Ko Gi ရေ . မင်းတို့အဖွဲ့က အွန်လိုင်းပေါ်မှာ လူမိုက်လုပ်နေကြတာလား ?
မေးကြည့်မယ် . . မင်းတို့ဖေ့ဘွတ်အကောင့်လုပ်တာဘယ်လောက်ကြာပြီလဲ?
ဖေ့ဘွတ်သုံးတာကြာရင် .. လိုင်းပေါ်မှာ
ဘယ်သူက ရဟန်းလဲ ..
ဘယ်သူက ဘာလဲဆိုတာ . .သိသာမြင်သာသပါတယ်ကွာ
ငါတောင် သုံးတာ (နှစ်နှစ်)သားကျော်သုံးနှစ်လောက်ပဲရှိသေးတယ်။
ဘယ်သူက ရဟန်း။ ဘယ်သူကလူ။ ဘယ်သူက ခရိုနီ ဘယ်သူက
စစ်ခွေး . . စသည်ဖြင့် အထိုက်အလျှောက်ခွဲခြားနားလည်ပါတယ်။
အခုတော့်မင်းတို့ဟာတွေက . . ရဟန်တွေရဲ့ ပိုစ့်တွေကိုတိုက်ခိုက်ဆော်ကား
ပြီးရင် . . ရဟန်းအတုထင်လို့ပါဆိုတဲ့ မုသာဝါဒကို သုံး . .။
ကဲ .. ဘယ်မှာလည်းမင်းတို့အတွက် ကုသိုလ်ကမ္မပထတရားတွေ . .။
ဘယ်မှာလည်း မင်းတို့ပြောနေတဲ့ အမျိုးသားရေးတွေ . ..
ဘာလဲ .. . မင်းတို့အမျိုးသားရေးက စစ်ခွေးသန်းရွှေလို
ဘုန်းကြီးတွေကို ဖိုက်တဲ့ သတ်တဲ့အမျိုးသားရေးလား ..ကွ။
မင်းတို့အဖွဲ့က ငါ့ကိုစာကောင်းကောင်းရေးလို့မရအောင်နှောက်ယှက်
တယ်။ နောက်တစ်ခါ ဒါကိုသိမြင်တဲ့ ဒကာတွေက အများသိအောင်
ပြောတော့ မင်းတို့အဖွဲ့က အဲဒီဒကာကို အုပ်စုဖွဲ့တိုက်ခိုက်တယ်
ဒါဆိုရင် မင်းတို့က ဘယ်လိုဝါဒလည်း .. မင်းတို့နဲ့ဝါဒမတူတဲ့ရဟန်း
သံဃာကိုလည်း တိုက်ခိုက်ဖို့ ကြံရွယ်ထားတဲ့ စစ်ခွေးအုပ်စုလားကွ။
အဲဒါဆိုတရင်တော့ ကွာ။
မင်းတုန်းမင်းပြောတဲ့ မှန်န်းရာဇ၀င်တောထဲကလို ငါကိုတိုင် လူထွက်ပြီူး
မင်းတို့ကိုတိုက်မယ်။
ငါပြောမယ် Ko Gi ငါဒီကိစ္စရဲ့ ပြဿနာကို မသိဟန်ဆောင်နေတာ .. .
အချို့ကိစ္စကို မသိဟန်ဆေင်ာနေခြင်းကကုသိုလ်ဖြစ်စေတယ် ။
ဒါပေမယ့် ငါ့ရဲ့တပည့်ဒကာတွေကိုတော့ Ko Gi ရေ စိန်မခေါ်နဲ့လေ ..
ဒကာနဲ့ဆရာဆိုတာ ဧကောမဂ္ဂေါပဲ ကွ။ သူတို့ဖြင်းဖြစ်တာကို မင်း
အနေနဲ့ ၀င်မရှုတ်နဲ့ ပြဿနာဆိုတာ ဖြစ်ပြီးရင် ပြန်ပျက်သွားလိမ့်မယ်။
မင်းဝင်ရှုတ်တော့ အုပ်စုဖွဲ့သလိုဖြစ်တယ် ဒီတော့ အသေးလေးကနေ
အကြီးဖြစ်သွားတက်တယ်။ ဒါ့ကြောင့် ကိုယ်နဲ့မဆိုင်ရင် ကိုဝင်မပါနဲ့။
ကာယကံရှင်ငါတောင် မသိဟန်ဆောင်နေတယ်။ အေး .. ဘာလို့မသိဟန်ဆောင်ရတာလဲဆိုရင် ပြဿနာတစ်ခုကို ပူပူလောလော
ဝင်ပြီး မရှင်းနဲ့ကွ။ ငါကို လေတပ်အရာရှိတစ်ယောက်ပြောဖူးတယ်။
ရုရှားစစ်တပ်မှာ ရန်ဖြစ်ပြဿနာဖြစ်ရင်။ (၂၄)နာရီပြည့်မှ တိုင်တန်း
ခွင့်ရှိတယ်တဲ့။ ဘာလို့လည်းဆိုတာ မင်းကိုငါ အကျယ်ဝိတ္ထာရရှင်းပြစရာ
မလိုလောက်ဘူး စာဖတ်တက်တော့သိနေလောက်ပြီ။ ဒါ့ကြောင့်မင်းအနေနဲ့
ဖုန်းနံပါတ်ပေးပြီး comment နဲ့စိန်မခေါ်နဲ့ မင်းအရမ်းကိုသတ္တိရှိတယ်ဆိုရင်

အုတ်နံရံကိုခေါင်းနဲ့စောင့်ပြပါ။ ဒါမှမင်းရဲ့
မိုက်ရုးရဲ့ဆန်မှုကိုအများကလက်ခံ
ယုံကြည်မှာဖြစ်တယ်။ ဖုန်းနံပါတ်ပေးပြီး အွန်လိုင်းပေါ်မှာစိန်ခေါ်တာကတော့ .. အားလုံးလုပ်တက်တဲ့အလုပ်တစ်ခုပါပဲ ကွာ ပြောမယ်ဆိုရင် ကလေကချေ
အလုပ်ပါ။ ဒီလိုမျိုးတော့ ငါ့ဒကာတွေကို အစော်ကားမခံနိုင်ဘူးကွ။ ငါအခု
လို ပိုစ့်တင်ပြီးပြောရ အဂတိတရားလေးပါးကိုငဲ့ပြီးပြောတာမဟုတ်ဘူးကွ။
ဒီလိုမပြောရင် မင်းတို့တွေ ပိုပြီး ကြီးကျယ်သောပြဿနာတွေဖြစ်နိုင်လာ
လို့ . . ငါပြောတာ .. မင်းနာခံတာမခံတာကတော့ မင်းသဘောပဲ . .
ဘုရားရှင်တောင် ဟောလို့မကျွတ်လို့ တို့လည်း အခု ဒီမှာဒုက္ခသည်ဘဝ
ေ၇ာက်နေရတာပဲ . . ကွ။
█ ░ ဦးသုဓမ္မ (ဗုဒ္ဓ၀ါဒီ) ░ █

No comments :
Post a Comment