.

AlinShin

Saturday, November 29, 2014

စစ်ကိုင်းငလျင်နှင့်ဇဗ္ဗူဒီပါနိမိတ္တကျမ်းကြီး၏ကြိုတင်ဟောကိန်း

စစ်ကိုင်းမြို့ တွင် နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၇ မိနစ်ကပြင်းအား
၅ ဒသမ သုည ရစ်ခ်ျတာစကေးရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့သဖြင့် စစ်
ကိုင်းမြို့ ပေါ်ရှိ စေတီတော်သုံးဆူမှ စိန်ဖူး တော်များ ကြွေကျမြေခ
မှုဖြစ်ခဲ့ ကြောင်း သိရသည်။
စိန်ဖူးတော်များ မြေခခဲ့သည့် စေတီများမှာ စစ်ကိုင်းမြို့ ပန်းပဲတန်း ရပ်ကွက်
နှင့် စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းဘေးရှိ ဆင်များရှင်စေတီတော် အရံစေတီ၊
မြို့သစ်ရပ်ရှိ မရှိခဏစေတီနှင့် သောတာပန်ရပ်ရှိ လေးကျွန်းမာရ်အောင်
စေတီတော် တို့ ဖြစ်သည်။
''စိန်ဖူးတော်ကျသွားတာကို ရေ ဦးကျောင်းတိုက်ဆရာတော်ဦးကုမာရ၊
မင်္ဂလာအေးမြကျောင်းဆရာ တော်ဦးစန္ဒဝရနဲ့ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်
လှ၊ အဖွဲ့ဝင်ဦးစိုးတင့်တို့က လွင့်စဉ်သွားတဲ့ ပစ္စည်းမှန်သမျှ ကောက်ယူပြီး
ဘုရားကြီး သေတ္တာ အတွင်းမှာ စနစ်တကျ သိမ်းဆည်း ထားပါတယ်။
မနှစ်က သြဂုတ်လ ၁၈ ရက်မှာ ထီးတော်တင်လှူခဲ့တာ ပါ။ ဆရာတော်
ဓမ္မဒူတ အရှင်ဆေကိန္ဒနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တို့နှစ်ဦးက
ကရိန်းနဲ့တက် ပြီး စိန်ဖူးတော်ကို တင်လှူခဲ့တာပါ၊ စိန်ဖူးတော်တင်လှူခဲ့တာ
တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်''ဟု သော တာပန် ရပ်ကွက်မှ အကျိုးဆောင်
တစ်ဦးက ပြော သည်။



လှုပ်ခတ်ခဲ့သည့် ငလျင်မှာ မန္တလေး ငလျင်တိုင်းတာရေးစခန်း အရှေ့မြောက်
ဘက် မိုင် ၃ဝ ခန့်အ ကွာ၊ မြန်မာနိုင်ငံအတွင်း ပြင်ဦးလွင် မြို့ အရှေ့မြောက်
ဘက် လေးမိုင်ခန့် အကွာကို ဗဟိုပြုကာ ငါးစက္ကန့် ကြာလှုပ်ခတ်ခဲ့ကြောင်း
မန္တလေးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်တိုင်းတာ
ရေး ဌာနမှ သိရသည်။
ငလျင်ကြောင့် ကြွေကျခဲ့သည့် စိန်ဖူးတော်များကို စေတီတော်ဆိုင် ရာဆရာ
တော် များနှင့် ဂေါပကအဖွဲ့ တို့မှ စေတီတော်များတွင် ထိန်းသိမ်း စောင့်ရှောက်
ထားရှိပြီး ပျက်စီးဆုံးရှုံး မှုတန်ဖိုးကို တွက်ချက်မှုပြုလုပ်နေ ကြောင်း သတင်းကို
ဒီမိုကရေစီတူဒေး သတင်းစာတွင်တွေ့ရသည်။
ထို့ကြောင့် “ဇမ္ဗူဒီပါနိမိတ္တကျမ်း” အလိုအရ ထိုငလျှင်လှုပ်ခြင်းကို ကိန်းခြေစတု
အခြေပြု၍ တွက်ချက်လိုက်သောအခါ . . . .
2015 မှစ၍ မြန်မာပြည်တွင် ထာဝရငြိမ်းချမ်းရေးရအံ့ ၊ ထိုသို့ရနိုင်ရန်မှာမူ
စစ်အာဏာရှင်စနစ်ဆိုးအမြစ်ပြုတ်လိမ့်မည်။ စစ်တပ်တွင်းခေါင်းဆောင်များ
သည် ရတနာသုံးပါးအားကိုယုံကြည်၍ အာဏာရှင်သန်ရွှေဖေါ်ဆောင်ခဲ့သော
ဗေဒင်ယတြာရူး၊ အာဏာတဏှာရူးခြင်းများကို ရွံမုန်းကြလိမ့်မည် ဟူသော
တဘောင်မှာ . . .
“မုံလုံးပေါ် စက္ကူကပ် ပလ္လင်ပေါ်တက် မျောက် အသေပျောက်။ ”
“ပျောက်သည့်မျောက်များ မြို့ပေါ်သွား ခေါင်းပေါင်းဟန်လုပ်အံ့”
“ထိုသည့်မျောက်တွေ ဝေစု ဝေ ၊ အုပ်စုမျောက်များ ပြုန်းတီးအံ့”
ထိုတဘောင်အရ အမေရိကန်သည် အောင်သောင်းအား black list စာရင်း
သွင်းလိုက်ခြင်းဟာလည်း စစ်ခွေးကြံ့ဖွတ်အုပ်စုကြီးအတွက် စိတ်ဝမ်းကွဲစ
ရာဖြစ်သွားပါတယ်။
ထို့ကြောင့် “ဇမ္ဗူဒီပါနိမိတ္တကျမ်း” ဆရာကြီး၏အလိုအရ  .. စစ်ခွေးကြံ့ဖွတ်တို့
ပြုတ်ပြုတ်ပြုန်းကာ မြန်မာပြည်တွင် စိတ်ဝမ်းကွဲမှုများ၊ အဓိကရုဏ်းများ ချုပ်
ငြိမ်းမည်။
“ပျိုတို့မောင် ၀ါဝါ ၀တ်ကို ဒေါင်းခွပ်ချည်လေး” ဆိုသည့်အတိုင်းသင်္ကန်းအရေ
ခြုံများသည် မိမိတို့အကုသိုလ်အတိုင်း ဘ၀ဇာတ်သိမ်းသွားမည်။
အထူးသဖြင့် ဆင်းရဲသားကူလီကပ်ပါးများလည်း လယ်သိမ်းမြေသိမ်းဒါဏ်မှ
လွတ်က်ငးကြပြီးသကာလ လည်းနေလှေအောင်း မြင်းစောင်းမကျန် အလှူအ
တန်းကြီးများပေးနိုင်ခြင်း ပုဂံ အရှင်အဇ္ဇဂေါဏမထေရ်လက်ထက်ကကဲ့သို့
မုဆိုးမများပါ ဘုရားတည်နိုင်သော မင်္ဂလာကိန်းကြီးခန်းကြီးများ
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်) 

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget