥက္ကလာမြသီတာအိမ်ယာတွင်နေထိုင်ကာ
2G/2222 မာစီးဒီးကားစီးကြောင်းသိရသည်။ထိုနေရာတွင် ယခင်က
'Standard Bar' ဟုဖွင့်ခဲ့ပြီးအရှုံးပေါ်သဖြင့် ယခု 'V Gastro Bar' ဟု
အသစ်ပြောင်းဖွင့်ရာမှ တခါတည်းရဲဖမ်းသွားခြင်းဖြစ်သည်။
စည်သူမိုးမြင့်တို့ညီအကိုများကို မကြာခဏဆိုင်ခေါ်လေ့ရှိကြောင်း
သိရသည်။
(၂) သက်အောင်ချို(ခ)ချိုလေး
အဓိကရှယ်ယာပါသူဖြစ်ပြီး လက်ရှိကျန်းမာရေးဝန်ကြီး ဒေါက်တာသန်း
အောင်၏သားဖြစ်သည်။ ယခင်ကဖိုးလပြည့်နှင့်ပေါင်းသင်းသူဟု
နာမည်ကြီးခဲ့ပြီး အိမ်ထောင်ရှိသော်လည်း မော်ဒယ် Patricia
အပါအဝင်မိန်းမပေါင်းများစွာနှင့်ရှုပ်ခဲ့သူဖြစ်သည်။
(၃) Philip
နယူးဇီလန်နိုင်ငံသား မန်နေဂျာဖြစ်သည်။ ယခင်က 50th street ဆိုင်တွင်
တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်း၏ Facebook အကောင့်မှဗုဒ္ဓရုပ်ပွားတော်မြတ်
ကို မဖွယ်မရာပြုသည့်ပုံများပြန့်နှံ့ခဲ့သည်။ မြန်မာပြည်ကိုရောက်သည်မှာ
၁၀နှစ်ခန့်ရှိပြီဖြစ်သည်။
(၄) DJ Jay
ထွန်းသူရိန်ငှားထားသော Dj ဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်ကို မဖွယ်မရာပြုသော
ပုံများတင်သောကြောင့် ပြင်းထန်စွာဝေဖန်ခံနေရသည်။
ပြည်သူ့ရဲများအနေဖြင့် ခုကဲ့သို့အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်သည်
ကိုချီးကျူးပါသည်။
Reference
မြန်မာပြည်ထိပ်တန်းသတင်းထူးများ
ဟာဂျူလီ ကသာ
ဒီသတင်းကိုဖတ်ရပြန်တော့ . . .
ဒီကိစ္စဟာ အစိုးရက ကုလားဗမာအဓိကရုဏ်းမှုခင်းတွေကိုဖန်တီးတာ
လူသိနေတော့ နောက်ထပ် တစ်ကွက်ပြောင်းလိုက်တဲ့သဘောလားလို့
သတိထားမိတယ်။ ဟိုးလွန်ခဲ့တဲ့ လေးငါးလလောက်ကလည်း ကုလား
အများစုနေသော တာမွေမှာ သင်္ကန်းဝတ်ယောင်ဆောင်ပြီး စစ်ဗိုလ်တစ်
ယောက်က ဆဲဆိုတဲ့ သတင်းကြီးလည်းထွက်ပေါ်ခဲ့ဖူးပါတယ်။
အဲဒီဖြစ်စဉ်တုန်းကတော့ မွတ်ဆလင်တွေက အစိုးရရဲ့ လုပ်ကွက်ကြီး
ဆိုတာကိုသိတော့ ကုလားဗမာအဓိကရုဏ်းမဖြစ်ခဲ့ပါဘူး။ အခုလည်း
အစိုးရက မွှေးလိုက်တဲ့ မီးတစ်စလားလို့ . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment