သို့ /
ဆရာတော် ဘဒ္ဒန္တ ကုလရက္ခိတ
ခေတ္တ၊ ယိုးဒယားတက္ကသိုလ်
ဆရာတော်ရေ . ..
တပည့်တော်လည်း . . စာရေးရရင်ပြီးရောဆိုပြီး ပေစ့်ကိုမကြည့်မိဘူး။
ပေစ့်ကိုဘယ်လိုသုံးရမှန်းမသိဘူး။ အားနားမိပါတယ် ဆရာတော်ရေ ..
တပည့်တော်ရဲ့အားနည်းချက်ကတော့ နည်းပညာကိုမကျွမ်းကျင်ခြင်းပါပဲ။
အရှင်ဘုရားရဲ့ message ကိုလည်းတပည့်တော်မဖွင့်တက်ဖြစ်နေတယ်။
ဒါ့ကြောင့်အရှင်ဘုရားမိန့်ကြားတာကိုတပည့်တော် အားလုံးစုံမသိရ၍
ဘယ်လိုပြန်လျှောက်ထားရမည်ကိုမသိပါတော့ပါဘုရား။
တပည့်တော်အား ချက်ဘောစ်မှနေ၍ လိုအပ်သည်များကိုမိန့်ကြားပါရန်
ခြေတော်ဦးခိုက်၍လျှောက်ထားပါသည်ဘုရား ။
ဟိုတစ်လောကကတော့ ချက်ဘောက်စ်ကို ပိတ်ထားရတယ်ဘုရား၊
ဂလယ်အူကြောင်တွေလာနှောက်နေလို့ ပါဘုရား။ အခုဖွင့်ထားပါတယ်ဘုရား
ဆရာတော်လည်း ကျန်းမာရေးဂရုစိုက်ပါဘုရား။ ရခိုင်ငြုတ်သီးထောင်းကို
တွေ့တိုင်းဆရာတော့တို့အားလုံးကို သတိရပါသည်ဘုရား။
ဘုရားတပည့်တော်က ဗမာဆိုသော်လည်း ရခိုင်သားတို့ရဲ့ခံစားချက်များ
ရပိုင်ခွင့်များကိုသိပါသည်ဘုရား။ အစိုးရအဆက်ဆက် အရှင်ဘုရားတို့ရခိုင်
တိုင်းရင်းသားများအားနှိပ်စက်ထားတာကို စာဖတ်တက်သူလေ့လားသူတိုင်း
သိပါသည်ဘုရားဒီအတွက်လည်း ဘုရားတပည့်တော်သည် များစွာနှလုံးမ
သာမယာဖြစ်ရပါသည်ဟုလျှောက်ထားလျှင် ယုံကြည်တော်မူပါဘုရား။
ဘုရားတပည့်တော်သည် လွတ်လပ်သောဗုဒ္ဓ၀ါဒီသမားတစ်ယောက်စစ်
စစ်ဖြစ်ပါသည်ဘုရား။
တပည့်တော်သည်စာချစ်သူပီပီ တပည့်တော်၏ဒဿနအဆိုကိုတင်ပြလျှောက်
ထားရပါမူ၊ ဗုဒ္ဓ၀ါဒသမားစစ်စစ်ဖြစ်ဖို့ရန်တစ်လက်စတည်းအများသိရန်ပြောကြား
လိုသည်ကား . . . .
ဗုဒ္ဓ၀ါဒသည် မလွတ်လပ်သောဝါဒမဟုတ်ပါ။
ဗုဒ္ဓ၀ါဒသည် အရာခပ်သိမ်းဆုတ်ကိုင်ထားသောဝါဒမဟုတ်ပါ။
ဗုဒ္ဓ၀ါဒသည် အနိစ္စတရားကိုနှလုံးသွင်း ဒုက္ခတရားကိုယောနိသောမနသိကာရဖြင့်
ရှု့ဆင်ခြင်ကာ အနတ္တအလိုကို သည်းခံဖြည့်ကျင့်သောဝါဒဖြစ်ပါသည်ဘုရား။
ဗုဒ္ဓ၀ါဒသည် စစ်ခွေးဆိုးများနှင့်မထိုက်တန်ပါ။
ဗုဒ္ဓ၀ါဒသည် သင်္ကန်းဝတ်ရုံဖြင့်မပြီး လောဘကိုပယ်သတ်နိုင်ရန်သာဖြစ်သည်။
ဗုဒ္ဓ၀ါဒသည် လောဘကိုပယ်သတ်ပါက လူအဖြစ်လည်းရန္တာဖြစ်နိုင်သည်။
ဗုဒ္ဓ၀ါဒသည် အ၀တ်အရောင်ကိုဦးစားမပေး မဂ္ဂင်တရားရှစ်ပါးကိုသာအလေးထားသည်။
ဗုဒ္ဓ၀ါဒသည် အသက်ဝါပိဋကတ်အာဂုံဆောင်မှုကိုဦးစားမပေး အကျင့်စရဏကိုသာ . .
စသည်ဖြင့် စသည်ဖြင့် ပေါ့ဘုရား
ထို့ကြောင့် ဆရာတော်များရခိုင်သံဃာထုအားလည်းကောင်း . . ရခိုင်တမျိုးသားလုံး
အားလည်းကောင်း .. အခြားသောတိုင်းရင်းသားအသီးသီးအားလည်းကောင်း ..
ဘုရားတပည့်တော်ရင်ထဲတွင် မိရင်ဘရင်းညီရင်းအစ်ကိုသဖွယ် တစ်သားတည်းရှိ၍
အရှင်ဘုရားများပူပင်ပါက တပည့်တော်နှလုံးတွင်လည်းပူပင်ရပါသည်ဘုရား အရှင်
ဘုရားများ ရွှင်လန်းပါက တပည့်တော်နှလုံးအိမ်တွင်လည်း ရွှင်လန်းရပါသည်ဘုရား
သို့ဖြစ်ပါ၍ . . .
အရှင်ဘုရားများသည် ပြည်ပတက္ကသိုလ်များတွင် ဆွမ်းကွမ်းအစရှိသောပစ္စည်းလေး
ဖြာများပြည့်စုံ၍ ကာယအားဉာဏအားများဖြင့် သာသနာဝန်နှစ်ဖြာကိုအားထုတ်နိုင်
ကြပါစေဟု . . .
ခြေတော်ဦးခိုက်၍ လျှောက်ထားဝံ့ပါသည်ဘုရား။
ဘဒ္ဒန္တကောဝိဒ (ထောင်ထွက်
ကလောင်အမည် █ ░ အလင်းရှင် ░ █
ဇမ္ဗူဒီပကျောင်း
စမ်းချောင်းမြို့နယ် ၊ရန်ကုန်တိုင်းဒေသကြီး

No comments :
Post a Comment