.

AlinShin

Monday, November 17, 2014

မြန်မာတို့ရဲ့ ကံဆိုးမိုးမှောင်ကျရခြင်းနှင့်စပ်သောအတ္ထုပ္ပတ္တိ

မြန်မာတို့ရဲ့ ကံဆိုးမိုးမှောင်ကျရခြင်းနှင့်စပ်သောအတ္ထုပ္ပတ္တိ
(၁) မြန်မာပြည်မှာ လူဖြစ်ခြင်း
(၂) စစ်ခွေးများအုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးခြင်း
(၃) ဗုဒ္ဓဘာသာသာသနာတော်ထမ်းရှင်ဟန်းကောင်းစစ်စစ်တို့နဲပါးရခြင်း
စတဲ့အကြောင်းအခြင်းအရာများလည်းပါဝင်ပါတယ်။

ပိဋကတ်ထဲကဆွဲထုတ်ရမယ်ဆိုရင်တော့ ''ကံ'' ပေါ့ကွာ။ ဒီ“ကံ”အကြောင်း
နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံဗုဒ္ဓဘာသာသမိုင်းမှာ ထင်ရှားတဲ့ ဆရာတော်တစ်
ပါးပေါ်ထွက်ခဲ့ဖူးတယ်။ ဘွဲ့တော်က ဗန်းမော်ဆရာတော်တဲ့။ အခု(မဟန)
ဥက္ကဋ္ဌလုပ်ပြီးစစ်ခွေးနဲ့အတူ သမိုင်းဝင်စေတီပုထိုးသိမ်တွေဖျက်နေတဲ့
ဗန်းမော်ဆရာတော်မဟုတ်ဘူးနော်။
မင်းတုန်းမင်းကြီးလက်ထက်တော်အခါကဆရာတော်ပါ။ထိုဆရာတော်ကြီး
ကိုမင်းတုန်းမင်းကြီးကအမြင်ကပ်လို့ ပြည်နှင်ဒါဏ်ပေးဖူးတယ်။ အဲဒီအခါ
မှာထိုဆရာတော်ကြီးက  သူ့ရဲ့ကံဆိုးမိုးမှောင်ကျမှုကို အခုလိုဆဲဆိုရေ
ရွတ်ငြည်းတွားဖူးပါတယ်။
“ခေ ကံ ရယ် ဆိုးပါဘိ ၊ သူအမေ (ရိုး) တဲ့ကံရယ်”
“ ငါ့ လချေးသာပ ၊ ငါချည်းသာ ကျန်တော့တယ်”
အဲဒီလို ကံအကြောင်းတရားကို စိတ်ဖြေရာအဖြစ် ဗန်းမော်ဆရာတော်ကြီး
သည်ဆဲဆိုဖူးပါတယ်။ ဆဲရတဲ့ကြောင်းတရားနဲ့ သူ့ကို ပြည်နှင်ဒဏ်ပေး
ရခြင်းဟာမင်းလိုလိုက် မင်းကြိုက်မဆောင်လို့ပါပဲ။
ဗန်းမော်ဆရာတော်ဘုရားကြီးသည် မင်းတုန်းမင်းကြီးလုပ်သမျှကို ဓမ္မနှင့်
မစပ်ယှဉ်ပါက ငြိမ်မနေ ၊မင်းဟူ၍ ငုံ့မခံ ၊ ဟုတ်မှန်သည့်အတိုင်း ခွန်းတုန့်
ပြန်ပြောကြားသည့်အတွက် မင်းတုန်းမင်းကြီးသည် လူပရိတ်သတ်အ
လယ်တွင် အရှက်ကွဲသိက္ခာကျဖူးသည့်အကြိမ်ရေမှာ မရေမတွက်နိုင်
အောင်ပင်ဖြစ်သည်။
ထို့ကြောင့် ဗန်းမော်ဆရာတော်အား မင်းနေပြည်တော် မန္တလေးမြို့
မှနေ၍ တောကြီးဗန်းမော်သို့ နယ်နှင်တော်မူခဲ့ခြင်းဖြစ်သည်။
ဒို့ခေတ်မြန်မာပြည်မှာ ထို ဗန်းမော်ဆရာတော်ကြီးကဲ့သို့သော အမှန်
တရားတအတွက် အသက်ပေးဆပ်သူ ရဟန်းသံဃာသက်ကြားရွယ်အိုများ 
မပေါ်ထွက်ခဲ့ပေ။ထိုသို့မပေါ်ထွက်ဘဲ စစ်ခွေးပြောသမျှ “ ခေါင်းညိတ်” 
“ငုံ့ခံ” ကာ စစ်ခွေးပေးသောဇိမ်ခံကား၊ လက်ကိုင်ဖုန်း၊ ကျောင်းတိုက်ကြီး
များကို မိန့်မိန့်ကြီးခံယူလျှက် ပြည်သူများရှေ့မှောက်တွင် “ပရိယတ္တိသာ
သနာ၊ ပဋိပတ္တိသာသနာ၊ပဋိဝေဒသာသာနာ”ဟူသော စကားလုံးကောင်း
များကို တံဆိပ်ကပ်၍ အပြတ်နှိပ်နေကြသည့် သက်ကြားအို ရဟန်းအို
ရဟန်းဆိုးကြိးများကြောင့် စစ်ခွေးအုပ်စုကြီးသည် နှစ်ပေါင်း ငါးဆယ်
ကျော်ကြာအောင် ဗိုလ်ကျစိုးမိုးနေနိုင်ခဲ့ခြင်းဖြစ်သည်ကိုအလင်းရှင်မှ
တစ်ပါးအခြားသူများသိစေရန် အခုလို ဓမ္မအလင်းအဖြစ်ဝေငှလိုက်
ပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget