ရဟန်းရှင်လူပြည်သူကို သတ်ဖြတ်ခဲ့ဗိုလ်ကျခဲ့တဲ့
အာဏာရှင်ခရိုနီတစ်သိုက်ကိုဆွေမျိုးပေါက်ဖေါ်ကြီးက ဆုံးမလိုက်ခြင်း . .
❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝
မိကျောင်းကန်မှာ ပြည်သူကို နတ်မိချောင်းက စောင့်မကြည့်ရှု့လိုက်တဲ့အတွက်
အစိုးရက ပြည်သူ့ဆန္ဒကိုလိုက်လျှော့လိုက်ရတယ်။ တောက် .. ဒါမှ တို့ဗမာလို့
ကျွေးကြော်ရမှာ။ လက်ပံတောင်းတောင်မှာလည်း တို့ပြည်သူတွေအနိုင်ရချင်
သလို ဧရာဝတီရဲ့အသက်ကိုလည်း တို့ပြည်သူတွေ ညီညွတ်စွာနဲ့ ကယ်တင်ရမယ်။
ဧရာဝတီဟာ ကြိုးမိန့်ပေးခံရမယ့်စဲစဲမို့ . . . ဧရာဝတီအတွက်လည်း စိတ်မအေးစရာ
သစ်တွေကတော့ တရုတ်က ယွမ်ငွေအတုနဲ့ ခရိုနီတွေကို လိမ်စားသွားတဲ့သတင်း
ကြောင့် အလင်းရှင် ပျှော်လို့မဆုံးဖြစ်မိတယ်။ ဘုန်းကြီးကျောင်းမှာ ဆွမ်းစားပြီး
ဆွမ်းကျန်များကို ခွေးကဗိုလ်ကျတယ်လေ။ ဘေးမဲ့လွှတ်ထားတဲ့ကြက်လေးတွေကို
မကျွေးချင်ဘူး။ လိုက်ကိုက်တယ်။ ဒီတော့ ကျောင်းသားက ခွေးကိုရိုက်တယ်။
ဟော ကျောင်းသားကိုကြပြန်တော့ ကိုရင်က ရိုက်တယ်။ အခုလည်း ဒီကိန်းဆိုက်
သွားတယ်။ ပြည်သူကို အစိုးရနဲ့ပေါင်းပြီး အနိုင်ကျင့်တဲ့ ခရိုနီသူခိုးကို ကိုရင်တရုတ်
က ယွမ်ငွေအတုနဲ့ ရိုက်ထိုက်လိုက်တာလေ။
သာဓု . . သာဓု .. သာဓု . .
►ယံအကုသလံ ၊ အကြင်အကုသိုလ်သည်။ တံကံမ္မံ၊ထိုပြုသောသူသည်။◄
►အကုလ၀ိပါက၊တူမျှသောအကုသိုလ်အကျိုးကို။ လဘတိ၊ မုချမသွေရပေ၏။◄
လို့ ဒေသနာမှာအလာရှိလေတော့ . . ခံပေဦးပေါ့ ခရိုနီနဲ့ အာဏာရူးတို့ရေ . .
သံဃာနဲ့ပြည်သူကို အနိုင်ကျင့်နှိပ်စက်ဗိုလ်ကျခဲ့သမျှ တရုတ်ပေါက်ဖေါ်ကြီးက
ယွမ်ငွေအတုနဲ့ ရိုက်လိုက်တာ .. ဂိန်လို့တောင်မအော်နိုင်ရှာတော့ဘူးတဲ့ . ဗျ။
တို့ပြည်သူတွေမှာ စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေကတစ်မျိုး၊ ဂျီစုကတစ်ဖုံ၊ တရုတ်
မွှေလို့ တောင်ပြုန်းတောပြုတ် ဒုတ္ထာအဆိပ်သင့်လို့ သေသူကသေ . . အားကိုး
စရာဆိုလို့ ရတနာသုံးပါးပဲရှိတော့တယ်။ ဒါ့ကြောင့် ရှေးက တဘောင်ရေးစပ်ခဲ့
ကြတဲ့ဆရာကြီးများက . . .
►ဘုရားရယ်ဓမ္မခဏ်နဲ့၊ မြတ်သံဃာရတနာထီးကိုလ၊◄
►ခိုမှီးကမပြတ်စောပေတော့၊ အတ္ထောဆိုလိုရာသိစေဖို့၊◄
►အနက်ဆန်ဖေါ်မပြခဲ့ဘူး . . . ဆိုပြီးတော့ ရေးစပ်ခဲ့တဲ့တဘောင်လေးကို
အလင်းရှင်ငယ်စဉ်ကိုရင်ဘ၀က ကျက်မှတ်ဖူးပါတယ်။ ဆိုလိုတဲ့အဓိပ္ပါယ်က
တော့ ဒီကာလမှာ မင်းစိုးမင်းယုတ်တွေအုပ်ချုပ်မင်းမူဗိုလ်ကျစိုးမိုးမယ်။
ဒီကောင်တွေဟာ ရတနာသုံးပါးကို နားမလည်ဘူး။ သဘောအပေါ်ယံမျှသာ
ကိုးကွယ်ယောင်ဆောင်ပြီး ပြည်သူနဲ့ဒီရတနားမြတ်သုံးပါးကို စက်တင်ဘာရွှေ
ဝါရောင်တော်လှန်ရေးလိုး သတ်ဖြတ်ဖမ်းဆီးထောင်ချလိမ်မယ်။ ဒါ့ကြောင့်
ပြည်သူဟာ ရတနာမြတ်သုံးပါးကိုသာ မိုးရွာလည်းဆေင်း နေပူလည်းဆောင်း
နှင်းကျလည်းဆောင်းပါ . . ပြောခဲ့တာပါ။
ကဲ ဒီလောက်ပဲ ဒကာဒကာမတို့ရေ . . နောက်တော့ဆက်ပြောကြတာပေါ့။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment