Sae Games မှာ အားပါးတရနွဲ့ကာ မျိုးချစ်များဟု သခင်များဟု နာမည်တပ်ကာ
အမျိုးဘာသာကိုချစ်ခဲ့ကြကုန်သောသူအပေါင်းတို့ သိစေရန် . . .
ယခုအခါတွင် မြန်မာနိုင်ငံရဲ့ မိခင်ဧရာဝတီကြီးအား တရုတ်ကြီးက အောက်ပါအတိုင်း
ရာဇသံပေးခဲ့ပါပြီ . . . . ကဲ . . ဒီတော့က အမျိုးဂုဏ်ဇာတိဂုဏ်တွေကိုထိမ်းသိမ်း
ချစ်မြတ်နိုးကြတဲ့ Sea Games ကိုဂုဏ်ယူကြကုန်သော ထိုထိုသောမျိုးချစ်ကြီးများ
ဧရာဝတီဂိမ်းကိုလည်း ကြိုးစားပန်းစား ကကွယ်ကစားသွားကြရန် အလင်းရှင်ဆရာ
တော်မှ လေးစားစွာတိုက်တွန်းလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်
█ ░ အလင်းရှင် ░ █
ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်
နိုင်ငံက ACHC ကုမ္ပဏီ တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဧရာဝတီမြစ်ဆုံရေအား
လျှပ်စစ်စီမံကိန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ တရုတ် ACHC ဥက္ကဋ္ဌ Mr . Li Guanghua က မြစ်ဆုံစီ
မံကိန်းနဲ့ ပတ်သက်ပြီး ဘာသာပြန်ကတဆင့် အခုလိုပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရသက်တမ်း ၅ နှစ်အတွင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထား
ကြောင်း ကြေညာထားခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ အခုလို ကြိုးစားနေတာလားလို့ သတင်းထောက်တွေကမေးမြန်း
ရာမှာ ပြည်သူတွေကို မှန်မှန်ကန်ကန် ချပြသွားမှာဖြစ်သလို အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့ ဆက်လက်
ဆောင်ရွက်သွားမယ်လို့သာ ဖြေကြားခဲ့ပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၊ ကျားဖြူပါတီ စတဲ့ပါတီတွေက ဖိတ်ကြားထားသူတွေလည်း တက်ရောက်ကြပါတယ်။ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်လာတဲ့ NLD ပါတီကပုဂ္ဂိုလ်တွေက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီ
ဒေသခံပြည်သူတွေရဲ့ သဘောထား အရေးကြီးကြောင်းနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ
သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးနှစ်ခုကို ထိန်းညှိလုပ်ဆောင်သွားနိုင်ရေး အရေးကြီးကြောင်း RFA ကို ပြောပါတယ်။
ကဲ . . ဒီတော့က အမျိုးဂုဏ်
RFA Burmese
Thit Htoo Lwin - News
█ ░ အလင်းရှင် ░ █
— with Thu Ri Ya and 17 others. အမျိုးဘာသာကိုချစ်ခဲ့ကြကုန်သောသူအပေါင်းတို့ သိစေရန် . . .

No comments :
Post a Comment