.

AlinShin

Sunday, January 26, 2014

သံဃအားဘုရားမလွန်သာ

သံဃအား ဘုရားမလွန်သာ .. တဲ့ ဒီစကားပုံလေးက
ပိဋကတ်ထဲကထွက်လာတာပါ။ ဒါကိုလူတွေကအလွယ်ကြားနေတော့
သူပြောကိုယ်ပြောစကားပုံလို့ထင်ကြတာ။ မဟုတ်ပါဘူး။
ဒီစကားဟာ ကောသမ္ဗီပြည်မှာသံဃာ့အရေးအခင်းကြီးဖြစ်တော့

သံဃာနှစ်ခြမ်းကွဲသွားတယ် ..
(၁) သုတ္တန်ဆောင်အဖွဲ့နဲ့ (၂)၀ိနည်းဆောင်အဖွဲ့ဆိုပြီးသံဃအုပ်စုကြီး
ဟာ နှစ်ခုပြိုကွဲသွားတယ်။ အဲဒီ ဇာတ်လမ်းကနေစပြီး (သံဃအားဘုရား
ဘုရားမလွန်သာ) ဆိုတဲ့ စကားပုံကပေါ်လာတာ။ ဒီအကြောင်းကိုပြောရင်
သုတ္တန်တစ်ခုလုံးကိုထုတ်ရမှာမို့ ချန်ထားပါရစေဟုတောင်းပန်ပါတယ်။
ဒီတော့က သံဃအားကို ဘုရားက မလွန်ဆန်နိုင်တာမျိုးမဟုတ်ဘူး
သံဃာကိုဘုရားနိုင်တယ် . . သူဖွဲ့စည်းပေးခဲ့တဲ့ သံဃကိုဘုရားရှင်ဟာ
ကောင်းစွာအုပ်ချုပ်နိုင်တယ် . . သို့သော် နောက်နောင်နောက်နောင်လူ
တွေအတွက် နည်းဥပဒေသများကို ရစေချင်လို့ တမင်ပဲကောသမ္ဗီအရေး
အခင်းကို ဘုရားရှင်မျက်နှာလွဲခဲ့တယ်လို့ . . အလင်းရှင်သုံးသပါတယ်။
နောက်တစ်ခုက အဲဒီသုတ်ကိုဖတ်ရင် . .
ဘုရားရှင်ဟာ သူ့သားသံဃာတော်တွေကို အလိုလိုက်တယ်ဆိုတာထင်
ရှားတယ် . . ။ သားဆိုးကိုပိုချစ်တယ်ဆိုတဲ့ ဥပဒေသက အဲဒီသုတ်မှာ
တွေ့ရတယ်။ နောက်တစ်ခုက .
(သံဃာကို ဘယ်သူမှမထိနဲ့ရ) ဆိုတဲ့ ဥပဒေသကိုဖေါ်ပြချင်တာလို့လဲ
အလင်းရှင်ယူဆတယ်။ ဒါ့ကြောင့်သံဃအားကိုဘုရားမလွန်သာ ဆိုတာ
ဘုရားရှင်မနိုင်နင်းတာမျိုးမဟုတ်ဘူး .. ချစ်လို့ အလိုလိုက်တာပါ။
နောက် .. ဒီနေ့ခေတ်သံဃာခေါင်းဆောင်ဆိုသူထေရ်ကြီးဝါကြီးများကို
လည်း ဘုရားရှင်က (ငါတောင်သံဃာကို အနှိပ်ကွပ်ဘူး . . မင်းတို့လည်း
မနှိပ်ကွပ်နဲ့) ဆိုတဲ့ Lesson ပေးခဲ့တာလည်းဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ဘုရားရှင်ရဲ့ တပည့်သားသံဃာတော်များသည် . ..
ပုဂ္ဂလမျက်နှာကိုမကြည့်ကြပါနဲ့ . . ဓမ္မမျက်နှာကိုသာကြည့်ပါလို့
အပ္ပမာဒစကားဆိုလိုက်ပါတော့သည် .. ။

█ ░ အလင်းရှင် ░ █
 
Photo: သံဃအားဘုရားမလွန်သာ
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget