ငါ နိုင်ငံတစ်ကာရဲ့ သတင်းစာမျက်နှာတွေကိုကြည့်မိရင်း သတိထားမိတာ
လေးတွေတွေ့ရတယ်၊အစိုးရတွေက ပြည်သူကိုဘယ်လိုအကာအကွယ်ပေး
ရမလဲလို့စဉ်းစားလုပ်ဆောင်တာကိုတွေ့ရတယ်။
ထမင်းငတ်နေတဲ့ပြည်သူကို ထမင်းမငတ်အောင်ဖန်တီးမှုတွေရှိသလိုနေစ
ရာမဲ့နေပြန်တော့လည်း နေစရာတွေကိုဖန်တီးပေးပြန်တယ်။
သို့သော်လည်း တရုတ်အစိုးရ၊မြောက်ကိုရီးရားအစိုးရနဲ့ တို့နိုင်ငံကစစ်ခွေး
တွေကတော့Opposite ဖြစ်နေတယ်။
ပြည်သူကိုဘယ်လိုဒုက္ခရောက်အောင်ဖန်တီးရမလည်းဆိုသလိုဖြစ်နေတယ်
နားလည်လို့မရတော့တဲ့ ဒီလိုစစ်ခွေးတွေရဲ့လုပ်ရပ်ကိုဘယ်လိုဘာသာ စ-
ကားနဲ့ဘယ်လိုဘာသာပြန်ရမှာလဲ။ ပိုပြီးနားလည်ရခက်တာက တကယ့်အ
တိဒုက္ခရောက်နေတဲ့ ဆင်းရဲသားပြည်သူလူထုဘက်ကနေရပ်တည်ပြီးရေး
တဲ့အမှန်တရားပိုစ့်တွေရဲ့အောက်မှာ စစ်ခွေးအလိုကျခရိုနီအလိုကျ အာ-
ဏာရှင်တည်မြဲရေး comment တွေရေးနေကြတာကိုလည်းတွေ့ရတယ်။
ဒါကိုသုံးသပ်ရင် အွန်လိုင်းစာမျက်နှာပေါ်မှာ စစ်ခွေးတွေရှိတယ်။ ခရိုနီတွေ
ရှိနေတယ်ဆိုတဲ့ သုံးသပ်ချက်ကိုအတည်ပြုရမယ်။ Sea Games တုန်းက
ဆိုရင် ပိုဆိုးတာပေါ့။ သခင်နာမည်တပ်ကာ လော်ဘီလုပ်နေတဲ့ကောင်တွေ
ပျှော်နေကြတဲ့ ပိုစ့်တွေတွေ့ရတယ်။ အဲဒီမှာတင် ငါသဘောပေါက်သွား
တယ်။ သခင်နာမည်နဲ့ကောင်တွေကလည်း စစ်ခွေးအလိုတော်ရိတစ်ဖြစ်လဲ
ကောင်တွေပဲဆိုတာကို ̏ Guys who sing karaoke in funeral.˝ အဖြစ်ငါ
နားလည်လိုက်တယ်။ဒီကောင်တွေ ̏မသာအိမ်မှာ ကာရာအိုကေ၀ိုင်းဆိုနေ
ကြတာ˝ ̏ မသာအိမ်မှာကာရာအိုကေဆိုနေကြတဲ့ကောင်တွေ˝ ပဲ။တစ်နိုင်
ငံလုံးကို ခြုံကြည့်ရင် စစ်ဘေးဒါဏ်သင့်နေတဲ့ပြည်သူ။ ထမင်းငတ်နေတဲ့
ပြည်သူ ။ အိမ်မြေတွေအသိမ်းခံနေရတဲ့ပြည်သူ ။ လယ်ယာမြေတွေအ
သိမ်းခံရလို လယ်ယာမဲ့ပြည်သူ။ပြည်သူပြည်သားတွေကိုးကွယ်နေတဲ့ သံဃာတော်တွေကိုအပြစ်မဲ့သတ်ဖြတ်နေတယ်လေ ။ အခုတို့နိုင်ငံကြီးဟာ
ငိုသံ အော်သံ အတိဒုက္ခသံတွေနဲ့ ဆူညံနေတဲ့မသာအိမ်ကြီး။ အဲဒီမသာ
အိမ်ကြီးမှာ Sea Games ဆိုပြီးပျှော်နေကြတာဟာ တကယ်တွေးကြည့်ရင်
အတော်ကို ရင်နာဖွယ်ရာကောင်းတယ်။ တို့နိုင်ငံထက်ချမ်းသာတဲ့ ဗီယက်
နမ်မှာ တို့နိုင်ငံထက် ကြွယ်ဝတဲ့ဗီယက်နမ်မှာတောင် Sea Games လုပ်ရင်
ပြည်သူ့ဘဏ္ဍာတွေထိခိုက်လို့ မလုပ်ခဲ့ဘူးလေ။
ဒါတင်ဘယ်ကဦးမှာလည်း သံဃာတော်တွေကိုမီးလောင်ဗုံးနဲ့ပစ်သတ်တာ
တွေထက် ဆိုးဝါးတဲ့ အနိဋ္ဌာရုံရှိဦးမှာလား? သံဃာဆိုတာ ရတနာသုံးပါး
မှာဂိုဏ်းဝင်။ အဲဒီ ပူဇော်ရာအထွဋ်အမြတ်ပြုရာကို မီးလောင်ဗုံးနဲ့ပစ်သတ်
နေတဲ့ မသာအိမ်ကြီးမှာ Sae Games ဆိုတဲ့ ကာရာအိုကေပျှော်ပွဲကြီးလုပ်
တာကို အားပေးကြတဲ့ မျိုးချစ်တွေ သခင်တွေဟာ ဘာကောင်တွေဖြစ်နေ
သလဲဆိုတာ ဒီဆောင်းပါးမှာသက်သေခံနေတယ်နော်။
သံဃာတွေကိုသတ်တဲ့အပြင် သမိုင်းအတွက်သက်သေအဖြစ်ချန်လှပ်
ထားရှိခဲ့ရမယ့် ရှေးဟောင်းစေတီပုထိုးတွေကို ဖျက်ဆီးပစ်လိုက်တယ်။အ
သစ်ပြန်ဆောက်ပေးတယ်ဆိုတာဟာ သမိုင်းအတွက်အသုံးမ၀င်တော့ဘူး။
အဲလိုသာ အဟောင်းတွေဖျက်အသစ်ပြန်ဆောက်စတန်းဆိုရင် ပုဂံဘုရား
တွေဖျက်ပစ်လိုက်ကြပါတော့လား? ။ ဘာလို့မဖျက်တာလဲ ၊ သမိုင်းအတွက်
ချန်ထားတာ။ အဲလိုချန်လှပ်ထားခဲ့လို့ အနောရထာမင်းလက်ထက်မှာဗုဒ္ဓ
ဘာသာကြီးထွန်းကားခဲ့တယ်လို့ မင်းတို့ငါတို့သိနိုင်ခဲ့တာပေါ့။ ပုဂံသာသက်
သေမရှိခဲ့ရင် မင်းတုန်းမင်းလက်ထက်ကျမှဗုဒ္ဓဘာသာကြီးထွန်းကားလာပြီး
ဆဋ္ဌမသင်္ဂါယနာတင်သလိုဆိုတဲ့ အဓိပ္ပါယ်ယူဆချက်တွေပေါ်ပေါက်လာနိုင်
တယ်မဟုတ်လား။ ဒါ့ကြောင့် ရှေးဟောင်းတွေကို ဖျက်ချင်တိုင်းမဖျက်သင့်
ဘူး။ ကမ္ဘာ့ခေါင်းဆောင်ကြီးတစ်ယောက်က အခုလိုပြောဖူးတယ် ̏တိုက်အို
တိုက်ဟောင်းကြီးတွေဆိုပြီးမလေးမစားဖျက်ခဲ့လို့ ငါတို့နိုင်ငံမှာသမိုင်းတွေ
ပျောက်ကုန်တယ်˝ တဲ့။ ခင်ညွှန်ဆိုတဲ့ကောင်လည်းတန်ခိုးထွားစဉ်က ရွှေ
တိဂုံစေတီတော်ကြီးရဲ့ ရှေးဟောင်းအမွေတွေကို ဖျက်ဆီးပစ်ခဲ့တာပဲလေ
အဟောင်းဆိုတဲ့နေရာမှာ အဟောင်းတိုင်းဖျက်လို့မရဘူး။ အချို့သောရုပ်
ဝတ္ထုပစ္စည်းတွေဟာ ဟောင်းနေပေမယ့် အဟောင်းအတိုင်းလေးကို နဂိုလ်
မူလမပျက်ထားရှိရတာပဲမဟုတ်လား။
ဆက်၇န် .. .
█ ░ အလင်းရှင် ░ █

No comments :
Post a Comment