.

AlinShin

Wednesday, December 4, 2013

နိုင်ငံတော်ကိုအကြည့်ညိုပျက်စေတဲ့ပုဒ်မနဲ့မငြိအောင် ဖြေရှာတော်မူသော မြတ်ဗုဒ္ဓ။

ပိဋကတ်ကိုဖတ်ကြည့်ရင် သံယုတ္တနိကာယ်ထဲမှာ ဘုရားရှင်
ဘုရားပါးဝတာတွေ များတယ်ကွ။ ဒီလိုသုံးတော့ စကားလုံး
ရုပ်ရင်းကြမ်းတမ်းတာမဟုတ်ဘူး လိုရင်းတိုရှင်းထိလွယ
်မိလွယ်
အောင်သုံးတာပါ။ ဥပမာကွာ ရဟန်းတွေက မြို့ထဲဆွမ်းခံကြွ
ကြတယ် သူတို့ဆွမ်းခံကြွရင်းမြင်လာသမျှ ဣဋ္ဌာရုံအနိဋ္ဌာရုံ မှန်
သမျှကို ဘုရားကိုလျှောက်ထားကြတယ်။ အဲဒီမှာ မြတ်စွာ
ဘုရားက မင်းတွေနဲ့ပတ်သတ်လာတဲ့ ဒီနေ့စကားနဲ့ပြောရင်
ကွိုင်တက်မယ့်အမေးစကားတွေကို ရဟန်းတွေကမေးကြတယ်
အဲဒီအခါ မြတ်စွာဘုရားက သူတို့မေးတဲ့အဖြေကို မငြင်းဘူး
ဖြေပေးတယ်။ ဒါပေမယ့်အဲဒီအဖြေက ရှင်ဘုရင်ကြားရင် နိုင်ငံ
တော်ကိုအကြည့်ညိုပျက်စေတဲ့ ပုဒ်မနဲ့ မငြိအောင်ဘုရားက
ဖြေတက်တယ်ကွ။
ဥပမာကွာ။ ရဟန်းတွေက မြတ်စွာဘုရား တပည့်တော်တို့
မြို့ထဲမှာကိုယ်တွေ့မြင်ခဲ့ကြားခဲ့တယ်ဘုရား ကောသလမင်းက
လူတွေကို ပေါ်တင်ကြီးဖမ်းဆီးနေတယ်ဘုရား။ သံလက်ထိပ်
တွေ၊ ကြိုးတွေနဲ့ တုတ်နှောင်ပြီးအဖမ်းခံနေရတဲ့သူတွေကိုမြင်
ခဲ့တယ်ဘုရား။ . . ဒီလိုလျှောက်ထားတယ်။
ရဟန်းတွေလျှောက်ထားတဲ့ပုံစံ ဘုရားနဲ့ရှင်ဘုရင် ရန်တိုက်ပေး
တဲ့စကားကွ။ ဘုရားရှင်က “မင်းတို့ကလည်း မြို့ထဲဆွမ်းခံကြွ
တာ မျက်လုံးအစာကျွေးနေတာလားကွ” လို့မဆူဘူး။ သူလဲ
အပြစ်လွတ်မေးတဲ့ရဟန်းလဲအပြစ်လွတ် ရှင်ဘုရင်ပြန်ကြား
ရင်လည်းအပြစ်လွတ်။ အဖမ်းခံရသူတွေအတွက်လည်း သက်
သာရာရစေတဲ့ သံဝေဃစကား။ကိုပဲအခုလိုပြောလိုက်တယ်။
“ချစ်သားတို့ မင်းမြင်ခဲ့တဲ့ လူတွေကိုနှောင်ဖွဲ့ဖမ်းဆည်းခံရ
တယ်ဆိုတာ မပြောပလောက်ပါဘူးကွာ။ မင်းတို့ငါတို့တွေကို
ချစ်ခြင်းဆိုတဲ့ကြိုးသံလက်ထိပ်က ဖမ်းခဲ့ချုပ်ခဲ့နှောင်ခဲ့တာဟာ
ဘ၀ပေါင်းအသင်္ချေပါကွာ” တဲ့ ။
ကဲ . . ဘုရားရှင်အဖြေလေ ဘယ်လောက်ကောင်းလိုက်သလဲ
မေးသူရဟန်းများ၊ အဖမ်းခံရသူရာဇ၀တ်သားများ၊ ဖမ်းသူရှင်
ဘုရင်၊ အမေးခံရသူဘုရားရှင်။ ဒီလေးဦးစလုံး ဘယ်သူမှအပြစ်
တင်စရာမလိုတော့ဘူး။ ရှင်ဘုရင်ကိုလည်းအပြစ်တင်စကားမ
ပြောဘူး။ မင်းတို့ ဆက်တွေးကြည့်ပါ။ ငါလက်ညောင်းနေပြီ
ဒီလောက်တွေးပြရင် သဘောပေါက်သင့်ပါပြီ။
အဲဒီတော့ လူ့လောကမှာ ခေါင်းဆောင်ကောင်းတစ်ယောက်
ဖြစ်ချင်ရင်အဲလိုလေး ၀ိနည်းလွတ်ရှောင်တက်ရတယ်။ ရှောင်
ပြောရာမှာ ဓမ္မသံဝေဃလည်းပါရမယ်နော်။ ဒါကြောင့် ဒေါ်စု
ကြည်ကို သတင်းထောက်တွေကမေးတယ်။ ဘင်္ဂါလီသား(၂)
ယောက်ကိစ္စဟာ ဒီလိုဘုရားစကားဥပါယ်တံမျဉ်နည်းတွေသုံး
ခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေ၊ မွတ်ဆလင်ဘာသာဝင်၊
နောက်လက်ရှိအစိုးရ၊ သူ။ ဒီလေးဦးစလုံးအတွက် ပြဿနာ
မီးပွားမဖြစ်တော့ဘူးပေါ့ကွာ။ ဒါကြောင့် မေးသူက ဘယ်လိုပဲ
ကိုယ့်ကို ပုဒ်ထဲငြိအောင်ဝင်သွားအောင် ဆွဲမေးလည်း ကိုယ်က
သူငြိအောင်မေးတဲ့ ပုဒ်မကို ရှောင်တိမ်းပြီးဖြေနိုင်ရတယ်။ ဒါ
တွေက တို့ဟိုကလေးဘ၀ကတည်း ပုံပြင်တွေထဲမှာတောင်
ပါပါတယ်။ “ယုန်လေးနှာစေးနေတယ်” ဒါ့ကြောင့် တို့ဗုဒ္ဓဘာ
သာလူငယ်တွေ အနာဂါတ်အတွက် စကားရေကြွယ်ဝအောင်
ဒီဆောင်းပါးလေးရေးလိုက်တာပါကွာ။ ငါ့လက်တွေလည်းနာ
နေပြီ။ ဒီလိုနှုတ်ရေးလမ်းခင်းပေးထားရင် ကျန်တာကိုယ်ပိုင်
တွေးလေး ထပ်ချဲ့တွေးလိုက်စမ်းပါ။ မင်းတို့ရဲ့အနာဂါတ်မှာ
နှုတ်ဝစီရဲ့ကျွမ်းကျင်လိမ္မာမှုဆိုင်ရာမှာအသုံးချလို့ရပါတ
တယ်ကွာ။ လူဆိုတာ ဇရှိတယ်ဆိုတာ ရိုက်ရဲမိုက်ရဲတာကို
မဆိုလိုဘူးကွ။ ငါထောင်ထဲမှာတုန်းက တန်းစီးသူကြီးကို
အဲလို နှုတ်ဝစီနဲ့ဖိုက်လာခဲ့တာ။ မိုက်တိုက်တိုက်ဂျစ်တစ်တစ်
ကောင်တွေကိုလည်း နှုတ်ဝစီနဲ့ပဲ ဦးချိုးလာခဲ့ဖူးတယ်။ ဒါကို
နှလုံးရည်စွမ်းရည်သတ္တိလို့ခေါ်တယ်။ မင်းလည်းတုတ်စွဲ ငါ
လည်းတုတ်စွဲဆိုတာကတော့ လက်ရုံးရည်စွမ်းရည်ပေါ့ကွာ။
အေး . .အေး မင်းတို့လေးတွေ ပညာရရင် ငါရေးရကျိုးနပ်ပါရဲ့

█ ░ အလင်းရှင် ░ █
— with သု ဓမ္မ and 9 others.
Photo: နိုင်ငံတော်ကိုအကြည့်ညိုပျက်စေတဲ့ပုဒ်မနဲ့မငြိအောင်
 ဖြေရှာတော်မူသော မြတ်ဗုဒ္ဓ။
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀☀ ☀ ☀ ☀ ☀ 
ပိဋကတ်ကိုဖတ်ကြည့်ရင် သံယုတ္တနိကာယ်ထဲမှာ ဘုရားရှင်
ဘုရားပါးဝတာတွေ များတယ်ကွ။ ဒီလိုသုံးတော့ စကားလုံး
ရုပ်ရင်းကြမ်းတမ်းတာမဟုတ်ဘူး လိုရင်းတိုရှင်းထိလွယ်မိလွယ်
အောင်သုံးတာပါ။ ဥပမာကွာ ရဟန်းတွေက မြို့ထဲဆွမ်းခံကြွ
ကြတယ် သူတို့ဆွမ်းခံကြွရင်းမြင်လာသမျှ ဣဋ္ဌာရုံအနိဋ္ဌာရုံ မှန်
သမျှကို ဘုရားကိုလျှောက်ထားကြတယ်။ အဲဒီမှာ မြတ်စွာ
ဘုရားက မင်းတွေနဲ့ပတ်သတ်လာတဲ့ ဒီနေ့စကားနဲ့ပြောရင်
ကွိုင်တက်မယ့်အမေးစကားတွေကို ရဟန်းတွေကမေးကြတယ်
အဲဒီအခါ မြတ်စွာဘုရားက သူတို့မေးတဲ့အဖြေကို မငြင်းဘူး 
ဖြေပေးတယ်။ ဒါပေမယ့်အဲဒီအဖြေက ရှင်ဘုရင်ကြားရင် နိုင်ငံ
တော်ကိုအကြည့်ညိုပျက်စေတဲ့ ပုဒ်မနဲ့ မငြိအောင်ဘုရားက
ဖြေတက်တယ်ကွ။
ဥပမာကွာ။ ရဟန်းတွေက မြတ်စွာဘုရား တပည့်တော်တို့
မြို့ထဲမှာကိုယ်တွေ့မြင်ခဲ့ကြားခဲ့တယ်ဘုရား ကောသလမင်းက
လူတွေကို ပေါ်တင်ကြီးဖမ်းဆီးနေတယ်ဘုရား။ သံလက်ထိပ်
 တွေ၊ ကြိုးတွေနဲ့ တုတ်နှောင်ပြီးအဖမ်းခံနေရတဲ့သူတွေကိုမြင်
ခဲ့တယ်ဘုရား။ . . ဒီလိုလျှောက်ထားတယ်။ 
ရဟန်းတွေလျှောက်ထားတဲ့ပုံစံ ဘုရားနဲ့ရှင်ဘုရင် ရန်တိုက်ပေး
တဲ့စကားကွ။ ဘုရားရှင်က “မင်းတို့ကလည်း မြို့ထဲဆွမ်းခံကြွ
တာ မျက်လုံးအစာကျွေးနေတာလားကွ” လို့မဆူဘူး။ သူလဲ 
အပြစ်လွတ်မေးတဲ့ရဟန်းလဲအပြစ်လွတ် ရှင်ဘုရင်ပြန်ကြား
ရင်လည်းအပြစ်လွတ်။ အဖမ်းခံရသူတွေအတွက်လည်း သက်
သာရာရစေတဲ့ သံဝေဃစကား။ကိုပဲအခုလိုပြောလိုက်တယ်။
“ချစ်သားတို့ မင်းမြင်ခဲ့တဲ့ လူတွေကိုနှောင်ဖွဲ့ဖမ်းဆည်းခံရ
တယ်ဆိုတာ မပြောပလောက်ပါဘူးကွာ။ မင်းတို့ငါတို့တွေကို
ချစ်ခြင်းဆိုတဲ့ကြိုးသံလက်ထိပ်က ဖမ်းခဲ့ချုပ်ခဲ့နှောင်ခဲ့တာဟာ
ဘ၀ပေါင်းအသင်္ချေပါကွာ” တဲ့ ။
ကဲ . .  ဘုရားရှင်အဖြေလေ ဘယ်လောက်ကောင်းလိုက်သလဲ
မေးသူရဟန်းများ၊ အဖမ်းခံရသူရာဇ၀တ်သားများ၊ ဖမ်းသူရှင်
ဘုရင်၊ အမေးခံရသူဘုရားရှင်။ ဒီလေးဦးစလုံး ဘယ်သူမှအပြစ်
တင်စရာမလိုတော့ဘူး။ ရှင်ဘုရင်ကိုလည်းအပြစ်တင်စကားမ
ပြောဘူး။ မင်းတို့ ဆက်တွေးကြည့်ပါ။ ငါလက်ညောင်းနေပြီ
ဒီလောက်တွေးပြရင် သဘောပေါက်သင့်ပါပြီ။
အဲဒီတော့ လူ့လောကမှာ ခေါင်းဆောင်ကောင်းတစ်ယောက်
ဖြစ်ချင်ရင်အဲလိုလေး ၀ိနည်းလွတ်ရှောင်တက်ရတယ်။ ရှောင်
ပြောရာမှာ ဓမ္မသံဝေဃလည်းပါရမယ်နော်။ ဒါကြောင့် ဒေါ်စု
ကြည်ကို သတင်းထောက်တွေကမေးတယ်။ ဘင်္ဂါလီသား(၂)
ယောက်ကိစ္စဟာ ဒီလိုဘုရားစကားဥပါယ်တံမျဉ်နည်းတွေသုံး
ခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေ၊ မွတ်ဆလင်ဘာသာဝင်၊
နောက်လက်ရှိအစိုးရ၊ သူ။ ဒီလေးဦးစလုံးအတွက် ပြဿနာ
မီးပွားမဖြစ်တော့ဘူးပေါ့ကွာ။  ဒါကြောင့် မေးသူက ဘယ်လိုပဲ 
ကိုယ့်ကို ပုဒ်ထဲငြိအောင်ဝင်သွားအောင် ဆွဲမေးလည်း ကိုယ်က
သူငြိအောင်မေးတဲ့ ပုဒ်မကို ရှောင်တိမ်းပြီးဖြေနိုင်ရတယ်။  ဒါ
တွေက တို့ဟိုကလေးဘ၀ကတည်း ပုံပြင်တွေထဲမှာတောင်
ပါပါတယ်။ “ယုန်လေးနှာစေးနေတယ်” ဒါ့ကြောင့် တို့ဗုဒ္ဓဘာ
သာလူငယ်တွေ အနာဂါတ်အတွက် စကားရေကြွယ်ဝအောင်
ဒီဆောင်းပါးလေးရေးလိုက်တာပါကွာ။ ငါ့လက်တွေလည်းနာ
နေပြီ။ ဒီလိုနှုတ်ရေးလမ်းခင်းပေးထားရင် ကျန်တာကိုယ်ပိုင်
တွေးလေး ထပ်ချဲ့တွေးလိုက်စမ်းပါ။ မင်းတို့ရဲ့အနာဂါတ်မှာ
နှုတ်ဝစီရဲ့ကျွမ်းကျင်လိမ္မာမှုဆိုင်ရာမှာအသုံးချလို့ရပါတ
တယ်ကွာ။ လူဆိုတာ ဇရှိတယ်ဆိုတာ ရိုက်ရဲမိုက်ရဲတာကို
မဆိုလိုဘူးကွ။ ငါထောင်ထဲမှာတုန်းက တန်းစီးသူကြီးကို
အဲလို နှုတ်ဝစီနဲ့ဖိုက်လာခဲ့တာ။ မိုက်တိုက်တိုက်ဂျစ်တစ်တစ်
ကောင်တွေကိုလည်း နှုတ်ဝစီနဲ့ပဲ ဦးချိုးလာခဲ့ဖူးတယ်။ ဒါကို
နှလုံးရည်စွမ်းရည်သတ္တိလို့ခေါ်တယ်။ မင်းလည်းတုတ်စွဲ ငါ
လည်းတုတ်စွဲဆိုတာကတော့ လက်ရုံးရည်စွမ်းရည်ပေါ့ကွာ။ 
အေး . .အေး မင်းတို့လေးတွေ ပညာရရင် ငါရေးရကျိုးနပ်ပါရဲ့ 
█ ░ အလင်းရှင် ░ █


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget