သို့/
အမေ .. .
သားပဉ္စင်းရိုသေလေးစားစွာဖြင့်စာရေးလိုက်ပါတယ်။အဝေးကအမေ့ကို
သတိရသလို တမလွန်ဘ၀ကိုအရင်သွားနှင့်တဲ့အဖေ့ကိုလည်းတမ်းတ
မိတယ်။ အမေရော နေကောင်းကျန်းမာတော်မူပါစ။စိတ်ချမ်းသာကိုယ်
ကျန်းမာပါစေဟုသားပဉ္စင်း ဆုတောင်းမိပါတယ်။စာရေးရတဲ့အကြောင်း
ကတော့ အခြားအထွေအထူးမရှိပါဘူး။သားပဉ္စင်းလည်းနေကောင်း
ပါတယ်။
သို့သော် အင်တာနက်သုံးပြီး ဓမ္မအလင်းဝေငှရာမှာ ဒီတစ်လထဲတင်
ငွေနှစ်သောင်းလောက်ကုန်သွားတယ်အမေရယ် . .။
ရောင်းစရာသင်္ကန်းလည်းမရှိတော့ဘူး။ ရှိတာရောင်းရင်လည်း ဆွမ်းခံ
ထွက်စရာသင်္ကန်းမရှိလို့အမေ့ သားပဉ္စင်း ကျီးချီစရာအကြောင်းသာရှိ
တော့တယ်။
အမေ့မှာလည်း ငွေပိုငွေလျှံမရှိလောက်ဘူးဆိုတာသားသိပါတယ်။ သို့
သော်လည်း အမေပင်ပန်းစွာရှာထားတဲ့ လယ်ထွက်စပါးလေး(၁၀)တင်း
လောက်ရောင်းပြီး မန္တလာမင်းကားနဲ့ ပို့ပေးလိုက်ပါနော် .. .။ အမေမွေး
တဲ့သားကို အမေမှမကယ်ရင်ဘယ်သူကယ်မှာတုန်းအမေရယ်။
Facebook ပေါ်မှာလည်း ဒကာဒကာမတွေအတော်များများနဲ့ရင်နှီးပါ
သော်လည်း တစ်ယောက်မျက်နှာတစ်ယောက်မမြင်ဘူးတဲ့
ဘ၀တွေမို့ မဖြစ်နိုင်ပါဘူးအမေရေ . . .
လယ်သိမ်း မြေသိမ်း အိမ်သိမ်း စေတီဖျက်သိမ်ဖျက်နေတဲ့ စစ်ခွေးတွေ
ရဲ့အဓမ္မ၀ါဒကို အမေချွေးနဲစာစပါးရောင်းရငွေလေးနဲ့ တိုက်ထုတ်ပါရစေ
အမေရယ် .. ။
အကယ်၍ အမေအခက်အခဲဖြစ်ရင်လည်း ရပါတယ်။ ရွာကဆရာတော်
ဘုရားကြီးဘဒ္ဒန္တသာသနထံသွားပြီး တောင်းရမှာပဲ။ သူကသူ့ရှိရင်ပေး
ပါသော်လည်း အမြဲတမ်းတောင်းနေရသလိုဖြစ်နေတော့အားနာတာထက်
ကိုယ့်ကိုယ်ကိုရှက်တယ်အမေရယ် .. ။
စာသင်သားဘ၀တုန်းကလည်း နွမ်းပါးသလောက် အခုအချိန်အထိလည်း
ဒီအနွမ်းက မလောင်ကျွမ်းသေးဘူးအမေရေ .. ။ဘုရားစကား သန္တုဋ္ဌိတာ
တရားကို ရင်ဝယ်ထားကာ ဘ၀ကိုရောင့်ရဲနေတက်ပါသော်လည်း အွန်
လိုင်းပေါ်မှာ ဆောင်းပါးတစ်ပုဒ်ရေးရင်အနဲဆုံးတစ်နာရီခန့်ကြာတယ်၊
ဓာတ်ပုံကိုပါ ပြင်ဆင်ပြီး တစ်နာရီကျော်တယ်အမေ။ တစ်နာရီကိုအင်တာ
နက်သုံးခက (၅၀၀)ကျပ်ပေးရတယ်။ ဟိုခွေးသားဉာဏ်ထွန်းပြောသလို
ငွေ(၂၀၀၀)ကျပ်က ဆောင်းပါးလေးပုဒ်စာတောင်မရဘူးအမေ။နောက်
စာသင်တိုက်ဆိုတော့ အာရုံဆွမ်းက ဟင်းပေါင်းပဲစားရတယ်အမေရယ်။
နှစ်ပေါင်းနှစ်ဆယ်ကျော်သုံးဆယ်လောက်စားလာရတဲ့ဒီဟင်းပေါင်းနံ့ဟာ
သားကို မဆင်တွင်းထဲကျသလိုခံစားရတယ်အမေ၊ ဒါ့ကြောင့် ကျောင်း
ထိပ်က လက်ဖက်ရည်ဆိုင်က အီကြားကွေးနံပြား စတဲ့စိတ်လိုရာလေး
စားတာတောင် နံက်ခင်းတင် (၅၀၀)ကျပ်အနဲဆုံးကုန်တယ်အမေ။ ဒါ့
ကြောင့် ဉာဏ်ထွန်းခွေးမသားပြောတဲ့ (၂၀၀၀)ကျပ်ဟာ ဘယ်လိုလုပ်
လောက်မှာတုန်းအမေရယ်။
ဒါ့ကြောင့် ဒီခွေးသားစစ်ခွေးသူခိုးတွေကို မုန်းတီးတယ်။ နာကျည်းတယ်။
သူတို့ကြောင့်လည်း သားပဉ္စင်းတို့လယ်တွေ အသိမ်းခံလိုက်ရသလို အ-
ခြားတစ်နိုင်ငံလုံးမှာလည်း ဒီအတိုင်းပါပဲအမေရယ်။ (၂၀၁၅) မှာသာဒီ
စစ်ခွေးတွေတိုက်ပုံဆက်ဝတ်ခွင့်ရရင် အမေနေတဲ့အိမ်ကိုပါသိမ်းလေဦး
မယ်နဲ့တူတယ်အမေရေ . .။
ဒါ့ကြောင့် ကြောက်မက်ဖွယ်ရာကောင်းတဲ့အာဏာရူးစစ်ဘီလူးခွေးဆိုး
ကြီးသန်းရွှေနဲ့တကွ လက်ပါးစေတွေကို သားတို့အမြစ်ပြတ်တိုက်ထုတ်
ရမယ်အမေ။ အမေလည်းရွာမှာ စစ်ခွေးကြံ့ဖွတ်တွေကို မဲမထည့်ဖို့ ဘ
ကြီးအေးမောင်တို့မိသားစုတွေကိုပြောဦးနော် ၊ သူတို့က စစ်ခွေးကြံ့ဖွတ်
နဲ့ ရင်းနှီးနေတော့ တော်နေကြာ မဲပေးနေမိဦးမယ်။
NLD ကိုထည့်ပါမထည့်ပါလို့တော့သားမတိုက်တွန်းပါဘူး။ သို့သော်ဒီ
ကနေ့မျက်မှောက်ခေတ်အခြေအနေမှာ မြန်မာပြည်သူအတွက် NLD
မှတစ်ပါး အခြားရွေးချယ်စရာမရှိသလောက်ရှားတယ်အမေ။
ကဲ .. စာလည်းရှည်ပြီအမေ ၊ စပါးဈေးမကောင်းသေးရင်လည်းမ
ရောင်းပါနဲ့။ ငွေပို့နိုင်မပိုနိုင်အကျိုးအကြောင်းကိုတော့ ရွာကျောင်းက
ဆရာတော့တယ်လီဖုန်းနဲ့လှမ်းဆက်ဦးနော် . . အမေ့အသံကြားရလည်း
ငွေရတာထက် သားစိတ်ချမ်းသာပါတယ်အမေရယ် . .။
သားပဉ္စင်း
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်။ ရန်ကုန်တိုင်းဒေသကြီး

No comments :
Post a Comment