သံဃအဖွဲ့အစည်းကြီးဖြစ်ပေါ်လာဖို့ဆိုရာမှာ ဗုဒ္ဓဟာ အတော်ကို
ကြိုးစားခဲ့ရတာပါ။ ဘုရားဖြစ်ခြင်းခြင်းမှာတောင် သံဃာရတနာ
ဆိုတာ မပေါ်သေးပါဘူး။ ဘုရားဖြစ်ပြီးဝါဆိုတော့မှ ပဉ္စ၀ဂ္ဂီငါးပါး
ပေါ်လာတယ် နောက်ဝါထွက်တော့မှာပဲ သံဃာရတနာဆိုတာ
အထင်အရှားပေါ်ခဲ့ရတာပါ . . .။
ပိဋကတ်ကိုလေ့လာရင် ဗုဒ္ဓဟာ သူတည်ထောင်ခဲ့တဲ့ သံဃာကို
ဘယ်လောက်အထိမျှော်လင့်ခဲ့တယ် . .
ဘယ်မျှ အလိုလိုက်ခဲ့တယ် . .
ဝိနည်းဥပဒေသတွေမှာ ဒီလိုတင်းထားသော်လည်း ဟိုလိုပြန်လျှော့
ပေးထားတာတွေကို တွေ့ရတာဟာ .. သူ့သားသံဃာတွေကိုချစ်လို့ပေါ့။
ဥပမာကွာ .. မင်းတို့သိနေတာလေးထုတ်ပြောမယ်
နေ့လွဲညစာစားလို့မရဘူး .. သို့သော် အစာအိမ်ရောဂါတယ်ကယ်ရှိရင်
စားလို့ရပါတယ် . .။ အဲလိုလေးတွေ အရှော့အတင်းလေးတွေနဲ့သူ့
သားသံဃာရတနာများကို အလိုလိုက်ခဲ့တဲ့ ဖခင်ပါ။
တကယ်ကိုပဲ သံယောဇဉ်ထားခင်တွယ်ခဲ့တယ်ဆိုတာသိပါလိမ့်မယ်။
အခြားဘယ်သုတ်ကိုမှမကြည့်နဲ့ . .
ကောသမ္ဗိသုတ်ကိုပဲ ဖတ်ကြည့်ပါ .. ။
သံဃရတာကိုဗုဒ္ဓဘယ်လောက်အလိုလိုက်တယ်ဆိုတာ တွေ့ပါလိမ့်မည်။
တို့တွေ ဒီနေ့အထိ ဗုဒ္ဓကိုချစ်နေတယ်ဆိုတာ . ဗုဒ္ဓကိုတိုင် တို့ရဟန်းတွေကို
ချစ်ခဲ့လို့ပါပဲ။
လိုရင်းပြောရရင် . .
သံဃာဆိုတာ ဗုဒ္ဓမျက်နှာပဲငဲ့ရမယ် . . ပါတီမျက်နှာမငဲ့ရဘူး
မာတုဂါမမျက်နှာမငဲ့ရဘူး . . သံဃရှေ့မှ အသေခံရဲတဲ့သတ္တိမျိုးရှိမှ
ဘုရားကိုချစ်သော . . ဘုရားရှင်ရဲ့အလိုတော်ကိုငဲ့ကွက်သော . .
ဘုရားသားတော်စစ်စစ်ဖြစ်မှာပါ ..
အဲလိုမှမဟုတ်ဘဲ .. .
ပါတီမျက်နှာငဲ့ရင်တော့ . .အဲဒီရဟန်းဟာ သက်တော်ဝါတော်ဘယ်လောက်
ပဲရရ . . ပါတီသားပါ . .။
မာတုဂါမမျက်နှာငဲ့ကွက်ရင်တော့ အဲဒီရဟန်းဟာ . .သက်တော်ဝါတော်
ဘယ်လောက်ပဲရရ .. မာတုဂါမသားပါ။
ဒါ့ကြောင့် ဒီနေ့ခေတ် ဘုရားသားတော်ရဟန်းတော်များသည် ဆရာတော်
ဘုရားကြီးဦးဗုဓ်မိန့်မှတ်တော်မူသကဲ့သို့ . .
ဘုရားသားတော်များဖြစ်ကြပါစေ .. ဟု ဆန္ဒပြုမိပါတော့သည်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment