.

AlinShin

Tuesday, January 14, 2014

ဆူး နှင်း ဆီ

သြော် . . ဘုရားများ ပွင့်သာပွင့်ရတယ် . .
ရန်တွေက . . များလိုက်တာ . .
တို့များဆို . .
ပါရမီငယ်ငယ်သေးသေးလေးတွေဆိုတော့ . .

ပိုလို့သာ ဆိုးသပေါ့။
ပွင့်သာပွင့် . . ပွတ်သာပွတ် .. တိုက်သာတိုက် . .
မြရွှေဂူပတ္တမြားကတော့
ရွံကိုဝတ်လူးသုတ်ရုံနဲ့တော့ . .
ပိုလို့သာ ပြောင်တယ် .. မှတ်
သုဓမ္မ(ဗုဒ္ဓ၀ါဒီ) တို့ ..
ပိုလို့သာ ရေးမည်မှတ် . .
ရေးလိုက် ဟဲ့ . .
ဓမ္မဒေသနာ . .
ဟောလိုက်လိုက် . . ဟဲ့
ဓမ္မာသာကစ္ဆာ ..
ဒီလိုသာမင်္ဂလာတရား တို့နှလုံးဝယ်စဉ်ပိုက်ထား။
မှတ်ချက်။ ။
ဗုဒ္ဓပွင့်တော်မူသောကာလတွင် မဇ္ဈိမ၌ အယူဝါဒပေါင်း(၆၂)လောက်
ပေါ်ပေါက်နေသောကာလာစြဖ်သည်။ ထို့ကြောင့်ဘုရားမြတ်စွာသည်
ထို မိစ္ဆာဝါဒ မီးပုံခြားတွင် ဖူးပွင့်ခဲ့ရသော နှင်းဆီတစ်ပွင့်အဖြစ် တင်
စားကြည်ညိုမိခြင်းဖြစ်ပါသည်။ ဒီနေ့ခေတ်တွင် ကမ္ဘာ၌ ပေါ်ပေါက်
နေသော ၀ါဒများမှာ ထင်ထင်ရှားရှား လက်ချိုးရေလျှင် ငါးမျိုးလောက်
သာရျိသည် ။ ထို့ကြောင့် ဗုဒ္ဓခေတ်တွင် ဗုဒ္ဓရှင်တော်သည် ထိုသို့သော
မိစ္ဆာလူဆိုးကြိးများကြားထဲတွင် (၄၅) နှစ်တာကာလပတ်လုံး ပင်ပန်း
ဆင်းရဲ့ဆတော်မူစွာ ငါတို့အတွက် ပွင့်ခဲ့ရသည်ဟု ဒီကဗျာရေးသူ
ဦးသုဓမ္မ ခံစားမိသည်။ ထို့ခ့စားမိခြင်းရဲ့ နောက်ကွယ်တစ်နေရာတွင်
တွယ်ကပ်နေသော .. နှလုံးသား နုနု၌ နှင်းဆီတစ်ပွင့်သည် ယခုလို
ထင်ထင်ရှားရှား တွေ့မြင်လိုက်ရပေတော့ .. သတည်း။
သာ ဓု .. သာ ဓု .. သာဓု ..ပါဘုရား။

█ ░ ဦးသုဓမ္မ (ဗုဒ္ဓ၀ါဒီ) ░ █
— with အလင်း ရှင် and 34 others.
Photo: ဆူး နှင်း ဆီ
♥  ♥  ♥  ♥  

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget