.

AlinShin

Sunday, June 8, 2014

ငါ့ကို ဆေးထိုးပေးကြပါ

Photo: ငါ့ကို ဆေးထိုးပေးကြပါ (၂)
✩ ♥✩ ♥✩ ♥✩ ♥✩ ♥✩ ♥✩
မြန်မာပြည်မှာ တကယ့်လူတော်ကောင်းတွေရှိပါတယ်။ ဒီကနေ့
မနက်ကပဲ DvB အင်တာဗျူးတစ်ခုမှကြည့်လိုက်ရတယ်။ အဲဒီ
တော့မှပဲ သြော် . .  လက်ရှိစစ်ခွေးသိန်းစိန်တို့အုပ်စုကြီးမှအပ
အခြားသူတွေဟာ တကယ့်ကိုလောကကောင်းကျိုးကမ္ဘာကောင်း
ကျိုးအတွက်အလုပ်လုပ်နေကြတာပါလားလို့ ၊ အာကျမိပါတယ်။
ကမ္ဘာပတ်ဝန်းကျင်ထိမ်းသိမ်းရေးမှာတာဝန်ယူနေတဲ့ ဆရာမကြီး
̏ ဒေါ်ဒေ၀ီသန့်စင်˝ ပဲဖြစ်ပါတယ်။ 
ဆရာမကြီးရဲ့ အင်တာဗျူးကို အနှစ်ချုပ်ကောက်ချက်ချရင်  . . 
(၁) ၁၉၇၂ -ခုနှစ် ဆွီဒင်နိုင်ငံ စတော့ဟုန်းမြို့မှာ ကမ္ဘာ့ပတ်ဝန်း
ကျင်ထိမ်းသိမ်းရေးအဖွဲ့ကိုစတင်ဖွဲ့စည်းပြီး ၁၉၇၄-ခုနှစ်မှာတော့
စတင်ပြီးကမ္ဘာထုကြီးစိတ်ဝင်စားလာအောင် ̏ ဆောင်ပုဒ်˝လေး
တွေရေးထုတ်ပြီး ယနေ့တိုင်အောင်လူထု့ကိုအသိပေးခဲ့တယ်။
(၂) ပြောင်ကြီးသိန်းစိန်ရဲ ကျောက်မီးသွေးစက်ရုံတည်မှုကို
ပြင်းပြင်းထန်ထန်ရှုတ်ချကန့်ကွက်တယ်။
(၃) ထင်သာမြင်သာမရှိတဲ့ သိန်းစိန်နဲ့ တရုတ်တို့လုပ်နေတဲ့ လက်ပတောင်းတောင်ကိစ္စကိုပျက်ရယ်ပြုသွားတာကိုစသည်ဖြင့်
စသည်ဖြင့်  .. ကြည့်လိုက်ရတယ်။
ဒ့ါကြောင့် အလင်းရှင်ရဲ့မိတ်ဆွေတွေကိုပြောချင်ပါတယ်  . 
Facebook အပြင် DVB သတင်းကိုလည်းမျက်ခြေမပျက်စောင့်
ကြည့်ပါ။ မြန်မာနိုင်ငံလေးလောက်တင်မကဘဲ ကမ္ဘာကြီးတစ်ခု
လုံးရဲ့အခြေအနေအဖြစ်မှန်ကို သိနိုင်ပါတယ်။
စာလိုပြောရင် ̏ ဒိဗ္ဗစက္ခု တို့ ဒိဗ္ဗသောတ˝ တို့ကို DVB သတင်း
ဌာနကနေ ရနိုင်ပါတယ်။
မြန်မာပြည်မှာ အတိဒုက္ခရောက်နေတဲ့ ပြည်သူပြည်သားတွေရဲ့
ဘ၀ဒုက္ခ action တွေကိုမျက်ဝါးထင်ထင်တွေ့မြင်ရမှာဖြစ်ပြီး
ယင်းတို့ရဲ့အကျိုးတရားရဲ့အကြောင်းတရားလက်သည်တရားခံ
စစ်ခွေးသိန်းစိန်သန်းရွှေတို့ရဲ့ ယုတ်မာမှုကိုကောက်ချက်ချနိုင်ပါ
လိမ့်မယ်။
̏အကြောင်းတရားကို မျက်ကွယ်ပြုသော အကျိုးတရားဖေါ်ထုတ်
ချက်ဟာ အရူးအနှမ်းတွေရဲ့action ပါ။˝
(မောင်ဇရာ)
ရဲ့အာဘော်အတိုင်း ၊ ဒီကနေ့မျက်မှောက်နိုင်ငံရေးမှာရောဘာသာ
ရေးတွေမှာပါ ဒီအတိုင်းလုပ်ဆောင်နေကြတာကိုတွေ့မြင်ရမှာပါ။
ဘယ်သူတွေလည်းမေးရင်တော့  ..  ကြံ့ဖွတ်လက်ဝေခံတွေပါပဲ။
ဒီကောင်တွေဟာ အကြောင်းတရားကိုဖုံးကွယ်ပြီး အကျိုးတရားကို
ဖေါ်ထုတ်နေကြတာကိုစီစစ်တွေ့ရှိနိုင်တယ်။
ဥပမာပြရရင် အွန်လိုင်းစာမျက်နှာပေါ်မှာတွေ့ရတဲ့ အော်ရီဒူးဆန့်
ကျင်ရေးပါပဲ။ အကြောင်းသတ်ဝါဒဖြစ်သော ဗုဒ္ဓ၀ါဒရဲသွေဖီမှုတစ်
ခုပါ။ ဗုဒ္ဓရှင်တော်သည် ဖြစ်ပေါ်လာသမျှသောခံစားမှုစံစားမှုတို့ဟာ
အကြောင်းကင်းပြီးဖြစ်လာတာမဟုတ်ဘူးလို့ မိန့်ကြားခဲ့ပြီးယင်းအ
ကြောင်းတရားကိုမဖြေရှင်းဘဲ အကျိုးတရားကိုသာဖြေရှင်းနေမယ်
ဆိုရင် ပြဿနာရပ်ဟာမဆုံးနိုင်ဘူးလို့ဆိုပါတယ်။
အော်ရီဒူးဟာ အကျိုးတရားပါ။ သူ့ကိုလက်ခံခဲ့တဲ့စစ်ခွေးသိန်းစိန်တို့က
အကြောင်းတရားပါ။ ဒီလိုဝိဘဇ္ဇလုပ်ပြီး အကျိုးတရားကိုသိရှိနားလည်
ကာ အကြောင်းတရားကိုသတ်ရမယ်လို့ဆိုပါတယ်။ ဒါကို ဘုန်းကြီးအ
ချို့က အကျိုးတရားကိုသတ်နေတဲ့လုပ်ရပ်ကြီးကိုဖိတ်စာနှင့်တကွလူ
ထုအုံကြွလာအောင်ဖန်တီးနေပါတယ်။ 
လူထုကိုလိုက်ပါသိရှိနားလည်စေရန်လုပ်ရမယ် ဒါလောကတ္ထစရိယာ
မို့လက်ခံပါတယ်။ သို့သော် ̏အကျိုးကိုမသတ်နဲ့ အကြောင်းကိုသတ်˝
ဖို့ လူထုကိုအသိပေးရပါလိမ့်မယ်။ လူထုကိုအုံကြွလာအောင်ဖန်တီးရပါ
လိမ့်မယ်။ နိုင်ငံဆိုတာ သတ်မဲ့ပါ ယင်းနိုင်ငံကိုမီနေတဲ့လူထုသည်သာ
သက်ရှိမို့ ပဓာနကျတာမို့ လူထုအား ̏အကျိုးတရားရဲ့လက်သည်တရားခံ
အကြောင်းတရားကို သိရှိဖို့ .  လိုက်နာဖို့  . ညီညွတ်စွာဆောင်ရွက်ဖို့  .
အစိုးရကိုအသိပေးပြုပြင်နိုင်ဖို့ တိုက်တွန်းရမှာပါ။ ဒီလိုမှမဟုတ်ဘဲ 
̏ အော်ရီဒူးကိုတိုက်ဖို့ ˝ ဆိုတဲ့ကြွေးကျော်သံဟာ ဗုဒ္ဓ၀ါဒနဲ့လည်းလားလာ
မျှမသက်ဆိုင်သလို စစ်မှန်တဲ့အမျိုးသားရေးဝါဒလည်းမဟုတ်ဘူး။ အရူး
ချေးပန်းဝါဒပဲ။ 
ဒါတွေကိုသိဖို့ ̏ ကမ္ဘာစာမျက်နှာကိုဝင်ဆန့်ဖို့ DVB ကိုကြည့်ကြစို့˝ လို့
အလင်းရှင်က ဆောင်ပုဒ်လေးပေးလိုက်ပါတယ်။ ကမ္ဘာကြီးမှာနေစဉ်
ပြောင်းလည်းနေတယ် ။ အကောင်းဘက်မဟုတ်ဘူးနော် အဆိုးဘက်
ဒါတွေကိုသိအောင် လေ့လာသင့်တယ်။ ကမ္ဘာ့ရေခဲမြစ်ကြီး(၆)စင်းလုံး
အရေပျော်နေပြီ။ ဒါ့ကြောင့် လူသားတွေအတ္တလောဘတွေ လျှော့ချဖို့
လိုပြီ။ အခြေအနေရဲ့အဆိုးဆုံးဟာ ဘယ်လိုမှပြုပြင်လို့မရတော့ဘူးလို့
ရေခဲမြစ်သိပ္ပံပညာရှင်တွေကပြောနေပြီ။ လူတွေအားလုံး လေယာဉ်ပျံ
နဲ့ကားတွေမသုံးလည်းပဲ ကမ္ဘာကြီးကိုပြုပြင်ဖို့အချိန်ဟာအတော်နောက်
ကျသွားပြီး  . .တဲ့။ 
ဒါတွေဟာ လူသားတွေရဲ့အတ္တအပူကနေအရေပျှော်ကျခဲ့ရတဲ့ရေခဲမြစ်
တွေရဲဘ၀ပဲ။ မြန်မာပြည်ကိုကြည့်ရင်လည်း ပိုတောင်ဆိုးသေးတယ်။
လက်ပတောင်းတောင်မှာ အက်စစ်ဓတ်တွေကိုနေ့စဉ်ထွက်နေတယ်
ဒါကို စစ်ခွေးသိန်းစိန်တို့ ဒီတိုင်းလက်ပိုက်ပြီးတရုတ်လုပ်နေတာကိုငြိမ်
ခံနေတယ်။ မုံရွာဒေသမှာလူမျိုးစုတွေပြုန်းတီးတော့မယ်ဆိုတာကို မြန်မာ
နိုင်ငံအ၀ှမ်းရှိလူတွေသတိမထားမိကြဘူး။ ̏ ပေါက်ပင်ဘာ့ကြောင့်ကိုင်းရ
တယ် ၊ ဗျိုင်းနားလို့ကိုင်းရတယ် ˝ ဆိုတဲ့ ကဗျာလိုပဲ ပေါက်ပင်ကနေစ
လိုက်တာ မိုးရွာတဲ့အဖြစ်ကိုရောက်တယ်။ ဒီလိုပဲ လက်ပတောင်းဒေသနဲ့
မြစ်ဆုံတွေဟာ မြန်မာပြည်ရဲ့အနာဂတ်အတွက် လူမျိုးစုလိုက်သေရမယ့်
ကိန်းပဲ။ 
ဒါကို ဆရာမကြီးက ပညာသားပါပါနဲ့ပြောသွားတယ်။ အဲလိုပညာနဲ့မပြော
ရင်လည်း အဲဒီဆရာမကြီးဒေါ်ဒေ၀ီသန့်စင်ကို ထောင်ထဲထည့်ပစ်မှာပေါ့။
ဒါကိုငါအကျယ်ရေးမပြတော့ဘူး အဲဒီအင်တာဗျူးတာ DVB မှာကြည့်ကြ။
တို့သိရှိခံစားမိသမျှပြောရရင် တစ်ထိုင်တည်းနဲ့မပြီးနိုင်ဘူးလေ ဒါ့ကြောင့်
အနှစ်ချုပ်ပြောရရင်တော့  .. 
(၂၀၁၅)အထိ ဒီစစ်ခွေးအရေခွံကျွတ်တွေတိုက်ပုံဆက်ဝတ်နိုင်မယ်ဆိုရင်
မြန်မာပြည်မှာ လူမျိုးစုတွေပြုန်းတီးမယ် ၊ ဗုဒ္ဓဘာသာပျက်သုန်းမယ် ၊ဆို
တာကို သိကြပေကုန်တော့  .. ။ ဒီလိုပြောတော့ အသိဉာဏ်ကာရကချို့
တဲ့နေသူတွေက ရယ်ကြမယ်  ..  ကဲ သက်သေပြယုဂ်တစ်ခုထုပ်ပြမယ်
(၁) ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးသိမ်တွေကို အဖျက်ခံရတယ်။
(၂)လူတွေအစုအလိုက်အပြုံလိုက်အသတ်ခံရတာတွေရှိသလို ရွာလုံး
ကျွတ် ထွက်ပြေးနေရတယ်။
(၃) မလိုတဲ့သံဃာကို တရားဟောခွင့်ပိတ်တယ်၊ ထောင်ချတယ် ။
ဒီသက်သေပြရုပ်တွေကို သုံးသပ်ကြည်ရင် အလင်းရှင်တင်ပြမှုဟာလို
တောင်လိုနေပါဦးမယ်  .. ။
ဒါ့ကြောင့် ကမ္ဘာကြီးကိုဆေးထိုးပေးနိုင်ဖို့ အတ္တ၀ါဒကျွန်ပြုဝါဒ စစ်ခွေးဝါ
ဒတွေကို သတ်ပစ်လိုက်ကြပါ။ ဒီလိုမှမဟုတ်ရင်တော့ လူသားဝါဒတွေ
ပျောက်ကွယ်မယ် လူလူခြင်းကျွန်ပြုဝါဒတွေထွန်းကားလာမယ်ဆိုတဲ့
အကြောင်း ဒီမျှနှင့်သာ  .. . . ။
Share ခြင်းဖြင့် ဓမ္မအလင်းကုသိုလ်ယူနိုင်ပါစေကုန်  .. ။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget