.

AlinShin

Wednesday, June 11, 2014

အဘိဓာန်ထဲက သစ္စာရှင်

သစ္စ(၀ါ)သစ္စာဆိုတဲ့စကားကိုတို့မြန်မာတွေတွင်တွင်ကျယ်ကျယ်သုံး
ကြတယ်။အရပ်စကားအဖြစ်လည်းသုံးသလို၊ ဈေးရောင်းဈေးဝယ်မှာ
လည်းသုံးကြတယ်။ကုန်ကုန်ပြောရရင် ပန်းခြံထဲကစုံတွဲလေးတွေလည်း
သုံးကြတာပဲမဟုတ်လား။
အခုဒီဆောင်းပါးလေးဖတ်နေသူကော ဒီလိုမျိုးသုံးဖူးလား။ ဟီ . . ဟိ ၊
̏လူကြီးရှက်တော့ရယ်တယ် ၊ ခလေးရှက်တော့ ငိုတယ်˝ ဆိုတဲ့စကားပုံ
လိုဖြစ်နေပြီ ဒီဆောင်းပါးရေးသူကိုယ်တိုင် တစ်ချိန်သောကာလဆီက
ထိုသစ္စာစကားကိုသုံးစွဲခဲ့ဖူးပါတယ်။
ကဲ . ဒီလောက်လူသုံးများတဲ့သစ္စာကို အဘိဓာန်တွေထဲလှန်ကြည့်
တော့ ̏သစ္စာ˝အဖြစ်တိုက်ရိုက်ဖွင့်ထားတာမတွေ့ရဘူး ̏ ဒုက္ခရဲ့နောက်
ဆက်ပုဒ်အဖြစ်သာ ˝ ̏ ဒုက္ခသစ္စာ˝ (nt.) the truth of misery. အဖြစ်
တွေ့ရသည်။ အခြားအဘိဓာန်များကိုကြည့်ပြန်တော့လည်း
̏သစ္စာယတိ˝ ̏ သစ္စာအဘိသမယန˝ ̏ သစ္စာသန္နေ˝ ̏သစ္စာယတိ ˝
̏သစ္စာနုပ္ပတ္တိ ˝ ̏ သစ္စာနုရက္ခမာန˝ ̏သစ္စာနုရက္ခီ ˝ ̏ သစ္စာနုရူပ ˝
̏ သစ္စာနုဗောဓ ˝ ̏သစ္စာပေသိ ˝ ̏ သစ္စာပန ˝ ̏သစ္စာပိတ ˝ ̏သစ္စာပေတိ˝
စသည်ဖြင့် စသည်ဖြင့်သာတွေ့ရပါသည်။ ဗုဒ္ဓအလောင်းတော်တို့ဖြည့်
ကျင့်ရသော . . . .
̏ ဒါနံ သီလဉ္စ နေက္ခမ္မံ၊ ပညာ ၀ီရိယေန ပဉ္စမံ။
ခန္တိသစ္စမဓိဋ္ဌာနံ ၊ မေတ္တုပေက္ခာတိ တေ ဒသ။ ။
ပါရမီ-၁၀-ပါးတွင်မူ ၆-ပါးမြောက်၌ ̏ သစ္စာပါရမီ˝ကိုတိုက်ရိုက်ဖွင့်ဆို
ထားသည်ကိုတွေ့ရသည်။ ထိုထက်အကျယ်ကိုမူစာ စာရေးသူမသိတော့
ပါ။ ပိဋကတ်ပါရဂူများတော့သိပါလိမ့်မည်.။
ယင်းသစ္စာကို ̏ မဟာဗုဒ္ဓ၀င်ကျမ်း˝ တွင် အကျယ်ဖေါ်ပြထားတာကိုဖတ်
ဖူးသည်။ မိမိကိုယ်တိုင်းလည်း စာစရေးစဉ်က ထိုသစ္စာအကြောင်းကို
စာအုပ်ငယ်လေးပြုလုပ်ရေးရေးဖူးသည်။
ထို့ကြောင့်ယနေ့ခေတ်သုံးစာကားဖြစ်သော ̏သစ္စာ˝သည်သာမညစကား
မဟုတ်ပါ။ ဂင်္ဂါသဲစု ပွင့်တော်မူခဲ့ကြသော ဗုဒ္ဓအဆူဆူတို့၏ လုပ်ရိုးကျင့်
ထုံးပါရမီတစ်ဆူပင်ဖြစ်သည်။ ထိုသစ္စာပါရမီအစရှိသော ပါရမီဆယ်ပါးကို
ဗုဒ္ဓအလောင်းတော် ရှင်ရသေ့သည် ဖြည့်ကျင့်ရန် သုံးသပ်ဆင်ခြင်တော်မူ
သောနေ့၌ မဟာပထ၀ီမြေကြီးသည် ကောင်းချီးပြုလှုပ်ခပ်တော်မူခဲ့ဖူးပါ
သေးသည်။ ထိုမျှမကသေး . . .
̏ အို ကြီးမြတ်သော လုံ့လ၀ီရိယ ရှိတော်မူသောအရှင်သုမေဓာ . ..
ဤလောက၌ ပန်းပွင့်ချိန် ရာသီတိုင်မြောက်ရောက်လတ်သည်ရှိသော်
ပွင့်လေ့ပွင့်ထရှိသော ပန်းပင်တို့ ပွင့်ကြသကဲ့သို့၊ ဤနည်းအတူ အရှင်
မြတ်သည်လည်း ခပ်သိမ်းသောဘုရားရှင်တို့၏ အသီးဥစ္စာဖြစ်သော
စတုဝေသာရဇ္ဇဉာဏ် ဆအသာဓာရဏဉာဏ် ဒသဗလစသောဉာဏ်
ကျေးဇူးဖြင့် ပွင့်တော်မူပါစေသတည်း . .။
̏ အရှင်ရသေ့သည် မြတ်သောဘုရားဆုကိုတောင်းတော်မူပေ၏ ၊ အလို
တော်ရှိတိုင်း ထိုတောင့်တအပ်သာ ဘုရားဆုကို ရတော်မူပါစေ˝
(ရမ္မာဝတီပြသည်သူပြည်သား)
များကပန်းမန်တို့ဖြင့် ပူဇော်ကာ အလောင်းတော်ရှင်ရသေ့အားတောင်း
ဆုချွေတော်မူခဲ့ကြပါသေးသည်။
ထို့ကြောင့်အရပ်သုံးသစ္စာစကားစကားဟုပြောနေကြသော ယင်းပါဠိ
သည် ရှေးသောသူတော်ကောင်းကြီးများရဲ့လက်နှက်တန်ဆာပလာ
ကရိယာပင်ဖြစ်သလို ယခုခေတ် နိုင်ငံရေးစီးပွားရေးလူ့မှုရေးနယ်ပယ်
တို့တွင်လည်း ̏ သစ္စာထိုက်သူ˝၏ ခရီးဆုံးသည် လူတို့၏ကောင်းသတင်း
သုမင်္ဂလာဖြင့်သာကျော်ကြားထင်ရှား၏ ။ ̏ သစ္စာမထိုက်သူ˝ ၏ ခရီးဆုံး
သည် လူတို့၏ နှုတ်ဖြားတွင် ̏ ဒုမင်္ဂလာ˝မကောင်းသောကျော်စောခြင်း
ဖြင့်ကျော်ကြားသည်ကို သင်တို့ မျက်ဝါးထင်ထင်တွေ့မြင်နေကြသည်
ကိုအထူးဖွင့်ပြရမလိုတော့ .. သာဓကဆောင်ရခြေမူ ..
ဦးနေ၀င်း ခေါ်တစ်ပါတီအာဏာရှင်ရူးကြီး ။ ယင်းမှမွေးဖွားတည်ထောင်
ပေးခဲ့သော ဦးသန်းရွှေ စစ်ဝတ်စစ်စားဖြင့် အာဏာရူးသွပ်ခဲ့သူကြီး။ ယင်း
မှမွေးဖွားတည်ထောင်ပေးခဲ့သော သမ္မတတစ်ဖြစ်လဲ စစ်ရေခွဲဝတ်သိန်း
စိန် ။ ထိုအနှီကောင်တို့ရဲ့ ခရီးသည် ကြမ်းလည်းကြမ်း၏ ရမ်းလည်းရမ်း
၏ ပြည်သူတို့သွေးချောင်းစီးခဲ့ကြသလို အရိုးတောင်လိုပုံခဲ့ကြခဲ့ရသည့်
အပြင် သံဃာတော်များ ပေတရာလမ်းမထက်နေ့ခင်းကြောင်တောင်သေ
နပ်နဲ့အပစ်သတ်ခံခဲ့ရသည်။ ကဲ .. အခုတိုင်အောင် ယင်းတို့ရဲ့အကုသ-
လလုပ်ရပ်တို့ကြောင့် ဒုမင်္ဂလာစကားများဖြင့် ကမ္ဘာကျော်ခဲ့သည်ကို
ဘယ်ကောင်က မဟုတ်ပါဘူးဟု ငြင်းရဲ ၊ ငြင်းနိုင် ၊ ငြင်းဝံ့ ပါသနည်း။
ထိုစစ်အာဏာရှင်လူ့မိစ္ဆာ လူ့ဘီလူးကြီးတွေရဲ့ oppsit ကတော့
ဗိုလ်ချုပ်အောင်ဆန်း နှင့်ယင်းရဲ့သမီးဒေါ်အောင်ဆန်းစုကြည်တို့ပါပဲ။
သူတို့နှစ်ဦးလည်း ကမ္ဘာကျော်ခဲ့တာပဲ သို့သော်သူတို့ကျော်ကြားပုံကလူ
တို့ပါးစပ်ဖြား၌ ̏ သုမင်္ဂလာစကားများ˝ ဖြင့်ကျော်ကြားခဲ့သည်။ ပါရမီခန်း
ကိုအရကောက်၍ ပြောရလျှင်မူ ̏ သစ္စာပါရမီ˝ ဖြင့်ကျော်ကြားခဲ့သောသူ
အဖြစ်မှတ်ယူနိုင်သည်။ သက်ရှိထင်ရှားရှိနေသေးသော ဒေါ်အောင်ဆန်း
စုကြည်ကိုမူ ချွင်းချက်အဖြစ်ချန်လှပ်ရပေဦးမည်။ ယင်းဒေါ်အောင်ဆန်းစု
ကြည်သည်လည်း အဘယ်မျှ မြန်မာနိုင်ငံနှင့်ပြည်သူလူထုအပေါ် ̏ သစ္စာ
ထိုက်မည် မထိုက်မည်ကို ˝ နိုင်ငံရေးလုပ်ငန်းစဉ်မပြီးဆုံးသေးသဖြင့်
ဒိဋ္ဌဓမ္မပြောရန် စာရေးသူမစွမ်းနိုင်သေးခြေ။
သို့သော်လည်း ̏ခြေရာကိုကြည့်၍ ဆင်၏အရွယ်ပဏကိုသိနိုင်သကဲ့သို့
̏ ကြာကိုကြည့်၍လည်း ရေကန်၏အတိမ်အနက်ကိုသိနိုင်သည်˝ ၏အ
ဖြစ်ကြောင့် . . . . .။
ထို့ကြောင့် သစ္စာစကားရပ်သည် လောကီခရီးတွင်လည်း အထူးလျှင်မြန်
ထိရောက်သော လက်နက်ဖြစ်သကဲ့သို့ လောကုတ္တရာခရီးတွင်လည်း
နိဗ္ဗာန်ထုတ်ချောက်ရောက်စေနိုင်ပါသည်။
သစ္စာမဲ့သော နိုင်ငံရေးသမားများကို ယင်းနိုင်ငံကမ္ဘာကြီးကကြာမြင့်စွာ
လက်မခံခြေ ။ လွန်ခဲ့သော နှစ်လခန့်က ကွယ်လွန်သွားရှာသော နိုင်ငံ
ရေးဗိသုကာကြီး၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင်ကဲ့သို့သော
နိုင်ငံရေးသမားကြီးသည်ကား သစ္စာထိုက်ခဲ့သောကြောင့် ပြည်သူနှင့်နိုင်
ငံအပေါ်တွင် သစ္စာတည်ကြည်ခဲ့သောကြောင့် ထိုသူတော်ကောင်းကြီး၏
ခရီးဆုံးသည် အကြမ်းအတမ်းတွေကြားထဲက ပန်းပတန်းတွေပွင့်ဝေနေ
သကဲ့သို့ရှိပေသည်။ ထိုသူကြီးကွယ်လွန်စဉ်က ပြည်သူအချို့တို့ငိုကျွေး
မြည်တမ်းခဲ့ကြသည်။ တောက်တစ်ခေါက်ခေါက်ဖြင့် ရင်ထုမနာဖြစ်ကြ
သည်။ ထိုအဘကြီးသေမည့်အစား စစ်ခွေးဆိုးကြီးသန်းရွှေတို့အပေါင်း
အပါကိုသေစေချင်ခဲ့ကြသည်မဟုတ်ပါလား။
ဤမျှလောက်အရေးပါအရာရောက်သော ̏ သစ္စာ˝ သည် ပုထုဇဉ်ဓလေ့
ချစ်ခရီးတွင်မူလည်း အရေးပါအရာရောက်ပြန်သည်။ မိမိချစ်သူအပေါ်
၌သစ္စာတည်သော ချစ်သူအတွက် ချစ်ခရီးတွင်ငြိမ်းအေးမှုရနိုင်သကဲ့
သို့ အခြားဘာညာသာဓကာဆိုသော ရောဂါများလည်းမကပ်ရောက်နိုင်
ပြန်ပေ။ တစ်ပင်မှတစ်ပင်ကူးတက်သောအချစ်ငှက်သည် လေးထိ၍အ
သေမြန်သည်။ ထိုအချစ်ငှက်ပစ်ထားရက်၍ အလွမ်းဒါဏ်သင့်သောသူ
သည် အချိန်ကာလအပေါ်မူတည်၍ ထိုအလွမ်းရောဂါသည်ပျောက်ငြိမ်း
တက်သည်။ သစ္စာတည်ကြည်မှုမရှိသော အချစ်သည်သာ ယင်းဖေါက်
ပြန်ခဲ့သော သစ္စာ၏ကျေးကျွန်အဖြစ်ခံစားရတက်သည်။
ထို့ကြောင့် . ..
နိုင်ငံရေးတွင်လည်းကောင်း .. အချစ်ရေးတွင်လည်းကောင်း .. လူမှု
ရေးတွင်လည်းကောင်း . . .စီးပွားရေးတွင်လည်းကောင်း သစ္စာထိုက်သူ
သည်သာ သုမင်္ဂလာတရားကောင်းတို့ဖြင့်ကျော်ကြားသဖြင့် အဘိဓာန်
ထဲက ̏ သစ္စာ˝ဆိုသောစကားရပ်ကို ̏နှလုံးသားထဲကသစ္စာရှင်˝ အဖြစ်
တည်နိုင်အောင် ယနေ့ခေတ်လူငယ်များကိုလည်း တိုက်တွန်းသကဲ့သို့
နိုင်ငံရေးသမားများကိုလည်း တိုက်တွန်းပါသည်။
တစ်ဆက်တည်းပြောလိုသည်ကား . ..
အလင်းရှင်ကို နိုင်ငံရေးဘုန်းကြီးစသည်ဖြင့် လိုရာဆွဲ၍ သမုတ်ကြသော
သူများအတွက်ပါ။ အလင်းရှင်သည် ဘာသာရေးသမားသာဖြစ်သကဲ့သို့
ယင်းဘာသာရဲ့နူးညံ့သောအနှစ်သာရကိုဝေငှသူပါ။ ကျွဲကူးရေပါဆိုသကဲ့
သို့ ယင်းဘာသာရေးသစ္စာပါရမီကိုမိတ္တူကူးရင်းက သစ္စာတရားအား
ဖေါက်ဖျက်ကြသော လူတစ်စုအတွက် အလင်းရှင်သည်အမုန်းသင့်စရာ
အကြောင်းဖြစ်လာသည်။ သစ္စာကိုချစ်သောအလင်းရှင်အား သစ္စာကိုမုန်း
သောသူများမှ ယိုးမယ်ဖွဲ့လာတက်ကြသည်။
Photo: အဘိဓာန်ထဲက သစ္စာရှင်
☤♥  ✩♥  ☤♥  ✩♥  ☤♥  ✩♥  ☤♥  ✩♥  ☤♥  ✩♥  ☤♥ 

ထိုအခါ သမ္ဖပလာပ၀ါစာစကားများပါလာတက်သည်။ သြော်  .. ကိုယ်
တိုင်ကလည်းပုထုဇဉ်ကိုး ။ ဒီတော့က ̏ သစ္စာမဲ့သူများအတွက်တော့ ˝ 
အလင်းရှင်ဟာ လူးဆိုးပေါ့။ ̏ သစ္စာတည်သူများအတွက်တော့˝ အလင်း
ရှင်ဟာ လူကောင်းပေါ့။ မည်သို့ပင်ဆိုစေကာမူ အလင်းရှင်ဆိုသောက
လောင်အမည်ကိုသုံးသောမိမိသည် အနတ္တ၀ါဒသမားသာဖြစ်ကြောင်း
သစ္စာမဲ့သူ  .. . သစ္စာမထိုက်သူ  .. သစ္စာနှင့်မတန်သူ  .. .စစ်ခွေးများ
ခရိုနီများ . . ယင်းတို့ရဲ့အခိုင်းအစေ လောဘီများအား အသိပေးလိုက်
ပါတော့သည်။ 
ကိုးကား
(၁)တိပိဋကပါဠိမြန်မာအဘိဓာန်
(၂)ဦးဟုတ်စိန် ပါဠိမြန်မာအဘိဓာန်
(၃)မဟာဗုဒ္ဓ၀င်ကျမ်း ၊ ပဌမတွဲ၊ 
(၄)ပေါရာဏဒီပနီကျမ်း
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget