(၁) “ရက်စက်ပါပေ့ ကြံ့ခိုင်” ဆိုတာ ဟိုတစ်ချိန်တုန်းက
စတီဒီယို တေးသံရှင်ကို အောင်သူကြီးဆိုတဲ့ သီချင်းစာ
သားလေးကို တစ်ကွက်ဖျက်ရေးလိုက်တာပါ။ ကိုအောင်သူရဲ့
ခံစားချက်က “ရက်စက်ပါပေ့မခိုင်” တဲ့။ ကျွန်တော့ရဲ့ခံစားချက်က
ရက်စက်ပါပေ့ ကြံ့ခိုင် တဲ့။
ကိုယ်အောင်သူရဲ့ ဘ၀ကို “ရက်စက်တာက မခိုင်”
ဆိုတဲ့အမျိုးသမီး။ ကျွန်တော် နဲ့တကွ မြန်မာပြည်သူပြည်
သားတွေကို ရက်စက်တာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး
အသင်းကြီး။
“ မခိုင်ဆိုတဲ့အမျိုးသမီးက တစ်ယောက်ထဲကို ရက်စက်တာ။”
“ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီးက . . ”
“ ကျွန်တော်တို့ တစ်မျိုးသားလုံးကို ရက်စက်တာ။”
“ကြံ့ဖွံ့”လို့ခေါ်ရမယ့်အစား၊ ဒီအဖွဲ့ကြီးကို မုန်းလွန်းတော့
ပြည်သူလူထုကြီးက “ကြံ့ဖွတ်” လိုခေါ်ကြတယ်။ ဒီအတိတ်
တဘောင်အတိုင်းပဲ။ မြန်မာပြည်ကြီးဟာ အဲဒီအ သင်းကြီးစ
လိုက်ကတည်းက ဖွတ်တက်သလိုမွဲတော့တာပါပဲ။
သူများတိုင်းပြည်ကိုပေးရမယ့်အကြွေးက ဘီလျှံနဲ့အမျှရှိနေ
မှတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေခေါင်ဆောင်ကာ ဖွဲ့စည်းခဲ့တဲ့
ကြံ့ဖွတ်အဖွဲ့ကြီးဟာ ဘယ်အထိတောင် ရက်စက်နေဦးမှာလဲ။
ပြည်သူလူထုကို မလိမ့်တစ်ပတ်ရိုက်နေတဲ့ လူယုတ်ကြီးသန်းရွှေရဲ့
တမလွန်ကြိုးနီစီမံကိန်းဖြစ်တဲ့ ထိုအသင်းကြီးကို
“ရက်စက်ပါပေ့ ကြံ့ဖွတ် လို့ စာသားပြောင်းအ၀ီစိဂုဏ်ပြုရတော့
မှာပေါ့ခင်ဗျာ။
“ရဟန်းသံဃာတော်နဲ့ပြည်သူလူထုကြီးကို
စက်တင်ဘာမှာ စွမ်းအားရှင်အဖွဲ့ဖွဲ့ပြီး သတ်ခဲ့တဲ့ ကြံ့ဖွတ်။”
“ ကြားဖြတ်ရွေးကောက်ပွဲမှာ သူပဲနိုင်ဦးမှာလားမသိ။ ”
“သူနိုင်သမျှ ကျွန်တော်တို့ပြည်သူတွေ အရှုံးကြီးရှုံးလို့
အငတ်ဘေးတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရေဦးမှာပဲ”
ကျွန်တော်ဟာ ကျွန်တော့်ဘ၀ထက် ပြည်သူပြည်သားတွေရဲ့
ဘ၀တွေကို ပိုခံစားမိတယ်။ ကိုယ်က နိုင်ငံခြားမှအနေများလို့
ပက်သက်မှုတွေရှိလို့ ဘ၀ကံအဆိုးထဲက အ ကောင်းတစ်ပင်ကြောင့်
စားဝတ်နေရေးပြဿနာ မဖြစ်ပေမယ့် ဆင်းရဲသားကြောမွဲလူတမ်းစား များသာပေါများနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့
ဘ၀တွေကို အသည်းပေါက် အောင် နာကျည်းရပါတယ်။
“ကြံ့ဖွတ်တို့က ပြည်သူလူထုကြီး ကောင်းကျိုးကို သည်ပိုးပါမယ်လို့
လွှတ်တော်အမတ်တွေက မဲဆွယ်စည်းရုံးကြတယ်။”
“ကြံ့ဖွတ်တို့ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေက မကျက်သေးဘူးဗျ။
အဲဒီတော့ သူတိုပအသံတွေကို ဘယ်လိုယုံကြည်ရမှလဲ။ ”
ကျွန်တော်တို့ ရပ်ကွက်ထဲက လူကြီးတစ်ယောက်ဟာ သူမျက်စေ့ကို
ကြံ့ဖွတ် တို့အဖွဲ့က ကုသပေးလို့ဆိုပြီး ကြံ့ဖွတ်တို့ကို ထည့်မယ့်အ
ကြောင်းပြောတယ်။ ဒီလို အမြှော် အမြင်နဲတဲ့သူတွေ ကျွန်တော်တို့
နိုင်ငံမှာ အောတိုက်ဖြစ်နေရင် မြန်မာပြည်အတွက်ရင်လေးစ ရာပါပဲ။
မြန်မာတွေဟာ အဲလို အမြှော်အမြင်နဲပါးခဲ့လို့ပဲ ကမ္ဘာမှာဆင်းရဲတဲ့နိုင်ငံ
အဖြစ် ရှိနေတာပါ။ ဒါ့ကြောင့် ဒီနေရာကနေ ကျွန်တော်တောင်းပန်ချင်
ပါတယ်။ ရဟန်းသံဃာတော် တွေကိုသတ်၊ ပြည်သူလူထုကြီးကို ဆင်း
ရဲတွင်းထဲ ထည့်နေတဲ့ ကြံ့ဖွတ်ကို မဲ မပေးကြပါနဲ့ ခင်ဗျာ။ ကြံ့ဖွတ်ကို
ဖွဲ့စည်းပေးခဲ့တဲ့ ခေါင်းဆောင်ကြီးဖြစ်တဲ့ ဘီလူးကြီးအာဏာရူးကြီး
သန်းရွှေ ကြောင့် မြန်မာနိုင်ငံဟာ တရုပ်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေ
ရပါပြီ။ တရုပ်ကိုပေးရမယ့် အကြွေးတွေဟာ အများကြီးဖြစ်နေပါပြီ။
ဒါ့ကြောင့်ပြည်သူထူထုကြီးခင်ဗျာ ကြံ့ဖွတ်နဲ့တ-စ-ည တို့ကိုမဲလုံးဝမ
ထည့်ပါနဲ့။
တောင်းပန်ချက်။ ။ ဒီဆောင်းပါးလေးက (၂၀၁၂)ကြားဖြတ်ရွေး
ကောက်ပွဲမတိုင် ခင် ကျွန်တော် facebook မှာ AungMinKhoung
ဆိုတဲ့နာမည်နဲ့တင်ခဲ့တာပါ။ ကြာပြီဆိုပေမယ့်လည်း အခုလိုပြန်တင်ပြမိ
တာကတော့ ကျွန်တော့ရင်ဘတ်ကို ကျွန်တော်ပြန်ကြည့်မိလို့ပါပဲ။
စာတွေကိုချစ် စာတွေမှာ နစ်ရင်း ကျွန်တော်အနာဂါတ်ဟာ အာဏာရှင်တွေရဲ့
လက်ထဲမှာပါလားလို့လဲ ခပ်တုန်တုန် ဖြစ်မိတယ် ။
ကျွန်တော့စာတွေကို ဖတ်ဖြစ်သူဟာ ကျွန်တော့ဘ၀ကို
ဝင်ကြည့်မိသူပါပဲ။ ရင်နှီးခွင့်ရတဲ့ စာဖတ်ပရိတ်သတ်အတွက်တော့
ကျွန်တော် ပေးထားဖြစ်ခဲ့မှာပါ။
အမုန်းတွေမပါတဲ့ အချစ်တွေ . . .
နောက် ကမ္ဘာပြိုလေပြိုငြားသော်လည်း ဘယ်တော့ မပြိုပျက်နိုင်တဲ့
ကျွန်တော့ရဲ့ ရိုးသားရဲရင်မှုတွေ ကိုပါပဲခင်ဗျာ။
No comments :
Post a Comment