.

AlinShin

Saturday, December 28, 2013

ခြင်ထောင်သံထဲကပြေးထွက်ခဲ့ပါတော့

❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞
ရဟန်းဘ၀ရောက်ကတည်းက သံယောဇဉ်မှန်သမျှကို ဖြတ်ခဲ့တာ။ မယ်တော်ကြီးကို
အပြတ်ပြောခဲ့တယ် " ခင်ဗျားသေလည်း ကျုပ်လာနိုင်ချင်မှလာနိုင်မယ် ကျုပ်ခင်ဗျား
ထံကိုရောက်မလာလို့ စိတ
်မပူနဲ့ . . ငါ့သားတော့ သစ်တစ်ပင်ရင်းဝါးတစ်ပင်ရင်းမှာ
သေနေပြီလိုသာ သဘောထား . . အဲဒါဟာ ဓမ္မပဲ" အဲလိုပြောပြီး ထွက်လာခဲ့တာ
ပဲ . . ။ ဒါ့ကြောင့် ဖေ့ဘွတ်မှာ စာရေးနေတယ်ဆိုတာ တာဝန်သိလို့ တာဝန်အရ
လုပ်နေရတာ။ ဗုဒ္ဓကိုယ်တော်တိုင်က " စရထ ဘိက္ခဝေ" ကိုယ်တိုင်သိအောင်
ကြိုးစား သိထားတာကို လှည့်လည်သွားလာရင်း တစ်ဆင့်ဟောကြား ရမယ်လို့
မိန့်မှတ်ခဲ့တာ။ ဒီလိုနှလုံးသွင်းပြီး ဒီကနေ့ စာရေးနေတာ ။ နာမည်ကြီးချင်လို့ ထင်
ပေါ်ချင်လို့မဟုတ်ဘူး။အဲလိုလောကီဂုဏ်တွေလိုချင်ရင် . . အလင်းရှင်တို့မှာ ရုပ်ရှီ
တယ် ရေရှိတယ် ။ ဒါ့ကြောင့် ကိုယ်နားလည်ထားတဲ့ ဗုဒ္ဓ၀ါဒကို ကိုယ်နားလည်သည့်
အတိုင်း ရေးပြတာ . . မကြိုက်ရင် . . ဘလော့ပစ်သွားလိုက် . . Soe Sorry ပဲလို့
တစ်ခွန်းတောင် အချိန်ကုန်ခံလေကုန်ခံပြီးမပြောဘူး။
ဘာဖြစ်လို့လည်းမေးရင် . . ဒီနေ့ခေတ်က ပူပူလောလောခေတ် ။ ပေါ်ပင်ခေတ် ။
ကိစ္စတစ်ခုကို နက်နက်နဲနဲ မစဉ်းစားကြဘူး။ အပေါ်ယံလေးစဉ်းစားပြီး အမျိုးသားရေး
ဘာသာရေး ဆိုတဲ့ စကားကြီးစကားကျယ်နဲ့ .. အနံ့ကတော့ ခြင်ထောင်နံ့နံနေ
တယ်။ ဒါ့ကြောင့် ခြင်ထောင်သံထဲကပြေးထွက်ခဲ့ပါတော့ . . ဆိုတဲ့ ဆောင်းပါးလေး
ကိုထောင်မကျခင်က ဂျာနယ်တစ်ခုမှာရေးဘူးတယ်။ ဒါ့ကြောင့် တို့များ စာရေးတယ်
ဆိုတာ ဘာညာသာဓကာတွေကြောင့်မဟုတ်ဘူး။ ခန္ဓာဝန်ကိုမစွန့်ရသေးခင် လော
ကအကျိုး ဓမ္မအကျိုးကိုသည်ပိုးဆောင်ရွက်တာပါ။ ကိုယ့်လို ၀ါသနာတူများကိုလည်း
အားပေးပါတယ်။ သို့သော် ဂလယ်အူကြောင်အတွေးသမားတွေကိုတော့ Like လုပ်
မှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ပြည်သူကိုအလင်းဝေငှရာမှာ အမှောင်
တွေဖြစ်သွားတက်တယ်။ ကိုယ် Like လုပ်လိုက်တဲ့ ကဗျာဆောင်းပါးတွေဟာ ပြည်
သူအတွက် အဓိပ္ပါယ်ကောင်းကျိုးသက်ရောက်မှုရှိပါမှ ရေးသူရော ဖတ်သူရော
အားပေးသူရော . . ဆိုတဲ့ ရောသုံးရောဟာ တကယ့်စစ်မှန်တဲ့ ဓမ္မဒေသနာ
ဓမ္မသာကစ္ဆာ မင်္ဂလာကုသိုလ်များရမှာဖြစ်ပါတယ်။

အလင်းရှင် 
Photo: ခြင်ထောင်သံထဲကပြေးထွက်ခဲ့ပါတော့ 
❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ ❞  
ရဟန်းဘ၀ရောက်ကတည်းက သံယောဇဉ်မှန်သမျှကို ဖြတ်ခဲ့တာ။ မယ်တော်ကြီးကို
အပြတ်ပြောခဲ့တယ် " ခင်ဗျားသေလည်း ကျုပ်လာနိုင်ချင်မှလာနိုင်မယ် ကျုပ်ခင်ဗျား
ထံကိုရောက်မလာလို့ စိတ်မပူနဲ့ . .  ငါ့သားတော့ သစ်တစ်ပင်ရင်းဝါးတစ်ပင်ရင်းမှာ
သေနေပြီလိုသာ သဘောထား . . အဲဒါဟာ ဓမ္မပဲ" အဲလိုပြောပြီး ထွက်လာခဲ့တာ
ပဲ . . ။ ဒါ့ကြောင့် ဖေ့ဘွတ်မှာ စာရေးနေတယ်ဆိုတာ တာဝန်သိလို့ တာဝန်အရ
လုပ်နေရတာ။ ဗုဒ္ဓကိုယ်တော်တိုင်က " စရထ ဘိက္ခဝေ"  ကိုယ်တိုင်သိအောင် 
ကြိုးစား သိထားတာကို လှည့်လည်သွားလာရင်း တစ်ဆင့်ဟောကြား ရမယ်လို့
မိန့်မှတ်ခဲ့တာ။ ဒီလိုနှလုံးသွင်းပြီး ဒီကနေ့ စာရေးနေတာ ။ နာမည်ကြီးချင်လို့ ထင်
ပေါ်ချင်လို့မဟုတ်ဘူး။အဲလိုလောကီဂုဏ်တွေလိုချင်ရင်  . . အလင်းရှင်တို့မှာ ရုပ်ရှီ
တယ် ရေရှိတယ် ။ ဒါ့ကြောင့် ကိုယ်နားလည်ထားတဲ့ ဗုဒ္ဓ၀ါဒကို ကိုယ်နားလည်သည့်
အတိုင်း ရေးပြတာ . .  မကြိုက်ရင် . .  ဘလော့ပစ်သွားလိုက် . . Soe Sorry ပဲလို့
တစ်ခွန်းတောင် အချိန်ကုန်ခံလေကုန်ခံပြီးမပြောဘူး။ 
ဘာဖြစ်လို့လည်းမေးရင် . . ဒီနေ့ခေတ်က ပူပူလောလောခေတ် ။ ပေါ်ပင်ခေတ် ။
ကိစ္စတစ်ခုကို နက်နက်နဲနဲ မစဉ်းစားကြဘူး။ အပေါ်ယံလေးစဉ်းစားပြီး အမျိုးသားရေး
ဘာသာရေး ဆိုတဲ့ စကားကြီးစကားကျယ်နဲ့  ..  အနံ့ကတော့ ခြင်ထောင်နံ့နံနေ
တယ်။ ဒါ့ကြောင့် ခြင်ထောင်သံထဲကပြေးထွက်ခဲ့ပါတော့  . . ဆိုတဲ့ ဆောင်းပါးလေး
ကိုထောင်မကျခင်က ဂျာနယ်တစ်ခုမှာရေးဘူးတယ်။ ဒါ့ကြောင့် တို့များ စာရေးတယ်
ဆိုတာ ဘာညာသာဓကာတွေကြောင့်မဟုတ်ဘူး။ ခန္ဓာဝန်ကိုမစွန့်ရသေးခင် လော
ကအကျိုး ဓမ္မအကျိုးကိုသည်ပိုးဆောင်ရွက်တာပါ။ ကိုယ့်လို ၀ါသနာတူများကိုလည်း
အားပေးပါတယ်။ သို့သော်  ဂလယ်အူကြောင်အတွေးသမားတွေကိုတော့ Like လုပ်
မှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ပြည်သူကိုအလင်းဝေငှရာမှာ အမှောင်
တွေဖြစ်သွားတက်တယ်။ ကိုယ် Like လုပ်လိုက်တဲ့ ကဗျာဆောင်းပါးတွေဟာ ပြည်
သူအတွက် အဓိပ္ပါယ်ကောင်းကျိုးသက်ရောက်မှုရှိပါမှ ရေးသူရော ဖတ်သူရော
အားပေးသူရော . .  ဆိုတဲ့ ရောသုံးရောဟာ တကယ့်စစ်မှန်တဲ့ ဓမ္မဒေသနာ 
ဓမ္မသာကစ္ဆာ မင်္ဂလာကုသိုလ်များရမှာဖြစ်ပါတယ်။ 
☀ အလင်းရှင် ☀


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget