.

AlinShin

Monday, November 17, 2014

သန်းပေါင်းများစွာရဲ့ သောကတွေထည့်ထားတဲ့ ဒံပေါက်တစ်ထုတ်

တစ်ဘ၀စံများအဖြစ် နှလုံးမသွင်းမိကြပါစေနှင့် စစ်ခွေးကြံ့ဖွတ်
ခရိုနီတွေကျွေးတဲ့ ဒံပေါက်တစ်ထုတ်ဟာ သန်းပေါင်းများစွာသော
ရဟန်းရှင်လူတို့ရဲ့ မျက်ရည်တွေဖြစ်သလို  ..  တရုတ်စစ်ခွေးတို့
ဖျက်ဆီးပစ်လိုက်ကြကုန်သော စေတီပုထိုးသိမ်ကျောင်းဇရပ်တို့ရဲ့
သေချင်းဆိုးတွေပါ။
အဲဒီသေချင်းဆိုးတွေကိုခင်ဗျားတို့ စားပြီး  . သေချင်းဆိုးအဖြစ်မျိုး
ကြုံရမယ်ဆိုတာ ဘုရားရှင်က . . .  .
“သဒိသံ ပါကံ ဇနေတိ ”
လို့ဟောကြားထားပြီးသားပါနော်  . .။ သန်းပေါင်းများစွာရဲ့ သောက
အပူတွေကိုထည့်ထားတဲ့ ဒံပေါက်တစ်ထုတ်ကို မစားရရုံနဲ့ ဘာမှမဖြစ်
သွားပါသော်လည်း စားမိပါက သံသရာမဟာအ၀ီစိငရဲမှာ ပြန်မလာ
အားပါးတရခံစားရမယ်ဆိုတာကို သတိသံဝေဃရနိုင်စေရန် အလင်း
ရှင်ဆရာတော်မှ သတိပေးလိုက်ပါသတည်း  . . . ။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget