ဗုဒ္ဓဘုရားရှင်၏ရွှေမျက်နှာတော်ကို ငဲ့ကြည့်လိုပါက ..
ဤဆောင်းပါးကိုအများသိရန် ဝေငှတော်မူကြပါ .. ။
ပြောမယ်ဆိုရင် ငွေကိုင်နေတာကစပြီး သာသနာမှာပြဿနာတက်
နေတာပါ။ ဒါ့ကြောင့်ဒေါင်းဒင်္ဂါးတွေပေါ်တော့မြန်မာပြည်မှာတဘောင်
ပေါ်ခဲ့တယ်။ (ပျိုတို့မောင်ဝါ၀ါ ၀တ်ကို ဒေါင်းခွပ်ချီးလေး) တဲ့ ဒါကို သာသနာအတွက်ရင်လေးတော်မူသောကြောင့် ဒီအကြောင်းကို
မဟာဂန္ဓရုံဆရာတော်ကြီးက အဂါတ်သာသနာရေးကျမ်းစာအုပ်
မှာ သြ၀ါဒမှတ်ချက်ပေးထားခဲ့ပါတယ်။ (ခြင်္သေ့မင်းတန်ခိုးကြွယ်
တိုးလို့သာကွယ်) ဆိုတဲ့တဘောင်အရ ခြင်္သေ့ခေါ်ကြံ့ဖွတ်စစ်အစိုး
ရသတ်လို့(ခြင်္သေ့ကိုက်လို့) သံဃာတွေပျံလွန်တော်မူ အချို့လည်း
ထောင်ကျ နောက်ဆုံးမထွက်မဖြစ်ထွက်ကြရတယ်။
အခုတစ်ခါ မွတ်ဒေါင်းဆိုတဲ့ စကားကပေါ်လာတော့
“ ပျိုတို့မောင်ဝါ၀ါဝတ်ကိုဒေါင်းခွပ်ချီလေး’’ ဆိုတဲ့တဘောင်အတိုင်း
ရဟန်းသံဃာများဟာ ကုလားသတ်လို့သေရလေဦးမှာလား ?ဆိုတာ
တွေးမိတယ်။
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ လေ့လာတွေရှိချက်
အရ ဒေါင်းတံဆိပ်ပုံပါသောငွေများသည် သံဃာတော်တို့အားခွပ်
နေသည်ဟု အခွပ်ခံနေရသည်ဟုဆိုသည်။ တစ်ဆင့်ထပ်တွေးမိသည်
မှာ. . ငွေသည်လည်းရဟန်းတော်နှင့်မအပ်စပ်သလို . . အခုခွပ်ဒေါင်း
သည်လည်း ရဟန်းတော်များအား ခွပ်ပိတ်သတ်လည်လှီးရန် တ
ဘောင်ပေလော ဟု .. ငါအလင်းရှင်ဆရာတော်တွေးဆမိသည်နှင့်
အောက်ပါအတိုင်း . . သဠာယတန၀ဂ္ဂသံယုတ် ပါဠိတော်။ ၁၀ -
မဏိစူဠကသုတ်၊ ဂါမဏိသံယုတ်၊ ရေးချမိပါတော့သတည်း . .. ။
☛“ရွှေငွေကိုအပ်လျှင်သားမယားကာမဂုဏ်ငါးပါးလည်းအပ်ကုန်၏’’☚
ဒီစကားသည် ဗုဒ္ဓမှ မဏိစူ၏ဠကရွာသားကြီးကိုပြောခဲ့သောစကား
ပါ။ ဒီဇာတ်ကြောင်းလေးကိုပြန်ပြောင်းပြောရမည်ဆိုသော် . .
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို
အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်
မူ၏၊ ထိုအခါ နန်းတော်တွင် အညီအညွတ် စုဝေးထိုင်နေသော မင်းပ
ရိသတ်တို့အသိုင်းအ၀ိုင်းကြားတွင် . . .
☛ “သာကီဝင်မင်းသား မြတ်စွာ ဘုရား၏ တပည့်သား ရဟန်းတို့အား
ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့သည် ရွှေငွေကိုသာယာကုန်၏၊ သာကီဝင်မင်းသားမြတ်စွာ
ဘုရား၏ တပည့်သား ရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏’’☚
ဟူသော အကြားစကားသည် ဖြစ်ပေါ်၏။
အဲဒီအခါမှာ မဏိစူဠကရွာသူကြီးတစ်ယောက်ဟာလည်းပဲ ပြောဆို
နေတဲ့ ပရိသတ်၌ ထိုင်လျက်ရှိနေတယ်။ ဒါနဲ့ အဲဒီ မဏိစူဠကရွာသူ
ကြီးက ပရိတ်သတ်တွေအားလုံးကြားမြင်ရအောင်အခုလိုပြောလိုက်
တယ် ။
☛ “အရှင်တို့ ဤသို့ မဆိုကြကုန်လင့်၊ သာကီဝင်မင်းသား
မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့အား ရွှေငွေသည်
မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့သည် ရွှေငွေကိုမသာယာကုန်၊ သာကီဝင်မင်းသား
မြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ရွှေငွေကို
မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့ သည် ကျောက်မျက်နှင့် ရွှေငွေကိုပယ်ထားကုန်၏၊
ရွှေငွေမှ ကင်းကုန်၏ ’’ ☚
လို့ပြောလိုက်တယ် ။ အဲလိုသူအတွေးနဲ့သူပြောလာတဲ့ဒီစကားရပ်
ကို မှန်သည်မှားသည် အတည်ရှိသိရအောင်ဆိုပြီး ဘုရားရှင်ထံ
သွားရောက်ပြီး အဆိုပါဖြစ်စဉ်တစ်ခုလုံးကို မြတ်စွာဘုရားရှင်အား
အခုလိုပြန်လည်လျှောက်ထားတယ် ..
☛ “မြတ်စွာဘုရား ယခု နန်းတော်တွင်းဝယ်စုဝေးထိုင်နေသော
မင်းပရိသတ်၌ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာ
ဘုရား၏ တပည့်သား ရဟန်းများတို့သည် ရွှေငွေကို သာယာ
ကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား ရဟန်း
တို့သည် ရွှေငွေကို ခံယူကုန်၏’’ ☚
ဟူသော ဤအကြားစကားသည် ဖြစ်ပေါ်၏။
အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် ထိုပရိသတ်ကို.
☛ “အရှင်တို့ ဤသို့ မဆိုကြကုန်လင့်၊ သာကီဝင်မင်းသား မြတ်စွာ
ဘုရား၏ တပည့်သား ရဟန်းတို့အား ရွှေငွေသည် မအပ်၊သာကီဝင်
မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို
မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့သည် ရွှေငွေကိုမခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာ
ဘုရား၏ တပည့် သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို
ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်း ကုန်၏’’ ☚
ဟု ပြောဆိုခဲ့၏၊
အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့ဆိုသော် မြတ်စွာဘုရား၏ စကား
တော်အတိုင်း ဆိုသည်လည်း ဖြစ်ပါ၏လော၊မြတ်စွာဘုရားကို မဟုတ်
မမှန် မစွပ်စွဲသည် မည်ပါ၏လော၊ တရားတော်အားသင့်လျော်မှန်ကန်
သောတရားကိုလည်း ဆိုသည် မည်ပါ၏ လော၊ မြတ်စွာဘုရား၏ ၀ါဒကို
အတုယူ၍ ပြောခြင်းသည် အကြောင်းနှင့် တကွ ဖြစ်၍အကဲ့ရဲ့
ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါ၏လောဟု လျှောက်၏။
ရွာသူကြီးက အဲလိုလျှောက်ထားလိုက်တဲ့အခါမှာမြတ်စွာဘုရားရှင်က
☛ “ရွာသူကြီး စင်စစ် သင်သည် ဤသို့ ဆိုသော် ငါ၏
စကားအတိုင်း ဆိုသည်လည်း ဖြစ်၏၊ ငါ့ကို မဟုတ်မှန် မစွပ်စွဲသည်လည်း
ဖြစ်၏၊ တရားတော် အားလျော်သောတရားကို ဆိုသည်လည်း မည်၏၊
ငါ၏ ၀ါဒကို အတုယူ၍ ပြောခြင်းသည် အကြောင်းနှင့်တကွဖြစ်၍ အကဲ့ရဲ့
ခံရခြင်းသို့ အနည်းငယ်မျှ မရောက်။’’☚
☛ “ရွာသူကြီး မှန်လှပေ၏...
သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား
ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သား
ရဟန်းတို့သည် ရွှေငွေကိုမသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏
တပည့်သား ရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား
မြတ်စွာဘုရား၏ တပည့်သား ရဟန်း တို့သည် ကျောက်မျက်နှင့် ရွှေငွေကို
ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏။ ရွာသူကြီးရွှေငွေကိုအပ်သောသူ
အား (သားမယား) ကာမဂုဏ် ငါးပါးတို့သည်အပ်ကုန်၏၊ ကာမဂုဏ်ငါးပါး
အပ်သောသူကို စင်စစ်အားဖြင့်ရဟန်းသဘော မရှိ၊ သာကီ ၀င်မင်းသား
မြတ်စွာဘုရား၏ တပည့်သား သဘောမရှိ’’ ☚
ဟု မှတ်လေလော့။
☛ “ရွာသူကြီး စင်စစ်သော်ကား ငါသည် ဤသို့ ဟော၏ . . .
မြက်ကိုအလိုရှိသော သူသည် မြက်ကို ရှာသင့်၏၊
သစ်သားကိုအလိုရှိသော သူသည် သစ်သားကို ရှာသင့်၏၊
လှည်းကို အလိုရှိသော သူသည် လှည်းကို ရှာသင့်၏၊ (အလုပ်သမား)
ယောက်ျားကို အလိုရှိသော သူသည်
(အလုပ်သမား) ယောက်ျားကို ရှာသင့်၏’’☚
“ရွာသူကြီး {{အဘယ်နည်းနှင့်မျှ ရွှေငွေကို သာယာသင့်၏၊ ရှာသင့်၏}}
ဟူ၍ ငါဘုရား မဟော ’’ ☚
လို့မြတ်စွာဘုရားရှင်ဟာ ရွာသူကြီးကို သေချာစွာဟောကြားခဲပြီး
ရွာသူကြီးမှနေ၍ မင်းပရိတ်သတ်တို့ထံမှာပြောကြားလာခဲ့တဲ့စကား
ရပ်တွေဟာ အမှန်ပင်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သို အများပင်
သိမြင်လွယ်ကူနိုင်သော ဥပမာစကားရပ်ဖြင့်လည်း ပြောကြားခဲ့သည်။
ဒါ့ကြောင့် မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝန်ထမ်းရှင်ရဟန်းများသည်
တရားတော်နှင့်မလျှော်ကန်သော ၀တ္ထုငွေကြေးများကိုကိုင်ဆောင်
ကာ သာသနာပြုနေသည်ဟုပြောဆိုခြင်းသည် “ သာသနာဖျက်နေ
သည်နှင့်တူနေလား ? မတူဘူးလား? ဆိုတာ အထူးပြောနေရန်မလို
ပါ။ ဒါ့ကြောင့် သံဃခေါင်းဆောင်ဆိုသူများသည် သက်တော်ရွယ်
တော်များလည်းကြီးရင်နေကြပြီဖြစ်ရာကား .. ဒီသိက္ခာပုဒ်တော်ကို
လိုက်နာပြီး . . .
ခေါင်ထွဋ်အမိုးလုံခြုံပါက . .
တံစက်မြိတ်များသည်လည်း လုံဖွယ်ရာရှိကြောင်း . . .
ခေါင်းဆောင်ရှေ့နွားအဖြောင့်သွားလျှင် . .
နောက်လိုက်နွားတို့သည်လည်း အဖြောင့်သွားဖွယ်ရာရှိကြောင်း ..
ခေါင်ရေစီးဆင်းရာမြစ်ချောင်းရေမြောင်းနောက်သို့ . ..
နောက်ပါရေတို့သည်လည်း ထပ်ချပ်မကွာစီးဆင်းဖွယ်ရာရှိကြောင်း .
အလင်းရှင်ဟုသမုတ်သော ဘဒ္ဒန္တကောဝိဒ အမည်ရှိအညတရရ
ဟန်းတစ်ပါးသည် .. အသိပေးအပ်ပါသည်။
ဗုဒ္ဓမြတ်စွာသာသနာတော်သည် အပြောကောင်းအဟောကောင်း
နေရုံနှင့်မပြီး ၀ိနည်းအတိုင်းကျင့်ကြံ့နိုင်ဖို့သည်လည်း ပဓာနကျသည်
ဒီနေရာမှာ အလင်းရှင်အနည်းငယ်ဝေဖန်ပေးပါဦးမယ် ..
အချို့ကိစ္စလေးတွေဟာ ၀ိနည်တော်အရ သေးငယ်သောအာပတ်လို့
ပြောဆိုလို့ရသော်လည်း ယင်းသေးငယ်သောအာပတ်လေးက မဖြစ်
စလောက်ပင်ဖြစ်ငြားသော်လည်း ယင်းကိုမှီပြီးကြီးမားသော ပြဿ
နာရပ်သောင်းခြောက်ထောင်ဝင်လာပါသည်။ ဥပမာမော်တော်ကား
ဘရိတ်သည် နဲနဲလေးမိမိတာပါ။ အဲဒီနဲနဲလေးမမိတဲ့ ဘရိတ်ဟာ
အရှိုန်နှင့်ခရီးနှင်နေချိန်တွင် ယင်းကားအား အန္တရာယ်ချောက်ထဲသို့
ကျပေတော့မည်။
ရှေးကလူကြီးသူမများစကားပုံလေးကလည်း အဆင်သင့်နိုင်လှသည်
“ပေါက်ပင်ဘာ့ကြောင့်ကိုင်းရတယ် ဗျိုင်းနားလို့ကိုင်းရတယ်။ ဗျိုင်း
ဘာ့ကြောင့်နားရတယ် ငါးပေါ်လို့နားရတယ်။ ငါးဘာ့ကြောင့်ပေါ်ရ
တယ် ကျွဲလူးလို့ပေါ်ရတယ်။ ကျွဲဘာ့ကြောင့်လူရတယ် ဖြုတ်ခြင်
ကိုက်လို့လူးရတယ်။ ဖြုတ်ချင်ဘာ့ကြောင့်ကိုက်ရတယ် မိုးရွာလို့
ကိုက်ရတယ်။ မိုးဘာ့ကြောင့်ရွာရတယ် ဖားအော်လို့ရွာရတယ်။
ဖားဘာ့ကြောင့်ပေါ်ရတယ် မြွေကိုက်လို့အော်ရတယ်။ မြွေဘာ
ကြောင့်ကိုက်ရတယ် ငါ့ဝမ်းပူဆာမနေသာလို့ကိုက်ရတယ် .. ’’
တဲ့ . . ကဲ ဒီစကားပုံကိုစစ်ကြောဝေဖန်ကြည့်မယ်ဆိုရင် ‘ပေါက်
ပင်လေးကိုင်းညွတ်’ ပြဿနာဟာ အစဉ်တစ်စိုက်မီးခိုးတန်းလျှောက်
လိုက်သွားတယ်။ ပေါက်ပင်ကိုင်းရခြင်းရဲ ပြဿနာကိုကြည့်ရင် ကြား
ထဲမှာ ဆင်းပွားပြဿနာများလည်းမြောက်များစွာရှိကြောင်းသိနိုင်ပါ
တယ်။ ဒါ့ကြောင့် ပေါရဏခေါ်ရှေးပညာရှိများက ပဋိစ္စသမုဒ်ပါဒ် အ
ကြောင်းအကျိုးကို စီစစ်သုံးသပ်ဝေဖန်နိုင်ရန် ဒီစကားပုံဥပမာကို
ဥဒါန်းတွင်ရစ်စေတာပါ။
ဒါ့ကြောင့် သေးငယ်သောအာပတ်မှတိုင် အလိုလားအပ်သောအခြား
သော ပါရာဇိကကျလောက်သည့် ဂရုကအာပတ်များမဖြစ်ပေါ်စေရန်
တားမြစ်သင့်သည်။
“ပေါက်ပင်ကိုင်းညွတ်ရတာ ၊ ကျွဲလူးတာ ၊
ဖြုတ်ချင်ကိုက်တာ၊ ဗျိုင်းနားတာ’’
ဆိုတဲ့ စတဲ့ဖြစ်ကျိုးဟာ တကယ်တော့ မြွေတစ်ကောင်ရဲ့
ဆင့်ပွားဖြစ်စဉ်တွေလို့သိနိုင်ပါတယ်။ ဒါ့ကြောင့် မူလဘူတအကြောင်း
သေးငယ်သောအာပတ်မှဆီ . . ကျေကွဲဖွယ်ရာ ဂရုကအာပတ်များဆီ
သို့မကျရောက်စေရန် . . . ဗုဒ္ဓရှင်တော်၏ရွှေမျက်နှာတော်ကိုသာငဲ့
ကြည့်ရင်း . .ရေးသားအသိပေးလိုက်ရပေတော့သည်။
█ ░ အလင်းရှင် ░ █
ကျမ်းကိုး . .
၁၀ - မဏိစူဠကသုတ်၊ ၈- ဂါမဏိသံယုတ်၊
သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။
ပါဠိတော်စာမျက်နှာ -၅၀၉၊
မိုးထိမူနိဿစာမျက်နှာ - ၇၄၅
— with သု ဓမ္မ and 25 others. ဤဆောင်းပါးကိုအများသိရန် ဝေငှတော်မူကြပါ .. ။

No comments :
Post a Comment