ပျံပါစေတော့ . .
အဖေါ်အသစ်နဲ့လေ . .. .
နင်ထားရက်လို့ ကျန်ရစ်တဲ့ “သူမှာ”
နေရာဟောင်းဆိုတော့ အနာဟောင်းတွေနဲ့ပေါ့။
ကြေပါစေတော့ . .
ဒီမျှနဲ့သာ . . ။
လေနှင်လို့ မြေခတဲ့ပန်းတစ်ပွင့်မှာ
ဖြေရတဲ့ကံကြမ္မာက နွေတမျှနှက်တာမို့
ဒီဘ၀တစ်သက်တာ ။
မောင်ဇရာ
ကဗျာမရေးဖြစ်တာထောင်ကထွက်ကတည်းကဆိုပါတော့ ၊
ကိုယ့်လက်တွေကဗျာမှရေးတက်သေးရယ်လားလို့ တွန့်တွန့်ရွံရွံနဲ
့ရေးလိုက်တဲ့ကဗျာလေးပါ။ စစ်အာဏာရှင်စနစ်ဆိုးဒါဏ်ကြောင့်
ချစ်တက်တဲ့အသည်းနှလုံး
တွေလည်းရန်ကုန်မြိုရဲ့မိုးရာသီရေစီးမြောင်းတွေကြားထဲမှာ
ပိတ်ဆိုကုန်ပြီနဲ့တူပါတယ်။
ကိုယ်တိုင်တော့ ဖက်စစ်စနစ်နဲ့ကိုလိုနီစနစ်ရဲ့ဒါဏ်ချက်အဘယ်မျှ
ပြင်းထန်တယ်ဆိုတာကိုမမီလို့မသိလိုက်ရပေမယ့်(န၀တ)(နအဖ)
ရဲ့ ဆိုးမွေတွေကိုတော့ ကိုယ်တိုင်သိမိသူမို့ ရွံမုန်းလှသည်။
ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ ဖျက်သန်းမှု
မှာစစ်အာဏာရှင်လက်ထက်မို့ အရာရာဟာကြောက်ရွံ့နေမိတာ
အမှန်ပါ။
“လူ့အခွင့်အရေး” ဆိုတဲ့စကားလုံးကိုဒေါ်အောင်ဆန်းစုကြည်ပြော
မှကြားဖူးတာပါ။ ဒီတော့မှ “ သြော် ငါတို့ပြည်သူတွေမှာလူ့အခွင့်
အရေးတော့ရပိုင်ခွင့်ရှိတယ်” ဆိုတာကိုသိရတယ်။ ဒီမျှလောက်
ကြောက်မက်ဖွယ်ရာကောင်းသောစစ်အာဏာရှင်စနစ်ကိုမိန်းမ
ဆိုးတစ်ယောက်လိုနာကျည်းမိတယ်။
မိန်းမဆိုးဆိုတာစစ်ဖိနပ်နဲ့မနင်းတက်ပေမယ့် အာဏာရှင်စစ်ခွေး
တွေလို “အမုန်းသေနပ်နဲ့တော့ပစ်တက်တယ်။” ထိချက်ကပြင်း
တယ် ၊ သယံဇာတတွေဆိုတာတို့ပြည်သူတွေပိုင်လို့ပိုင်မှန်းမသိ
ခဲ့ရဘူး။ ဒီမြေမှာမွေးပြီးဒီရေထဲမှာကြီးပေမယ့် ၊ ဒီမြေကိုပိုင်ဆိုင်
ခွင့်မရဒီရေကိုသောက်သုံးခွင့်မရတာဟာစစ်အာဏာရှင်တွေရဲ့
ရက်စက်မှုသရဖူပါဘဲ။
ဒီမြေမှာမွေးတဲ့ ဒီပြည်သူကိုဒီမြေပေါ်ကနေမောင်းထုတ်တယ်။
အမိန့်နဲ့ထုတ်လို့မရရင် စက်ယန္တရားကြီးတွေနဲ့ အိမ်တွေကိုဖျက်
ဆီးပစ်တယ်။ ကဲ . . ဒီနိုင်ငံမှာမွေးတဲ့သူဟာဒီနိုင်ငံမှာနေခွင့်
မရဘူး။ ဒီနိုင်ငံမှာမမွေးတဲ့ တရုတ်တွေ ကုလားတွေကတော့ဖြင့်
မြေရော .. ရေရောပိုင်နေရဲ့။
ကဲ .. ချစ်သူအမုန်းဟာထမင်းတစ်နပ်လျှော့စားရလောက်
အောင်အဖြစ်မဆိုးနိုင်ပါဘူး။ သြော် . . အာဏာရှင်စနစ်ဆိုး
အောက်ကဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်
ရဲ့ နှလုံးသားမှာ ..
ချစ်သူရဲ့အမုန်းသေနပ်ဒါဏ်ရာဒါဏ်ချက်တွေရယ် .. .
စစ်ခွေးတွေရဲ့ ထောင်တွင်းအပြစ်ဒါဏ်တွေရယ် .. .
လိုသလိုအပြစ်ပေးလို့ရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးရယ် ..
သြော် .. .
သေကြပါတော့ . . စစ်ခွေးဆိုးတို့ရယ် . .
သန်းခြောက်ဆယ်ရဲ့ နှလုံးသားမှာ
(၂၀၀၀)ကျပ်ငွေနဲ့ဘယ်လိုလောက်အောင်သုံးရမှာတုန်း ။
ထမင်းတစ်နပ်လျှော့စားတာတောင် မင်းတို့လဒသိန်းစိန်ပြောတဲ့
နွားနို့တစ်ခွက်ကိုဘယ်လိုဝယ်သောက်နိုင်မှာတုန်း။
တရုတ်တန်းမှာဆန်ပြုတ်တစ်ပွဲဆို (၇၀၀)ကျပ်ပါစစ်ခွေးတို့ရယ်။
လက်ဖက်ရည်ရိုးရိုးတစ်ခွက်ဟာ (၂၅၀)ကျပ်ပေးရတယ်။
ဒီဘ၀ ၊ ဒီမျှနဲ့သာကြေပါစေတော့ . ..
လဒသိန်းစိန်နဲ့ စစ်ခွေးသန်းရွှေတို့ရေ .. .။
█░အလင်းရှင် ░█

No comments :
Post a Comment