.

AlinShin

Tuesday, January 14, 2014

အယူတိမ်းလို့ နတ်စိမ်းဖြစ်ရသည်။

အနုပညာကိုဖန်တီးသူသည် ခံစားချက်တစ်ခုရှိသည်။ယင်းခံစားချက်
ကိုအများအားချပြပေးရာတွင် ယင်းတင်ပြမှုတိုင်းတွင် စေတနာများစွာ
ပါဝင်သည်ကို သတိပြုမိသင့်သည်။ ကဲ ဒီကဗျာကိုဖတ်ကြည့်ပါ။
အနိစ္စံတိအတွေးများ

✂ ✂ ✂ ✂ ✂ ✂
ကောင်မလေးရေ . . .
ငါဘ၀နံက်ခင်းတိုင်းရဲ့ မျက်သစ်စာမျက်နှာမှာ . . . .
ဘ၀ဆိုတာ . . .
လွှတ်ချထားလို့လည်း ရတဲ့အရာမျိုးမဟုတ်သလို
လွှတ်ပစ်သွားလို့လည်း မရပြန် . .. ။
ဘ၀ဆိုတာ . . .
ဆင်းရဲခြင်းတွေ စီစီရီရီထပ်ထားသလို
ချမ်းသာခြင်းတွေလည်း မတွေ့ခဲ့ရပြန် . . .။
ဘ၀ဆိုတာ . . .
စိတ်ကူးယဉ်မိသမျှတွေကို အိပ်မက်တစ်ခုအဖြစ်သာနေရာပေးခဲ့သလို
ကိုယ့်စီအတ္တကို သွန်ပြထားခဲ့ရတဲ့နေရတစ်ခုပဲ။
█ ░ ဦးသုဓမ္မ(ဗုဒ္ဓ၀ါဒီ) ░ █
ယခုတင်ပြထားသောကဗျာတွင်လည်း . . .
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိဒုက္ခော၊ . . အစရှိ
သော “ ဓမ္မစက္က ပ၀တ္တနသုတ်’’ ကို ခံစားတင်ပြခြင်းသာဖြစ်သည်။
လူတွေတွေနဲ့ အလှမ်းဝေးနေသော ဗုဒ္ဓ၀ါစကာတော်များကိုထိုလူ
အများသိရှိစေရန် မိမိတက်ကျွမ်းသော ပန်းချီ၊ပန်းပု၊ကဗျာဆောင်းပါး
စသည့်အနုပညာပြကွက်များဖြင့် လူအများကိုပြသတင်ဆက်လိုက်
ခြင်းသာဖြစ်သည်။
ထိုသည်ကား ဦးသုဓမ္မ(ဗုဒ္ဓ၀ါဒီ)သိနားလည်သော ပေးဆပ်ခြင်းအနု
ပညာသာဖြစ်သည်။ ယင်းကိုနားမလည် ယင်းကိုမသိသော နွားလား
ပိန်းတုံးများက . . ဦးသုဓမ္မအစရှိသော တကယ့်နှလုံးသားလှပိုင်ရှင်
များကို Comment မျိုးစုံဖြင့် မိုက်မဲမှုအတ္တ သရုပ်သဏ္ဍာန်ကိုဖေါ်
ထုတ်ပြသကြသည်။
ဤတွင် . . . ခြားနားလှသော ဒြပ်ဆင်များရဲ့ တန်ဘိုးကို အမှုမဲ့စာ
ဖတ်သူများမှ ဦးသုဓမ္မကဲ့သို့သော စာပေသမားတို့အား အလားတူ
စိန်ခေါ်မှုများဖြင့် . .
လောငရဲ့ . ..
ဒေါသငရဲ့ ..
မောဟငရဲ့ .. .တည်းဟူသော အပါယ်ဘ၀သို့ လမ်းလျှောက်ထွက်
သွားကြလေတော့ . .သတည်း။

█ ░ ဦးသုဓမ္မ(ဗုဒ္ဓ၀ါဒီ) ░ █
— with အလင်း ရှင် and 30 others.
Photo: အယူတိမ်းလို့ နတ်စိမ်းဖြစ်ရသည်။
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget