၁၉၁၈ မှာဆာရယ်ဂျင်နယ် ကရက်ဒေါက်၊ဘုရားပေါ်ဖိနပ်စီးတော့
ဗမာတွေကန့်ကွက်ခဲ့ကြတယ်။
ကဲ . .. အခုကြည့်ပါဦး
ဘု၇ားပေါ်ဖိနပ်စီးတဲ့မယဉ်ကျေးတဲ့သူတွေက
ယဉ်ကျေးမှုဝန်ကြီးဖြစ်တယ်။
ရဟန်းရှင်လူပြည်သူကို သေနပ်နဲ့ပစ်သတ်တဲ့စစ်ခွေးတွေက
သမ္မတဖြစ်တယ်။
ကောင်းကြသေးရဲ့လား .. ဗမာပြည်ရယ်။
ကဲ .. ဗမာပြည်က အမျိုးဘာသာကိုချစ်ပါတယ်ဆိုတဲ့သူတွေရေ ..
မျိုးချစ်ပွဲလေးတစ်ပွဲလောက်ခင်းကျင်းပြသပါဦးလား။
မှတ်ချက်။
၁၉၁၈ ပဲခူးငလျင်မှာ ရွှေမော်ဓောစေတီတော်ကြီး စိန်ဖူးတော်မြေခတော့ ရွှေမော်ဓော ဘုရားပေါ်အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျင်နယ် ကရက်ဒေါက်
(Sir Reginald Craddock) က ဖိနပ်စီးတက်ရောက်ကြည့်ရှုခ
အဲဒါကိုမြန်မာပြည်သူတွေ က အမျိုးသားရေးစိတ်ဓာတ် နိုးထစွာအုံကြွကာ ကန့်ကွက် ကြတာကြောင့်''ဘုရားရင်ပြင်တော်ပေါ်တွင် အင်္ဂလိပ် နှင့် ဥရောပလူမျိုးများမှ အပ ဖိနပ်မစီးရ '' ဆိုတဲ့ ဆိုင်းဘုတ်နေရာတွင်
''မည်သူမျှ ဖိနပ်မစီးရ'' ဆိုတဲ့ ဆိုင်းဘုတ် စိုက်ထူပေးနိုင်ခဲ့သည်အထိဗမာတွေ
အမျိုးဘာသာချစ်စိတ်ပြင်းထန်ခဲ့သည့်အတွက် တနိုင်ငံလုံးကို ဦးဆောင်၍ရန်
ကုန်မြို့ ဂျုဗလီဟော မှာ အစည်အဝေးကြီးကျင်းပကာ ကန့်ကွက်ခဲ့တဲ့ဂျီစီဘီအေ
အသင်းကြီးမှကန့်ကွက်ခဲပါသည်။ ယင်း ကရက်ဒေါက်ဆိုသူအင်္ဂလိပ်ဘုရင်ခံအား
ကရက်ဒေါက် ထွက်သွား ဆိုပြီး ရဲရဲတောက်ဆိုခဲ့တဲ့ အမျိုးသားရေးဆရာတော်
ဦးဥတ္တမ တို့မှ ဦးဆောင်ဆန္ဒပြခဲ့သော်လည်း . . အင်္ဂလိပ်လက်အောက်မှာတောင် အမျိုးဘာသာသာသနာကိုကာကွယ်နိုင်ခဲ့သော်လည်း ..
အခု စစ်ခွေးများလက်ထက်မှာတော့ ..
ဝန်ကြီးဆိုသူတွေ သမ္မတဆိုသူတွေ ဘုရားပေါ်ဖိနပ်စီးတာကို မျိုးချစ်တွေအိပ်မော
ကြကာ ရူးချင်ဟန်ဆောင်နေကြတာထက်။ သမိုင်းဝင်ရှေးဟောင်းလယ်တီသိမ်နှင့်]
စေတီတောမြတ်တို့အား ဒိုဇာနှင့်ထိုးကော်ဖျက်ဆီးခဲ့တာကိုလည်း ယင်းမျိုးချစ်ခေါင်း
ဆောင်ဘုန်းတော်ကြီးများ (၉၆၉)ဆိုသောအဖွဲ့အစည်းများကငြိမ်တုတ်လက်ခံနေ
သည်မှာ မြန်မာနိုင်ငံရဲ့အနာဂတ်ကာလအတွက် ဗုဒ္ဓဘာသာသည် ရင်လေးစရာ
ပင်ဖြစ်ပါတော့သည်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment