Kaung Ka Lay ဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ အလင်းရှင် တို့
အွန်လိုင်းပေါ်မှာချစ်ကျွမ်းဝင်ခဲ့မိပါတယ်။
အခုဒီနေ့မနက် သူက အလင်းရှင်ရဲ့ ပိုစ့်အောက်မှာ
ဆုတောင်းမေတ္တာလေး ပို့သထားတာကို ဖတ်ရတယ်။ အဲဒီမှာတင် အလင်းရှင်
လည်း ပြန်လည်ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။
အပြန်အလှန်စီးဆင်းလာသော . ..
မေတ္တာရေအလျဉ်သည် မြစ်ကြီးဧရာဝတီကဲ့သို့ မမြင်မတွေ့ရသော်လည်း . .
ဒြပ်ထုထည် ကင်းမဲ့စွာဖြင့် အလင်းရှင်ရဲ့ နှလုံးအိမ်ကို ကြည်နူးသွားစေပါသည်။
အံ့သြစရာကောင်းသည်ထက် ဗုဒ္ဓ၀ါဒရဲ့ မေတ္တာတရားသည် စားသုံးမိသူအတွက်
အလွန်ပင် .. စိတ်နှလုံးအေးချမ်းလှပေသည်ဟု . . သုံးသပ်မိသည်။
ဒေါသမဲ့သော . . . အဒေါသ . .
လောမဲ့သော .. . အလောဘ . .
မောဟမဲ့သော .. အမောဟ . .
အို . .. ဤသို့ ရေးနေရင်းနှင့်ပင် . .
အလင်းရှင်၏ နှလုံးအိမ်၌ ယိုဖိတ်စီးဆင်းနေသော . ..
မေတ္တာ လှိုင်းတံပိုးတို့အသံကို ကြားနေရသည် . . ။
ရေ လှိုင်းဟူသည် . . .
အလိမ့်လိုက်လေလော . . .
ရေလှိုင်းဟူသည် . .
အလျှားလိုက်လေလော . . .
မည်သို့ပင်ဆိုစေကာမူ .. အလင်းရှင်ရဲ့ ရင်တွင်း၌ ဂွမ်းဆိုင်ခဲကြီးများကဲ့သို့ . .
ရွေ့လျှားနေသော .. မေတ္တာလှိုင်းသည်ကား . . . . .
သဗ္ဗေ၊ ခပ်သိမ်းကုန်သော . . . (၀ါ) Dama Friends တို့အားလုံးသည်
အဝေရာ၊ စစ်ဘေးစစ်ဘီလူးစစ်ခွေးဆိုးကြီးတို့နှင့် လက်ဝေခံခရိုနီခြံစောင့်ခွေး၊
လော်ဘီအပေါင်းတို့၏ ရန်ဘေးမှကင်းငြိမ်းကြပါစေကုန်သတည်း . . ။
အရောဂါ၊ အနာရောဂါခပ်သိမ်းမှလည်း ကင်းငြိမ်းကြပါစေကုန်သတည်း။
စသည်ဖြင့် . . စသ့ည်ဖြင့် .. . စသည်ဖြင့် . .
█ ░ အလင်းရှင် ░ █
— with Thu Ri Ya and 18 others. အွန်လိုင်းပေါ်မှာချစ်ကျွမ်းဝင်ခဲ့မိပါတယ်။

No comments :
Post a Comment