.

AlinShin

Tuesday, March 25, 2014

သံဃာတော်အရှင်များထံသို့အလင်းရှင်မှအရေးတကြီးလျှောက်ထားခြင်း

အကြောင်းအရာ ။။မွတ်ဦးကိုနီလောက်မှမားမားမတ်မတ်ရပ်တည်မှုမရှိကြ
အထက်အကြောင်းအရာပါနှင့်ပတ်သက်၍ ဘုရားတပည့်တော်မှ ဗုဒ္ဓရှင်တော်
ဘုရား၏ ရွှေမျက်နှာတော်အောက်မှ ဖ၀ါးတော်ကိုခိုကိုးဦးတိုက်ရင်းသံဃာတော်
များအား ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။
ဘုရားရှင်သည် ပရိနိဗ္ဗာန်မစံလွန်မီကတည်းက သံဃခေါင်းဆောင်ဟူ၍ မထားခဲ့
သလို ဘုရားရှင်ကိုယ်တော်တိုင်ပင်လျှင် သက်တော်ထင်ရှားရှိနေတုန်းကပင်လျှင်
သူ့ကိုယ်သူသံဃခေါင်းဆောင်ဟူ၍ မခံယူထားကြောင်း အရှင်အာနန္ဒာအားပြော
ကြားခဲ့သည်ကို “မဟာပရိနိဗ္ဗာနသုတ်” တွင်အထင်အရှားတွေ့မြင်ရပါသည်။
ဇာတကပိဋကတ်များတွင်မူ ခေါင်းဆောင်ကောင်းသည်လိုအပ်ကြောင်းဟောကြား
ထားသည်ကိုလည်း ဘုရားတပည့်တော်တို့သံဃာများသိထားပြီးသားဖြစ်ပါသည်
ဘုရား။
ယခုအခါတွင် ဇာတကပိဋကတ်တွင်လာသော ခေါင်းဆောင်ဟူသည် လူရှင်ရဟန်း
ထဲတွင် တစ်ယောက်တစ်ပါးမှမရှိပါဟု သုံးသပ်မိသည်။ အကြောင်းမူကား ..
(၁) စက်တင်ဘာသတွင် သံဃာကိုစစ်ခွေးမှပစ်သတ်သည်
(၂) အပြစ်မဲ့ရဟန်းတော်များအားထောင်သွင်းအကျဉ်းချသည်
(၃) လက်ပတောင်းတောင်တွင် မီးလောင်ဗုံးနှင့်ပစ်သတ်သည်။
(၄) လယ်တီသိမ်ဟောင်းနှင့်ရှေးဟောင်းသိမ်တို့အား မကန့်ကွက်။
ထိုသို့သောအကြောင်းများကို အရှင်ဘုရားများ သုံးသပ်တော်မူကြပါရန်အသိပေး
အပ်ပါသည်ဘုရား။
ဇာတကပိဋကတ်တွင်လာသော ခေါင်းဆောင်သည် ရှေ့ဆုံးမှရပ်တည်ကာအသေ
ခံခဲ့သည်။ ဒီကနေ့ မြန်မာပြည်တွင် ဘယ်သူများအသေခံရပ်တည်ခဲ့သလည်းဆို
တာအထူးပြောစရာမလိုပါ။
ဥပမာပြရလျှင် . .
မွတ်ဆလင်လူမျိုး ရှေ့နေတစ်ဦးဖြစ်သူ ဦးကိုနီလောက်မျှပင်လျှင် မီမီတို့ဗလီကို
အကာအကွယ်ပေးခဲ့သော သံဃခေါင်းဆောင် တစ်ယောက်မှမရှိသည်ကိုလည်း
အရှင်ဘုရားများသိကြပြီးဖြစ်ပါသည်။ ပုထုဇဉ်မို့ အနာမခံနိုင်လျှင် ဘာ့အတွက်
ပလ္လင်ပေါ်တက်ပြီးအယောင်ဆောင်နေကြပါသလဲ ?
ဘုရားအလောင်းထုံးကိုနှလုံးမူ၍ အသေခံရဲသောသတ္တိဖြင့် လယ်တီသိမ်ကိုကာ
ကွယ်သင့်ပါသည်။ သိမ်တစ်လုံးအတွက်ဆုံးရှုံးရခြင်းထက် လုပ်ထုံးလုပ်နည်းများ
ရာသက်ပန်တည်သွားနိုင်သည်ကို ငဲ့ရှု့သင့်ပါသည်ဘုရား။
ဥပဒေသည် စီရင်ထုံးတွင်မူတည်သည်။ စီရင်ထုံးသည်လည်း ဥပဒေအကျိုးသက်
ရောက်မှုရှိသည်။ ထို့ကြောင့် (မဟန)ဥက္ကဌသည် ပိဋကတ်၊အဋ္ဌကထာ၊ဋီကာစ
သည်တို့ဖြင့်အညီ ဘဏ္ဍာစားပေး၍ စေတီ၊သိမ်၊ကျောင်း၊မုဒ်ဦးလေးမျိုးတို့ကိုဖျက်
ကောင်းသည်ဟု လယ်တီသိမ်သြ၀ါဒပေးပွဲတွင် ပြောကြားခဲ့သည်။ယင်းကိုမှန်
သည်မှားသည်ဟု ၀ိနိစ္ဆယဖွဲ့၍ ခုံရုံးတင်ရန်မလိုပါ။ လောကဥပမာနှင့်ပင်လျှင်လုံ
လောက်ပါသည်ဘုရား။
ထိုလောကဥပမာကိုဘုရားတပည့်တော်ပမာပြုရပါလျှင် ..
(၁) ရွှေတိဂုံစေတီတော်မြတ်ကြီးကိုသော်လည်းကောင်း
(၂) အသောကမင်းတြားကြီးကိုးတိုင်းကိုးဌာနတွင်သာသာပြုဖြင့်သိမ်ကိုးသိမ်ကို
ရန်ကုန်မြို့တွင်ရှိသည်(ကိုးလုံးမပြည့်တော) ယင်းသိမ်တော်ကြီးများကို၎င်း
(၃) မြန်မာလူမျိုးများအထွဋ်အမြတ်ထားသည့် ထိုစေတီပုထိုးများအား၎င်း
ယင်းတို့ကို တရုတ်ဝမ်ပေါင် စစ်ခွေးတို့က လက်ပတောင်းတောင်ကဲ့သို့ ရတနာ
သိုက်များရှိသောကြောင့် “ဘဏ္ဍာစားပေး၍” ဖျက်ခိုင်းလျှင်အရှင်ဘုရားတို့ဒီအတိုင်း
ငြိမ်ခံနေကြမှာလားဘုရား .. . . ။
အို . . . သံဃာတော်အရှင်သူမြတ်တို့ဘုရား .. .
ပိဋကတ်စာတက်တိုင်း ၊ ရဟန်းဝါသိက္ခာကြီးတိုင်း အမှန်မဟုတ်ကြောင်းကို အရှင်
ဘုရားများတပည့်တော်ကဲ့သို့ သိတော်မူပြီးဖြစ်ပါသည်ဘုရား .. (ကပိလ၀တ္ထု)
ထို့ကြောင့် မြန်မာနိုင်ငံတွင် ထို(မဟန)ကြီးများလုပ်ရပ်ကို သံဃာထုတစ်ရပ်လုံးမှ
ကန့်ကွက်ဆန္ဒပြသင့်သည်ဖြစ်ကြောင်း . .
ဘုရားတပည့်တော်အလင်းရှင်မှ ခြေတော်ဦးခိုက်ကာလျှောက်ထားဝံ့ပါသည်ဘုရား။
မှတ်ချက်။ လိုတိုရှင်းလျှောက်ထားရခြင်းကိုသည်းခံတော်မူကြပါဘုရား။
ဖတ်မိသူများ Share ခြင်းဖြင့်သာသာပြုကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဘဒ္ဒန္တကောဝိဒ (ထောင်ထွက်)
ကလောင်အမည် █ ░ အလင်းရှင် ░ █
ဇမ္ဗူဒီပကျောင်း
စမ်းချောင်းမြို့နယ် ၊
ရန်ကုန်တိုင်းဒေသကြီး ၊

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget