ချက်ဘောက်ကတက်လာတဲ့ စကားလေးကို မျှဝေကြည့်တာပါ။ “ဖေ့ဘွခ်မှာ
အချိန်ကိုလူပန်းငွေကုန်ခံပြီး အမျိုးသားရေးကိုလုပ်နေတာကို ပတ်ဝန်းကျင်ကလှောင်ကြတယ်တဲ့” “ မင်းကဘုရားဆွမ်းတော်ကြတော့ မကပ်ဘူး ဒီအမျိုးသားရေးပဲလုပ်နေတာလား” ဆိုပြီးတော့
လည်း ဝေဖန်ကြပါတယ်တဲ့။ ဒါကိုသူအနေနဲ့ သူ့ရဲ့ ယုံကြည်မှုကိုမစွန့်လွှတ်နိုင်ဘူးဖြစ်နေတယ်။ သူဟာ ဘုရားမှာပန်းဆီမီးရေချမ်းမကပ်ပေမယ့်။ အွန်လိုင်းမှာ အချိန်တွေပေး
ရတယ်။ ငွေပေးရတယ်။ဦးနှောက်တွေပေးရတယ် လို့ဆိုပါတယ်။
အဲဒီမှာတင်အလင်းရှင်က သူ့ကိုအခုလိုစီကာပတ်ကုံးပြန်ပြောမိပါတယ်။
ဒါနဆိုတာ တို့သိလောက် အများကြီးပဲ။ ဘယ်နှစ်မျိုးရယ်လို့ကို မရေမတွက်နိုင်ဘူး။ ပါရမီခန်းမှာသာလျှင် ဗုဒ္ဓလောင်းလျှာတို့ဟာ ဆယ်ပါးသောပါရမီကိုဖြည့်ကျင့်တာ ကံသုံးကံနဲ့မြှောက်ရင် သုံးဆယ်ဖြစ်တယ်။ ဒါနဆိုတာ ပေးစွန့်တာပဲ။ မျှော်လင့်ချက်မထားဘဲပေးစွန့်တာမှန်သမျှဟာဒါနပဲ။ မျှော်လင့်ချက်မထားလေ ပိုပြီးကိုယ့်ရဲ့ပေးစွန့်မှုကပိုတန်ဘိုးကြီးလေပဲ။ကိုယ်ကအချိန်တွေပေးစွန့်လိုက်တယ်ဆို၇င် အချိန်ဆိုတာ ဘ၀၇ဲ့တန်ဘိုးအ၇ှိဆုံးအ၇ာတစ်ခုပဲ။ အချိန်ဟာ ဘယ်လိုအ၇ာနဲ့မှာဝယ်လို့မ၇ဘူး။ ဘုရားများတောင် သတ်တမ်းကိုကာကွယ်ဖို့အတွက် အာယုပါလကဖလသမ္မာပတ်ဈာန်
ဝင်စားရတာ။ ဒါကိုအခြားရဟန္တာတွေမလုပ်နိုင်ဘူး။ ဒါ့ကြောင့်အချိန်ဟာ ဘ၀အတွက်တန် ဘိုးအရှိဆုံးမို့ . .အချိန်တွေအကုန်ခံပြီး အမျိုးဘာသာရေးလုပ်တဲ့သူဟာ အသက်တွေ . .ဘ၀တွေ . .ကိုပေး စွန့်တာနဲ့တူတယ်။ ဒါ့ကြောင့် ဇီဝိတဒါနတစ်မျိုးပဲ။
အေး . . အယုတ္တအနတ္တတွေ လုပ်နေတာကတော့ အချိန်ကို ငရဲခန်းထဲပို့ထားတဲ့သဘောပဲ။ အမျိုးဘာသာ ရေးတွေလုပ်နေသရွေ့တော့ ကိုယ့်အချိန်တွေဟာ . . ဇီဝိတဒါနတွေဖြစ်နေလိမ့်မယ်။