blog စာမျက်နှာများ facebook
စာမျက်နှာများ၊ သတင်းမီဒီယာစာမျက်နှာ
များတွင် . . .
အလံနီတွေရဲနေသည် . . ခွပ်ဒေါင်းများပျံဝဲကာခွပ်ရန်
ခွပ်ဒေါင်းတို့ လှောင်အိမ်ထဲပိတ်ကာ
သံတိုင်များကြားနေခဲ့ရသည်မှာ နှစ်
အတော်အတန်ကြာခဲ့ပြီ။ အခု
တစ်ဖန် ခွပ်ဒေါင်းတို့ သွေးဆူကြပြီ .. ။
အခု အခါ ခွပ်ဒေါင်းတို့
အုပ်စုဖွဲ့နိုင်ကြပြီ .. ။ အခုတစ်ကြိမ် ခွပ်ဒေါင်းတို့
ခွပ်ကွင်းပြင်ဆင်နေကြပြီ
.. . ။
အနီရောင်နှာဖူးစည်းများဖြင့်
ခွပ်ဒေါင်းတို့ လေ၀ယ်ပျံသန်းနေသည့်အလား
အနက်ရောင်သပိတ်ခေါ် ဘုရားရှင်၏
ပတ္တနိက္ကုဇ္ဇကံဆောင်မှုကို ဂုဏ်တော်
အလားပြု၍ ခွပ်ဒေါင်းပျိုတို့
.. သပိတ်ကိုကိုင်မှောက်ခဲ့ကြလေပြီ . . .။
ဟိုးတုန်းဆီက .
..
နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်တိုက်ခိုက်ခဲ့သော
ရဟန်း လူ အလုပ်သမား
လယ်သမားစသည့်အစားစားထဲတွင်
ထင်ထင်ရှားရှားရှိခဲ့သည်မှာ အလံ
နီလွှင့်
ခွပ်ဒေါင်းပျံဝံ့တို့သည်လည်း အဓိကရနေရာတွင်ပါဝင်ခဲ့ဖူးလေသည်။
အခုမျောက်မှောက်ဆီမှာရော . .
. .
အာဏာရှင်လူမိစ္ဆာကြီးနေ၀င်းကို
ခွပ်ဒေါင်းပျိုတစ်ကောင်ဖြစ်သော ..
ဘုန်းမော်သည်လည်းကောင်း . . .
.. ။
ယင်းနောက်တစ်လျှောက်
မင်းကိုနိုင် ၊ ကိုကိုကြီး ၊ အစရှိသော ခွပ်ဒေါင်း
တို့ ခွပ်ကွင်းတွင်
အာဏာရှင်အား အတင်းဝင်ခွပ်ခဲ့ကြသည်။ ထို့သည်၏
တုန့်ပြန်မှုက
ခွပ်ဒေါင်းပျိုတို့အား အာဏာရှင်တို့သည် အနီရောင်လှောင်
အိပ်ထဲတွင်
ဆယ်စုနှစ်မကပိတ်လှောင်ထားခဲ့ကြလေသည်။
ဒါနှင့်ပြီးရောလား . . . .
မဆုံးနိုင် မအေးနိုင် မငြိမ်းနိုင်သော
အာဏာရှင်စစ်ခွေးဆိုးတို့အား မျိုး
ဆက်သစ်ခွပ်ဒေါင်းပျိုတို့သည်
တစ်နိုင်ငံအ၀ှမ်းရှိ ကျောင်းအသီးအသီး
တို့မှနေ၍
အမိမြန်မာပြည်တစ်လွှား အလံနီများဖြင့် ခွပ်ကွင်းပြင် ခွပ်သံ
တေး
ခွပ်လက်ပေးနေကြပြီဆိုတာကို . . ..
ကျွန်ုပ်အလင်းရှင်
ကြားမြင်သိရ၍ .. ပီတိသောမန မျက်ရည်စတို့ဖြင့်
ကျဆုံးလေပြီးသော
ခွပ်ဒေါင်းပျိုတို့အားလည်းကောင်း . . ..
ခွပ်ဆဲ ခွပ်လတ္တံ့ဖြစ်သော
ခွပ်ဒေါင်းပျိုတို့အားလည်းကောင်း . . .
“ဒုက္ခပ္ပတ္တာ”
အာဏာရှင်စစ်မီး ဒုက္ခအသီးသီးအားတွန်းလှန်တိုက်ခိုက်ကြကုန်
သော ရဟန်းရှင်လူ အလုပ်သမား လယ်သမား
ကူလီကပ်ပါး ခွပ်
ဒေါင်းအများတို့သည်။
“နိဒ္ဒုက္ခာ စ ” ..
.
အာဏာရှင်စစ်မီး
လောဘတစ်သီးတို့၏ အနိုင်ကလူနှိပ်စက်သော
ဘေးခပ်သိမ်းမှလွတ်ကင်းကြပါစေ။
“ဘယာပတ္တာ”
စစ်ခွေးကြံ့ဖွတ်အာဏာတစ်မွတ်တို့ကြောင့် ဘေးကျမ်းအတိရောက်၍
နေကြကုန်သော။
“သဗ္ဗေပိ”
ကြွင်းမဲ့ဥသုန်အလုံးစုံသော ရဟန်းရှင်လူကျောင်းသားပြည်သူလူ
ထုတို့သည်။
“နိဗ္ဘယာစ” အဆိုပါ
စစ်ခွေးကြံ့ဖွတ်ဘေးမှ နေရှိုန်နမ်းကျောက်၊ဆီးနှင်း
ပေါက်သို့ ခန်းခြောက်မကြွင်း
ပျောက်ပျက်ခြင်းသည်။
“ဟောန္တု”
မုချအမှန်အမြန်ဖြစ်ပါစေသတည်း။
သာဓု ၊ သာဓု ၊သာဓု ပါဘုရား။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊
(ရှမ်းလမ်း) ဗဟိုလ်လမ်း၊
စမ်းချောင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး
No comments :
Post a Comment