ပြည်သူတို့အတွက် ၀မ်းသာစရာသတင်းပါ မီးကျောင်းကန်ဆန္ဒပြမှုကို
အစိုးရက ပြည်သူကိုအရှုံးပေးလိုက်ရပါပြီ .. အလင်းရှင်မျက်ရည်ပင်ကျ
မတက်ပြည်သူတွေအတွက် ၀မ်းသာမိပါတယ်။ ပြည်သူတွေကို အလင်းရှင်
လိုပဲ အစိုးရများက စာနာသနားညှာတာစိတ်လေးများမွေးမြူမယ်ဆိုရင်
မြန်မာနိုငငံတွင် သံဃာများ ပြည်သူများ သေကြေပျက်စီးစရာမလိုတော့ပါ။
အခုတော့ အစိုးရဟာ ပြည်သူကိုမတရားလုပ်လို့မရဘူးဆိုတာ မိကျောင်းကန်
ကသက်သေတည်လိုက်ပါပြီ။ အလင်းရှင်အနေနဲ့ မိကျောင်းကန်ပြည်သူတွေ
အတွက် အားပေးစကား ကဗျာများဖြင့် ရေးသားတင်ဆက်ရကျိုးနပ်ပါတယ်
မိကျောင်းကန်အတွက် အလင်းရှင်ရဲ့ လက်ချောင်းများဟာ သမဏိလက်
ချောင်းများပင်တည်း .. ဟု . . ။ ကဲ မိကျောင်းကန်ထဲက နတ်မိချောင်း
ကြီးက အခုပြည်သူကိုအနိုင်ရအောင် အစိုးရကို နဂါးငွေ့နဲ့မှုတ်လိုက်တာနဲ့
တူတယ်။ လက်ပံတောင်က တောင်စောင့်နတ်ကြီးကလည်း တရုတ်ကြီးနဲ့
စစ်ခွေးဆိုးကြီးသန်းရွှေကို နတ်တို့လက်နက်ဘွဲ့ဗျူစက်နဲ့ သေအောာင်
သတ်လိုက်မည်ဆိုပါက လက်ပံတောင်းတောင်ပြည်သူများ ငိုးကျွေးစရာ
မလို သံဃာများ အသတ်ခံစရာမလိုတော့ပါ။ ကဲ .. နတ်မင်းကြီးရေ . .
█ ░ အလင်းရှင် ░ █
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊၂၊၃)

မြေနေရာပြန်ရဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေဟာ ၃ လအတွင်း
မြေရာကိစ္စကို ကြိုးစားဖြေရှင်းပေးမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကတိပေးခဲ့တာကြောင့် ဒီနေ့သပိတ်စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ ဆွေးနွေးအပြီးမှာ
သဘောတူညီမှုရခဲ့ပြီး ၃ လစောင့်မယ်လို့ ကတိပြုခဲ့ကြောင်း သပိတ်စခန်းဖွင့်
ဆန္ဒပြခဲ့သူ မနေနွယ်သန်းက ပြောပါတယ်။
“ဦးအောင်သိန်းလင်းကနေပြီးတော့ ဆက်ပြီးတော့ တင်ပြဆွေးနွေးဆောင်ရွက်နေ
ပါမယ်ဆိုတဲ့ သူ့ရဲ့လက်မှတ်နဲ့ ကျမတို့ပြည်သူတွေကို တရားဝင်ချပြတယ်၊ သူကိုယ်
တိုင်လည်း တရားဝင်ဖွင့်ပြသွားတယ်၊ သူပြောတဲ့အထဲမှာပြည့်စုံတဲ့အချက်တွေေ
တာ့ မရှိသေးဘူးရှင့်၊ ခေါင်းဆောင်ပိုင်းအနေနဲ့ ဦးအောင်သိန်းလင်းတို့နဲ့ ဒီရက်ပိုင်း
အတောအတွင်းမှာ တွေ့ဆုံဆွေးနွေးပြီး လိုအပ်တဲ့အချက်တွေ ထပ်ဖြည့်ပါဦးမယ်၊
သပိတ်စခန်းကို ခတ္တရပ်လိုက်တာပါ၊ နောက်သုံးလ အချိန်ပေးထားပါတယ်၊ အဲသုံး
လအတွင်းမှာ လုပ်ဆောင်မှု တစ်စုံတစ်ရာမရှိဘူး၊ သူတို့ဘက်က အဖြေတစ်ခု

မထွက်လာဘူးဆိုလို့ရှိရင် တတိယသပိတ်ကြီးကို ဆက်ပြီးတော့ တောင်း
ဆိုမှုတွေဖြစ်လာလိမ့်မယ်လို့ ကြေညာလိုက်ပါတယ်”
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့ စည်ပင်သာယာရေးအဖွဲ့က အဲဒီ
မိကျောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်
သိမ်းပေးရမယ်လို့ သတိပေးစာထုတ်ပြန်ခဲ့ပေမယ့် အချိန်ကာလတစ်ခုအ
တွင်း မြေနေရာကိစ္စကို ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိစာချုပ်ကို လက်မှတ်ရေး
ထိုးပေးမှ ဖယ်ပေးနိုင်မယ်လို့ ဆန္ဒပြသူတွေဘက်က တောင်းဆိုခဲ့တာပါ။
အဲဒီ မိကျောင်းကန် သပိတ်စခန်းဟာ ၁၇ ရက်ကြာ ဖွင့်ခဲ့တာဖြစ်ပြီး ဒုတိယ
အကြိမ်မြောက် သပိတ်စခန်းဖွင့် ဆန္ဒပြတာလည်းဖြစ်ပါတယ်။
RFA Burmese
Thit Htoo Lwin - News

No comments :
Post a Comment