တို့သိသလောက် နာမည်ကျော်ကြားနေသော စာရေးဆရာ
ကြီးအတော်များများဟာ ပိဋကတ်ထဲက ဇာတ်လမ်းလေး
တွေ ဆွဲထုတ်ပြီးရေးနေကြတာကိုတွေ့ရတယ်။ အထူးသဖြင့်
ဆရာကြီးဒေါက်တာနန္ဒသိန်းဇံတို့ ညာတို့ပေါ့လေ အများကြီး
ပါပဲ။ ပိဋကတ်ဆိုတဲ့ ပါဠိက ပိဋက (န) တောင်း။ ခြင်းတောင်း။
အဓိပ္ပါယ် ဖွင့်ဆိုထားတယ် အခြားဘာသာဋီကာတွေမှာလည်း
ဒီအဓိပ္ပါယ်မျိုးပါပဲ။ ဒါကလည်း ဟိုး . . .ပဝေသဏီခေတ်က
သယ်ယူပို့ဆောင်ရေးတွေမှာ လူတိုင်းသုံးရတဲ့ပစ္စည်းကခြင်းတောင်း
ပဲထုတ်လုပ်နိုင်သေးတာကို ဒီနေ့ခေတ်လို Containerကြီးတွေနဲ့
့ပါသယ်ယူပို့ဆောင်နေတဲ့ခေတ်နဲ့ဆို The Three Containers
သုံးပုံလို့ ခေါ်ရမယ်နဲ့တူတယ်နော်။ အင်းဒါက တွေးကြည့်တာပါ။
ဟုတ်လည်းဟုတ်နေတာပဲလေ တကယ်ဆို ခြင်းတောင်း
ကသေးတယ် ဘုရားဟောသမျှကို နောက်ထပ်ဖွင့်ထားတဲ့
ကျမ်းတွေနဲ့ပါဆိုရင် ခြင်းတောင်းနဲ့မဆန့်ဘူး။ လယ်တီဆရာ
တော်ဘုရားရဲ့ ဒီပနီကျမ်းတွေနဲ့တင် ခြင်းတောင်းကပြည့်နေပြီ
အင်း . . တွေးကြ တွေးကြ . .ဒီတော့ကဘုရားရှင်ဟောသမျှ
ပြောခဲ့သမျှတွေကို ဒီနေရာလေးမှာ ပုံပြီးသိမ်းဆည်းထးတာ
ထားတာမျိုးလေး။ စုပုံထားတယ်ဆိုပေမယ့် စည်းမဲ့ကမ်းမဲ့
တော့မဟုတ်ဘူးနော်။ သုတ္တန်ကိုတစ်ပုံဝိနည်းကိုတစ်ပုံအဘိဓမ္မာ
ကိုတစ်ပုံအဲဒီလိုလေးပုံထားတာဗျ။ပြင်းလို့များ ယောင်လို့ဝင်မ
ဖတ်မိလေနဲ့ အဲဒီအပုံကြီးထဲကထွက်ကိုထွက်ကိုမထွက်ချင်တော့
ဘူး။ ကိုယ်တွေ့ပြောတာနော် အလင်းရှင်တို့ တစ်ခါတစ်ခါဝင်ဖတ်
လိုက်ရင် ဘ၀ကိုမေ့သွားတာ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲ့လာ
တာတောင် ပိဋကတ်ရဲ့အရသာက အဲဒီကာယိကဒုက္ခကို နိုင်
နင်းတယ်ဗျ။ ကိုယ့်ရဲ့စိတ်ကိုဖြေလျှော့လိုက်ပြီး သြော် . . တော်
နေကြာ မျက်မှန်ပါဝါတိုးပါဦးမယ်လေလို့ အဲလိုလေးလျှော့လိုက်
မှ အပြင်ကိုရောက်တာ။ အပြင်ရောက်လာပြန်တော့လည်း ရုပ်ရှင်
ရုံထဲကထွက်လာရတဲ့လူလိုပဲ။ အပြင်လောကနဲ့ ပိဋကတ်လောက
နဲ့က မိုးနဲ့မြေလေဗျာ။ အဲဒီမှာ အလင်းရှင်နဲ့အပြင်လောကနဲ့ ပြဿ
နာစတော့တာပဲ။ အပြင်လောကက အတ္တ။ ပိဋကတ်လောကအနတ္တ
ဒီပြဿနာဟာ သေးတဲ့ပြဿနာမဟုတ်ဘူးနော်။ ရေးနေလို့လွယ်
သော်လည်း တကယ်ခံစားရတဲ့သူမှတော့ မသက်သာလှဘူး။
အနတ္တလောကဆိုတဲ့ပိဋကတ်ထဲမှာက အေးလို့ . . စိမ့်လို့ . .
ငြိမ်းချမ်းလို့ . .။ အပြင်အတ္တလောက ပူလို့ . . နွေးလို့ . .
သေမတက်ခံရတယ်။ အလင်းရှင်က နေ့စဉ် ပိဋကတ်လော
ကထဲမှာနေနေကြ ။ အဲဒီကနေ တစ်ခါ လူ့သဘာဝအရ အပြင်
ကိုခဏထွက်ရပြန်တော့ အဲဒီခဏအပြင်ဟာ အတော်ကိုပဲ
ကြောက်စရာကောင်းလှတယ်။ ထောင်ထဲမှာဆို ပိုလို့တောင်
ဆိုးသေးတယ်။ ဒါ့ကြောင့် ထောင်ကို လောကငရဲလို့ပြောကြ
တာ။ (ပိုက်ဆံရှိသူများတော့မပါဘူးဗျ သူတို့ကို ထောင်ထဲမှာ
ရုပ်ပေါက်တွေလို့ခေါ်တယ်။) ကဲ စကားတွေဘေးထွက်ကုန်
တော့မယ်။ ဒီတော့က ခြင်းတောင်းကြီးခေါ်ပိဋကတ်ထဲမှာ
ဘုရားစကားတော်များကို ပုံထားစုထား သီကုံးထားခဲ့ပေးတဲ့
မထေရ်မြတ်ကြီးတွေက စေတနာသဒ္ဓါတရားအပြင် သူတို့ရဲ့
ကိလေသာဓာတ်ကုန်ခန်းတဲ့ သတ္တိတန်ခိုးကြောင့်လည်း
ဒီလောက်များပြားတဲ့ စာတွေကို ဖတ်ရှု့လွယ်အောင်ခွဲခြား
သိမ်းဆည်းပေးထားနိုင်တာမျိုးပါ။ ကိလေသာအတုံးအခဲသ
မားတွေအနေနဲ့ လွယ်မယ်မထင်ဘူးနော်။
သုတ္တန်ကိုဖတ်မယ်ဆိုရင်သုတ္တန်ကို တစ်ခါ ငါးပုံပုံထားပေး
တယ်။အဲဒီငါးပုံထဲကမှကိုယ်ဖတ်ချင်တာလေး ယူဖတ်ယုံပဲ။
ဒီဃနိကာယ်ပုံလေးဖတ်လို့မျက်စေ့ညောင်းသွားရင် သံယုတ္တနိ
ကာယ်လေးပြောင်းဖတ်လိုက်၊အောင်မယ်ဆင်ကိုပြေနေတာပဲ။
ဘုရားရှင်ရဲ့ ဟောချက်ပြောချက်တွေကလည်း မရိုးဘဲမရိုးနိုင်
လောက်ပါရဲ့။ ရဟန်း၊ ပရိဗိုဒ်၊တိတ္ထိ၊ မင်း၊ပုဏ္ဏား၊သူဋ္ဌေး။
သူကြွယ်။ ကုန်သယ်ယာလုပ် သူဆင်းရဲ၊ဖုန်းတောင်းယစကာ
ပါမကျန် ရှု့ဒေါင့်ပေါင်းစုံကနေ စကားလုံးမထပ်အောင်ဟော
နိုင်ပြောနိုင်ခဲ့တယ။် အမေရိကန်ကနောက်ဆုံးပေါ်ထုတ်လုပ်
လိုက်တဲ့ လေဆာရောင်ခြည်သေနပ်ကမှ ပစ်မှတ် Data ကို
သုံးဆင့်လောက် Stap ခွဲရသေးတယ်။ ဗုဒ္ဓ၀ါစာရဲ့ဓမ္မရောင်
ခြည်ကတော့ တစ်ဆိုတာနဲ့ ပစ်ပြီးထိပြီးသားပဲ။
ဟင် . . ငါဒါတွေသာရေးနေရင် သေတာတောင် ရေးလို့ဆုံးနိုင်
ဖွယ်ရာမရှိတော့ ပါ . . တ . . ကား . . . ။
█ ░ အလင်းရှင် ░ █
— with သု ဓမ္မ and 8 others. ကြီးအတော်များများဟာ ပိဋကတ်ထဲက ဇာတ်လမ်းလေး

No comments :
Post a Comment