̏ သူရူး ၊သူယုတ် ၊သူကဏ်း”
◄►•••× •••× ◄►•••×•••×◄►
• ပုထုဇဉ်ဆိုတာ အရိယာတို့မှ အသီးအခြားဖြစ်သောသူ။
• လူသာမန်။
• ပုထုဇဉ်။
(m.) a common world-ling; uneducated person.A man of the lower classes or of low character; a common or ordinary man, one who is unconverted as opposed to one

who has entered the paths, a worldling, natural or
unsanctified man .. တဲ့။
အရိယာတွေမလုပ်တာမှန်သမျှကို ပုထုဇဉ်တွေက လုပ်တယ်။ အဖေဆိုလည်း သတ်တယ်။ အမေဆိုလည်းသတ်တယ်။ဘုရားပုထိုးစေတီတွေကိုလည်းဖျက်တယ်။
ဖျက်တာတောင်ရိုးရိုးမဖျက်ဘူး မိုင်းခွဲဖျက်တယ်။ ဒိုဇာကြီးတွေနဲ့ ထိုးကော်ပစ်တယ်။
ဒါမျိုးတွေကိုပုထုဇဉ်မှန်သမျှအကုန်လုပ်တယ်။
ပုထုဇဉ်ထက် နဲနဲမြင့်တဲ့သာတဲ့ “ကလျာဏပုထုဇဉ်” ကြတော့ ဒီလိုအကုသိုလ်တရား
ဆိုးတွေကိုရှောင်တယ်။ “ကလျာဏ”ဆိုတာ . .
• ကောင်းသည်။
• လှပတင့်တယ်သည်။
• ကောင်းခြင်းငါးပါးနှင့် ပြည့်စုံသည်။
(adj.) charming; morally good, (nt,), goodness; merit; virtue;

welfare.Fortunate, blest, happy; beautiful, charming, pleasant;
good, virtuous
ဒါ့ကြောင့် တို့တွေအနေနဲ့ ပုထုဇဉ်ဆိုတဲ့ သူယုတ်သူကဏ်းသူရူးဘ၀ကနေလုံဝ
မလွတ်မြောက်နိုင်သည့်တိုင်အောင် “ ကလျာဏပုထုဇဉ်”အဖြစ်လောက်တော့
တည်မှသင့်မယ်နော်။ သို့မှာသာ ..
ရဟန်းဖြစ်လည်း .. ဘုရားပုထိုးဂူကျောင်းစတာတွေကို ဖျက်ဖို့ရန်သြ၀ါဒပေး
ခြင်းအကုသိုလ်ဆိုးကိုရှောင်ကျဉ်နိုင်ပြီး .. နိုင်ငံနဲ့လူမျိုးဘာသာအကျိုးကို
သည်ပိုးဆောင်ရွက်နိုင်တဲ့သူဖြစ်နိုင်မယ်ဆိုတဲ့အကြောင်း အပ္ပမာဒစကားလေး
ပါးလိုက်ပါတယ်။ မပါးရတာလည်းကြာလှပြီလေ .. ။
REFERENCE
အင်္ဂလိပ်၊မြန်မာ၊ပါဠိအဘိဓာန်
ဆရာကြီးဦးဟုတ်စိန်
မည်သူမဆို ဤဓမ္မဒါနကုသိုလ်ရယူလိုပါက Share နိုင်ပါသည်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment