အင်တာနက်သုံးလိုက်တာ မနေ့ကနဲ့ဒီနေ့ ငွေ ငါးထောင်လောက်
ြ့ပုတ်သွားတယ် ။ ဟဲ ဟဲ ၊ ခရိုနီမဟုတ်ပေးမယ့်လည်း ဂရုမစိုက်ပါဘုး ။
ရွာမှာမေရှိတယ် ၊ အမေရှိရင် စပါးရှိတယ် ၊ စပါးရှိရင် ပိုက်ဆံရှိတယ်။
အမေ့ကိုပြောထားတယ် ။ သင်္ကန်းဖိုးမလိုဘူး။ အင်တာနက်ဖိုးပဲလိုတယ်။
ဒါလည်း အချီးအနှီးမဖြစ်ဘူး အမေဓမ္မဒါနကုသိုလ်ရမယ်လို့ကုသိုလ်စကား
လေးနဲ့ လေပြေသွေးထားရတယ်။ ဒါတောင်အမေကပြောသေးတယ်
စပါးဈေးကသိပ့်မကောင်းတဲ့အပြင် နေစရာအိမ်တောင် အစိုးရကသိမ်း
ဦးမှာလားမသိဘူးတဲ့ ။ ကိုယ်ကပြန်ပြောလိုက်တယ် ။ ဘာမှမပူနဲ့အမေ
သား ဖေ့ဘွတ်ပေါ်ကနေ ဒီခွေးသူတောင်းစားတွေမတရားလုပ်တာကို
ကမ္ဘာကြိးသိအောင်လုပ်ပေးမယ်လို့ပြောလိုက်ရတယ်။
ဒီတော့အမေက ဘာပြောတယ်မှတ်လည်း။ ကမ္ဘာသိတာမသိတာ
အသာထား တရုတ်ကြီးမသိဖို့လိုတယ် တရုတ်ကြီးသိရင် ဦးဇင်းအဖ့
လယ်တွေပါ ကုန်လိမ့်မယ်တဲ့ .. ။
အင်း အမေပြောတာလည်းဟုတ်သားပဲံ .. တို့မြန်မာပြည်မှာ
ဘုရားစေတီတွေလည်း ဖွတ်ထားရတော့မယ် ။ ဒါနဲ့ကိုယ့်ကိုယ်ကိုယ်
ရံခါပြန်စဉ်းစားမိတယ် ငါလည်း အသျှင်ဥက္ကဌပြောသလို
နတ်ပြည်နဲ့ချော့စားလိုက် ငရဲပြည်နဲ့ခြောက်စားလိုက်နဲ့တူနေတယ်။
ဟား .. ဟား .. ကိစ္စမရှိဘူး များသောအားဖြင့်လူတွေဟာ စာမတက်
တဲ့ကောင်ကများတယ်လေ ။ ဒါ့ကြောင့် နဲနဲတက်တဲ့ကောင်က ဂွင်ဖန်
စားလို့ရတယ်။ အခုလ ည်းကြည့်လေ . .
မြန်မာပြည်ကို ဂွင်ဖန်ပြီးစားလိုက်တဲ့ စစ်ခွေးတွေ နေ၀င်းကစလို့ အခု
သိန်းစိန်တိုင်အောင် သန်းကြွယ်သူဌေးတွေပဲမဟုတ်လား။ ကောင်းသာ
ကုန်သွယ်တဲ့ကောင်းသောယာလုပ်တဲ့ တို့အမေတွေ လုံခြည်ခါးကြိုး
ချည်ပြီးလုပ်တာတောင် အခုအထိ ထမင်းနပ်မမှန်သေးဘူး။
အေး . . လူငတုံးတွေပေါတဲ့ မြန်မာပြည်ဆိုတဲ့လောကကြိး
ဟေး . . လူ့အန္ဓတွေပေါ့တဲ့ မြန်မာပြည်ဆိုတဲ့လောကကြိး
ဟား .. လူ့ဗာလတွေပေါတဲ့ မြန်မာပြည်ဆိုတဲ့လောကကြိး
ဟီး . . ဒီလိုခေတ် ဒီလိုအခါကျမှာ ငါဆိုတဲ့ကောင်က
လူ့ကတုံးဖြစ်ရတယ်လို့ . . .။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment