ဗီယက်နမ်မှာ (မဘသ)တို့ (၉၆၉)အဖွဲ့တွေမရှိပါဘူးသို့သော်လည်း
တရုတ်ကြီးကိုဆန္ဒပြနေကြပါပြီ။
မြန်မာပြည်မှာတော့ (မဘသ) တို့ (၉၆၉)ဆိုတဲ့ဖွဲ့တွေရှိတယ်ပြောတယ်
သို့သော်လည်း .. ရှေးဟောင်းသမိုင်းဝင် လယ်တီသိမ်နဲ့စေတီတော်ကို
မိုင်းခွဲ၊ ဒိုဇာနဲ့ထိုးတဲ့ တရုတ်ကြီးကို ချစ်နေကြတုန်းပါပဲ။
ဒါ့ကြောင့် .. အွန်လိုင်းပေါ်ကလူငယ်များသိစေရန်အလင်းအသိဝေငှ
လိုက်တာပါ။
ဗီယက်နမ်ရဲ့ရိုးရာရယဉ်ကျေးမှုတွေကို တရုတ်က မိုင်းခွဲဒိုဇာနဲ့မထိုးဘူး
သို့သော် ဗီယက်နမ်တွေရဲ့ အမျိုးသားရေးစိတ်ဓာတ်က ပြင်းထန်တယ်။
ဒါကို ယနေ့ခေတ်မြန်မာ့လူငယ်တွေအတုယူကြပါရန်တင်ပြလိုက်ပါသည်။
█ ░ အလင်းရှင် ░ █
ဗီယက်နမ်မှာ တရုတ် ဆန့်ကျင်ရေး တိုးမြှင့် ဆန္ဒပြ
14 May 2014 05:03(+0630)
တောင်တရုတ် ပင်လယ်က နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေတဲ့ နေရာမှာ
ရေနံတူးစင် ထားရှိမယ့် တရုတ်တို့ရဲ့ ဆုံးဖြတ်ချက် အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ
ဗီယက်နမ် နိုင်ငံမှာ အကြီးအကျယ် ဆက်လက် ဖြစ်ပွားနေပါတယ်။

ဗီယက်နမ် နိုင်ငံ တောင်ပိုင်း ဘင်ဒေါင်းမြို့မှာ ရှိတဲ့ တရုတ်ပိုင်
စက်ရုံတွေမှာ
ဆန္ဒပြနေကြတဲ့ ဗီယက်နမ် အလုပ်သမားတွေဟာ ထောင်ပေါင်းများစွာရှိပါတယ်။
ထိခိုက် ပျက်ဆီးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း တရုတ်တို့ရဲ့ လုပ်ရပ်ဟာ
ရန်စ ကျူးကျော်တဲ့ လုပ်ရပ်ဆိုပြီး ပြောထားပါတယ်။
တရုတ်တို့ရဲ့ အခုလို လုပ်ရပ်ဟာ ဗီယက်နမ်တွေကို အကြီးအကျယ် ဒေါသထွက်စေပြီး
အငြင်းပွား ရေပိုင် နက်နေရာမှာလည်း နှစ်နိုင်ငံ သင်္ဘောတွေဟာ မတိုးသာ မဆုတ်သာ
အခြေအနေမျိုး ဆိုင်နေကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

No comments :
Post a Comment