.

AlinShin

Sunday, May 18, 2014

ဗိုလ်စိန်မှန်ရင်လွှာပေါ်က သွေးနီဟောက်သံ

Photo: ဗိုလ်စိန်မှန်ရင်လွှာပေါ်က သွေးနီဟောက်သံ
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩
ဒီမိုကရက်နေ ဒေါ်စုကြည်တို့မင်းကိုနိုင်တို့ပြောသွားတဲ့ရုပ်သံကိုကြည်ရတယ်။
မင်းကိုနိုင်ဆိုရင် ငိုသံလေးတောင်ပါသွားတယ်။ ကွန်ပြူတာနဲ့ချိပ်ပြီးအဲဒီရုပ်သံကို
ဖမ်းယူဖို့အတွက် ငါ့မှာရှိတဲ့ Eaay Cap ကဒ်ကရုပ်သံဖမ်းယူရာမှာ ရုပ်ပဲလာတယ်
အသံမလာတော့ မင်းတို့ကိုပြန်တင်ပေးဖို့မရဘူးဖြစ်နေတယ်။
မွတ်ဆလင်ဘင်္ဂါလီကိစ္စနဲ့ဝါဒမှိုင်းသွင်းခံနေရသူ ရဟန်းရှင်လူပြည်သူတွေ ဒီရုပ်သံ
ကိုကြည်ရှု့သင့်ပါတယ်။ မင်းကိုနိုင်ကတော့ ခံစားရလွန်းလို့နဲ့တူတယ် ငိုသံတောင်
ပါသွားတယ်။ အမှန်က အဲဒီပွဲမှာ ငိုချလိုက်ရမှာ။ ဘာဖြစ်လို့လည်းဆိုတော့ ရဟန်း
ရှင်လူပြည်သူတွေဟာ စစ်ခွေးတွေရဲ့ ဘင်္ဂါလီဝါဒမှိုင်းကြောင့်တွေဝေနေကြတဲ့သူ
တွေရှိတယ်။ အဲဒီသူတွေအတွက် ဗိုလ်စိန်မှန်ရင်လွှာပေါ်က သွေးနီဟောက်သံ
တွေဟာ ပြည်သူတွေအတွက် လိုအပ်တဲ့ အလင်းရောင်မို့ပါ။
ငါကတော့သဘောကြလွန်းလို့ (ဗိုလ်စိန်မှန်ရင်လွှာပေါ်ကသွေးနီဟောက်သံ)
လို့ နာမည်ပေးထားတယ်။
တော်တော်လေးကောင်းတဲ့အချက်အလက်လေးတွေကိုးကား
ပြီးပြောသွားတာတွေ့ရတယ်။ ဒေါ်စုကြည်ပြောတာလည်း ကောင်းတယ်။
ပုဂ္ဂိုလ်ရေးအရတော့မဟုတ်ဘူးပေါ့ကွာ ငါကလည်းပုထုဇဉ်ရဟန်းဆိုတော့
မွတ်ဆလင်ရှေ့နေဦးကိုနီပြောတာမတွေ့ရလို့ စိတ်ထဲခံတွင်းတွေ့တယ်။
ဒါ့ကြောင့်မင်းတို့ကိုငါပြန်ဖေါက်သည်ချမိတာပါ။ 
အခြေအနေအရပ်ရပ်အားပြည်သူ့အမြင်ဖြင့်သုံးသပ်ချက်။
☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ 
စစ်အစိုးရတဖြစ်လဲ သိန်းစိန်အစိုးအရအနေနဲ့ ကြိုးကွင်းစွပ်ခံရမယ့်အရေးကို
အတော်လေးပြင်ဆင်ရမယ်။ သူ့နောက်မှာတရုတ်ကြီးကတော့ အားကောင်း
စွာရပ်တည်နေတယ်။ပြည်သူတွေအနေနဲ့ မွတ်ဆလင်ကိစ္စမှာသူရောကိုယ်ပါ
ဒီမိုကရေစီအဖွဲ့(၈)ပူးအဖွဲ့တို့ကိုရွံနေတယ်။ ဒါကိုအချိန်မီထိန်းနိုင်ဖို့အတွက်
ပြင်ဆင်ရလိမ့်မယ်။ အမေရီကန်အပါအ၀င်ဒီမိုကရေစီနိုင်ငံတွေက မြန်မာပြည်
ရဲ့သွေးနုသားနုမွေးမယ့်ကြံနေတဲ့ ဒီမိုကရေစီကို မားမားမတ်မတ်ရပ်တည်ကာ
ကွယ်ပေးဖို့အတွက် တရုတ်ကြီးရဲ့ခြေထောက်ကိုရိုက်ရိုးမှဖြစ်မယ်။ သို့မဟုတ်
ရင်တော့ တရုတ်ကြီးက အကာအကွယ်ပေးနေမှာပဲ။ ဒါ့ကြောင့် မြန်မာပြည်ရဲ့
ဒီမိုကရေစီဟာ ပြည်သူအင်အားထက် တရုတ်ကြီးအင်အားကိုဖြိုခွင်းနိုင်မှရမယ်။
(မည်သို့ပင်ဆိုစေကာမူ)ဆိုတဲ့အာဏာရှင်တရားသူကြီးများရဲ့လက်သုံးစကား
အတိုင်းပြောရရင် . . 
(၁) ပြည်သူအင်အားကို စစ်ခွေးနဲ့ခရိုနီတို့မတွန်းလှန်နိုင်ပါဘူး။
(၂) သံဃာတော်များရဲ့အင်အားကို စစ်ခွေးနဲ့ခရိုနီတို့မတွန်းလှန်နိုင်ပါဘူး။
ဒီကနေ့ အမျိုးစောင့်ဆိုတဲ့အဖွဲ့တွေမှာ သံဃာအများစုဟာ စစ်ခွေးအလိုကျ
ခေါင်းငုံ့မယ့်သံဃာများမပါဘူး။ အနည်းငယ်သော သံဃာကိုတော့မဆိုလိုပါ။
ထို့ကြောင့်  . ဗိုလ်စိန်မှန်ရဲ့သွေးနီဟောက်သံတွေကြောင့် ပြည်သူတွေစစ်ခွေး
နဲ့ခရိုနီလက်ကလွတ်မြောက်မှာပါ။

█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget