.

AlinShin

Tuesday, March 25, 2014

အလင်းရှင်ဆရာတော်ပြောသောဣစ္ဆာသယစကားလုံးများကိုသီကုံးခြင်း

◄►✂•••× ✂•••× ◄►✂•••×✂•••×◄►✂•••×✂•••×◄►
စစ်ရေးဗျူဟာရေးမကျမ်းကျင်မှုကြောင့် အန်အယ်ဒီနောက်ခေါက်ကျသွားတာပါ။
ပြန်ပြီးအဖက်ဆယ်ရင်တော့ မသိဘူးနော်၊ ကိုယ်ကအဖက်ဆယ်ပေမယ့်အရိုးပါလာ
မှာလည်းကြောက်ရသေးတယ်။ သူ့အဖွဲ့ထည်းမှာ အင်ဖေါ်မှာကသုံးပုံပုံရင်တစ်ပုံ
လောက်ရှိမယ်။ အဲဒါကြောင့် နိုင်ငံရေးဇာတ်ခုံမှာ စစ်ခွေးတွေသွင်းချင်းတိုင်ဂိုးသွင်း
လို့ရနေတာပါ။ ဘယ်ခြေပြ တာကို ဒေါ်စုကြည်က တကယ်ဘယ်ခြေနဲ့ကန်မယ်
ထင်နေတယ်။ ဒါနဲ့အဲဒီဘယ်ခြေပေါက်ကို ဒေါ်စုကြည်ကလှမ်းပိတ်လိုက်တယ်  . .၊။
ဟော  . . ကြံ့ဖွတ်က ညာခြေကို အားတောင်ပြင်းပြင်းမသုံးဘူး ခပ်ဆတ်
ဆတ်လေးနဲ့ဂိုးဝရှေ့ချပေးလိုက်တာပါ။ဘာမှကိုအားမထည့်လိုက်ဘူးနော်။
သွားပြီ  . .  တစ်ဂိုး  . .အဲဒီလို ဂိုးပေါင်းကို ရေကြည့်ရင်  . .
(၁) ဘင်္ဂါလီသားဖေါက်အရေး 
(၂) လက်ပတောင်းတောင်အရေး
(၃) သံဃအရေး 
အဲဒီ သုံးဂိုးထဲနဲ့ ဒေါ်စုကြည်ရှုံးသွားတာပါကွာ။သူ့ကို သနာလို့ဆိုပြီး မိန်းမသား
တစ်ယောက်ကို စစ်ခွေးတွေကန်ချင်တိုင်းကန်ပြီးဂိုးသွင်းယူနေတာကိုကမ္ဘာ့
ခေါင်းဆောင်ကြီးတွေကသိတယ်။ ဒီတော့ မြန်မာပြည်ကဘုန်းကြီးတွေကို
စစ်အစိုးရပေးသလို အဂ္ဂမဟာပဏ္ဍိတ ဂလုဂလဲ့ ဘွဲ့မျိုးတွေကို ဆယ်ရာချီပြီး
ပေးပါတယ်။
ပေးသော်လည်းပဲ  ..  ကာယကံရှင်ဒေါ်စုကြည်က တို့ပိဋကတ်ထဲက
သောက်သုံးမကျတဲ့သိကြားမင်းသားလိုဖြစ်နေတယ်  .. 
အဖေဖြစ်သူကသြေ့ပီးနောက်သိကြားမင်းဖြစ်သွားတယ်။ သားတစ်ယောက်ထဲမျက်နှာငယ်
မှာစိုးလို့ဆိုပြီး (ဣစ္ဆာသယအိုး)တစ်လုံးကို ဖန်ဆင်းပေးပြီးသကာလ . . 
“ ငါ့သား ”
“ အဖေကတော့ နတ်တို့သေနင်းသိကြားမင်းဘ၀ရောက်နေလေတော့ ”
“နတ်ရေးနတ်ရာကိစ္စများကြောင့်မအားလပ်ဘူး ”
“ဒါ့ကြောင့်မင်းကို အမြဲမစောင့်ရှောက်နိုင်ဘူးကွယ်”
“ အေး ” “ သို့သော်လည်း ဒီအိုးလေးထဲကနေ မင်းလိုရာများယူသုံးဆောင်”
လို့မှာပြီးနတ်ပြည်ပြန်တက်သွားတယ်။
စောက်သုံးမကျတဲ့ သားက ဘာလုပ်တယ်ထင်လည်းအဲဒီဣစ္ဆာသယအိုးထဲကနေ 
အရက်ပဲနှိုက်သောက်တယ်။ အရက်ကြိုက်တဲ့ဘော်ဘော်တွေနဲ့ Every Time 
အရက်ပဲသောက်တယ်။ 
◄► စာကြွင်း(ဟင်း ဒီလိုမျိုးဆိုရင် တို့ရဲ့ ဒကာတော်များဖြစ်တဲ့ Tharr Soe
◄► ၊ကိုရဲနောင်၊Tig Er တိုးကြီး၊ Min San စသည့်ဖြင့် ဘော်ဘော်တွေနဲ့
◄► သာတွဲပေးလိုက်ရင်ဘာပြောကောင်းမလဲ )
ဟဲ  . . ဟဲ  . .အမြည်းကလည်း လိုရရသကိုးကွ  . . 
ချိုးကျော် ၊ ကြက်ကျော် ၊ ၀တ်သားသားကင် ၊ ၀က်ပေါင်ခြောက်
ကြိုက်တာသာအာရုံပြုနှိုက်လိုက် ပါလားပြီးသားကိုး  .. ။
ကဲ ချုံ့ရရင် တစ်နေ့တော့  အရက်မူးမူနဲ့ အဲဒီဣစ္ဆာသယအိုးလေးကျကွဲပါလေရော။
ဒါပုံပြင်မဟုတ်ဘူးကွ။ တို့ငယ်စဉ်ကိုရင်ဘ၀လောက်ကသင်ခဲ့ရတဲ့ဇာတကပိဋကတ်
ဒီတော့ မင်းတို့ငါတို့လူထုခေါင်းဆောင်က အဲလိုဖြစ်နေတယ်  . .
ကမ္ဘာကပေးတဲ့ ဣစ္ဆာသယဘွဲ့တွေကို  ..  အလွဲအသုံးချနေတယ်။
ဘင်္ဂါလီမှာအသုံးချတယ်။ အဲဒါမှားတယ်။ အသုံးချရမှာက လက်ပတောင်းတောင်မှာ
ပါ။ အဲဒီမှာသာပြတ်ပြတ်သားသားအသုံးချလိုက်ပါက ဒီကနေ့ စစ်ခွေးဆိုးသန်းရွှေနဲ့
သမဒသိန်းစိန်မရှိတော့ဘူး  .. ပွဲသိမ်းသွားပြီ  .. 
ဟော  . .  အခုတော့မှ 
သူက တရုတ်ကိုဘာဖြစ်တယ်ညာဖြစ်တယ်စပြောတော့ ပွဲကသုံးဂိုးသုံည
နဲ့သိမ်းသွားပြီလေ  . . အေးကွယ်  ..  ဒီလိုလေးတွေကိုမင်းတို့နားလည်တက်ကြဖို့
ငါများ အပင်ပန်းခံရေးတာပါကွာ။ 
Like တာမ Like တာတွေ Share တာမShare တာတွေက သေရာပါတွေမဟုတ်ပါ
ဘူးကွာ။ အဓိကက နှလုံးသားထဲမှာ ဓမ္မတွေကိုယ်စီသယ်ဆောင်သွားတက်ဖို့ပါ။
(၁) ထောင်ထဲပြန်မသွားရဘူးဆိုရင်လည်းရေးနေဦးမယ်။
(၂) မသေသေးဘူးဆိုရင်လည်း ပြောနေဦးမယ်။
◄► မှတ်ချက်။ ◄►
အပုတ်ချဆောင်းပါးမဟုတ်ပါ၊ အခြားနိုင်ငံရေးသမားများလည်းအတု
ယူကျင့်သုံးနိုင်ရန်အတွက်သုတဆောင်းပါးအဖြစ်အပင်ပန်းခံရေးပေးတာပါ။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget