ကမ္ဘာ့ယဉ်ကျေးမှုစာပေနယ်မှာ ဒေါသအလျှောက် ပြောမိတဲ့ ယုတ်ရင်းကြမ်းတမ်းသော စကားလုံး များကို အလွန်ပင် သြော် နှလုံးနာမိကြမှာပါ။ ဘာသာစွဲမပါဘဲ ဆိုဆို ကိုယ့်မိသားစုရဲ့ အစဉ်ကိုးကွယ်လာ တဲ့ ဘာသာတရား အရပဲပြောပြော ဆဲဆိုကြိမ်းမောင်းလိုက်သော စကားသံ အက္ခရာများကို မင်္ဂလာရှိသော စကားရယ်လို့ ဘယ်ဘာ တရားကျမ်းစာများကမှ ဖေါ်ကျူးခဲ့ကြပါ။
ကျွန်တော်သည်လဲ ယဉ်ကျေးမှုဘာသာတရားကို ကြောထောက်နောက်ခံပြုပြီးတော့မှ ပုခုံးနှစ်ဘက်ကြားမှာ ခေါင်းပေါက်ခွင့်ရတဲ့သူမို့ . . . ရိုင်းလို . . စိုင်းလို . . . ခိုင်း နှိုင်းလို၍မဟုတ်ပါ။
ခွန်အားမပြည့်စုံသေးတဲ့ လူမမယ်သူငယ်လေး တစ်ယောက်ကို ဒုတ်ဓားအားကိုး လူဆိုးကြီးများက ၀ိုင်း ၀န်းအနိုင်ကျင့် ရိုက်ပုတ်သတ်ဖြတ်ကြတဲ့အခါ အပြစ်မဲ့ခံ စားရသူကလေးငယ်ဟာ သူ့မှာရှိတဲ့ ၀စီကံနှုတ်အခွင့်အ ရေးနဲ့ “ငါလိုးမသားကြီးတွေ မင်းတို့ခွန်အားကြီးတုန်းတော့ လုပ်ထားဦးပေါ့ကွာ” လို့ ဆဲမိတာကို ခင်ဗျားတို့က အမိ- ယုတ်တဲ့သား နှုတ်အမူအရာကြမ်း၏ လို့များ ပညာရှိသူ တော်ကောင်းတို့ရဲ့ “လေလည်သံ” ကို သုံးနှုန်းကြဦးမှာ လား။
သတ္တ၀ါတိုင်းမှာ ကာယနာကျင်ခံစားမှု စိတ္တနာ ကျင်ခံစားမှုဆိုတာ ရှိတက်စမြဲပါ။ အခုလဲ သတ္တ၀ါထဲမှာ တစ်ယောက်တစ်ဦးပါဝင်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ သားများရဲ့ “နေ၀င်းအစိုးရမှ သည် စစ်အရေခွံလဲတိုက်ပုံ ၀တ်သိန်းစိန်အစိုးရတိုင်” ခံစားလာရတဲ့ ဒုက္ခဆင်းရဲအဖုံဖုံ အတွက် လက်နက်မဲ့တဲ့ ကျွန်တော့မှာ နှုတ်ဝစီဆဲဆိုစရာ ပဲရှိတော့တယ်။
အထက်ကပုံခိုင်းခဲ့တဲ့ အနှိပ်အစက်ခံနေရတဲ့ က လေးတစ်ယောက်လိုပေါ့ဗျာ။ ဗလချင်းလဲမမျှ - လက်နက် ချင်းကလဲ မရ ဆိုတော့ ကိုယ့်မှာရှိတဲ့ လီး . . လချေး . . နဲ့ နှိုင်းတာများ ရိုင်းလိုက်လေရယ်လို့ အပြစ်တင်လေဦးတော့ မလား . . . ခင်ဗျာ။
ကိုယ်ချင်းစာတရား ရင်ဝယ်ထားတက်တဲ့သူအဖို့ တော့ ကျွန်တော့ကို အပြစ်မတင်လိုတဲ့အပြင် ကရုဏာ သက်မိဦးမယ်လို့ ထင်ပါတယ်။ ကျွန်တော်ဟာ မြန်မာနိုင်ငံ ရဲ့ မြေယာများကို ထွန်ယက်ရင်း ကနေ ဘ၀၀မ်းစာကို ရိုး သားကျိုးစားစွာ ရှာဖွေအသက်မွေးခဲ့တဲ့ ဘိုးစဉ်ဘောင် ဆက်ဖွားလက်ထက်က ဆင်းသက်လာရတဲ့သူမို့ ရိုးသား ကျိုးစားခြင်း၊ဇွဲလုံ့လ၀ီရိယကိုသာ အားကိုးခြင်း မဟုတ် လျှင်ခေါင်းငုံ့မခံ တုန့်ပြန်တွန်းလှန်တက်တဲ့ တောင်သူဦး ကြီးများရဲ့ မာန‚ဇကပါလာလေတော့ . . . .
ချွေးနဲ့သွေးနဲ့ရင်းပြီး မြေလွှာပါးပါးလေးထဲက ပိုက်ဆံကိုထွန်ယက်ယူငင်ကာ ကျွန်တော့ကို ကာယအားတွေ . . .ဉာဏအားတွေခွံ့ကျွေး ခဲ့တဲ့အတွက် စစ်ဘောင်းဘီအရေခွံကိုချွတ်တိုက်ပုံဝတ်ခဲ့ တဲ့နေ၀င်းကစလို့ အခုလက်ရှိသိန်းစိန်တိုင်အောင် ဒင်းတို့ရဲ့လုပ်ဇတ် ပြည်သူပိုင်သံယံဇာတတွေကို မိသား စုပိုင်အဖြစ်သုံးဖြုံန်းခဲ့ကြတဲ့အပြင်ပြည်သူတွေကို လူ့အခွင့်အရေး/ဥပအေခွင့်အရေးမပေးဘဲ တရိစ္ဆာန်တွေ
လိုသဘောထား မတရားလုပ်ရပ်တွေကိုသိလာရတဲ့ကျွန်တော့မှာကြောချမှဓါးပြမှန်းသိဆိုတဲ့ရှေးစကားပုံ အတိုင်း ဖက်စစ်ဂျပန်နဲ့အင်္ဂလိပ်အစိုးရတို့ထက် သာလွန်ခေါင်ခိုက် မိုက်ရိုင်းတဲ့ စစ်အရေခွံချွတ် မဆလ ပါတီနဲ့ မြန်မာပြည်ကို သွေးလမ်းခင်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းလို့အများသိတဲ့ ခွေးဝဲ စားနေ၀င်း၊ နောက် အရေ ခွံကို ချွတ်မသွားဘဲ ၀တ်ရက်သားနဲ့ သူ့ကတုန်ကျင်းသူကာကွယ် ဒီမိုကရေစီစာမျက်နှာ လှန်ပြခဲ့ တဲ့ ခွေးဝဲစားသန်းရွှေ . . . ။
ကျွန်တော့ဘိုးရွယ်ဘရွယ်ပင်ဖြစ်လင့်ကစား အချီး အနှီးလူဖြစ်ခဲ့တဲ့ ဒီကောင်တွေကို ကျွန်တော်မှာ ဆဲစရာ လက်နက်ပဲရှိတယ် အကယ်၍များ ခင်ဗျားတို့က အမျိုး ဘာသာသာသနာ နိုင်ငံနဲ့ တိုင်းသားလူများ ကမ္ဘာသားတို့ ရဲ့ မျက်နှာကိုမထောက် တိုင်းပြည်သူပြည်သားတွေကို ဆင်းတွင်းထဲဆွဲချ ငတ်သေ သတ်သေအောင်လုပ်ခဲ့တဲ့ ဒီအမျိုးယုတ်တွေကို သတ်ဖို့ ကျွန်တော့ကို လက်နက်သာ ပေး နည်းပညာသာပေး လက်မနှေးဘဲ ကမ္ဘာကြီးယဉ်း ကျေး ဗမာသူဗမာသားတွေကောင်းစားဖို့အတွက် ကျွန်-တော်အသက် စတေးဝံ့ပါတယ်။
ဒီလိုစိတ်ဓာတ်မျိုး မြန်မာမှာ ကျွန်တော်တစ် ယောက်ထဲရှိတာမဟုတ်ပါဘူး။ အများကောင်းကျိုး လူ သားကောင်းကျိုးကို သည်ပိုလိုသော အမျိုးသာအမျိုးသ မီး မြန်မာနိုင်ငံ တစ်ပုံကြီးပါ။
နာမည်တွေရေတွက်ရင် စက္ကူတောင်ညောင်းလိမ့်မယ် ဟိုး . . .ပဝေသဏီကတည်းက အသက်ပေးလှူ သွားကြတဲ့ အလုပ်သမားအာဇာနည် လယ်သမားအာဇာနည် ကျောင်းသူကျောင်းသား အာဇာနည် အို . . . စုံလို့ ပါပဲ။
ဒါ့ကြောင့်ပဲ ဒီကနေ့ထိတိုင် (၈)လေးလုံးပြည်သူ့ အရေးတော်ပုံကြီးတွေပေါ်ပေါက်ခဲ့တယ်၊ ဗုဒ္ဓရဲ့သကျပုတ္တ များဖြစ်ကြတဲ့ ဘုရားသားတော် ရှင်ရဟန်းအကျော်မော်တွေက ဆင်းရဲငတ်မွတ်နေတဲ့ လူ့အခွင့်အရေး/တရားဥပဒေအခွင့်အရေးတွေ ဆုံးရှုံးနေကြရတဲ့ပြည်သူလူထုရဲ့မျက်နှာငြိုးငယ်နေတာကို ကြည့် ပြီး (၂၀၀၇)စက်တင်ဘာ သံဃပရိတ်ရွတ်ပွဲကြီးပေါ်ပေါက်လာခဲ့တယ်မဟုတ်လား။
ရက်စက်အယုတ်တမာများဖြစ်ကြတဲ့ န၀တ/န အဖ နာမည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်း ပြည်သူ့လည် မျိုကိုနင်း ရင်ဝကိုစစ်ဖိနပ်နဲ့စောင့်ကန် လှံစွတ်နဲ့ထိုး နောက်ဆုံး သေနပ်နဲ့ပါပစ်ခဲ့တဲ့ ဗိုလ်သန်းရွှေ . . . တို့ အခု တော့ ကုလားထိုင်ပေါ်က ဆင်းပေးလိုက်ရပြီလေ။
ဒီလို အသွင်ကူးပြောင်း ပြည်သူ့လက်ထဲကို အာ ဏာရရှိဖို့ဆိုတာ ပြည်သူတွေပဲ အသက်ပေးခဲ့ ရတာပါ။ ပြည်သူဆိုတာကို အကြမ်းအားဖြင့် ခွဲပြရရင် ရှမ်းကချင် ကရင်အစရှိတဲ့ တိုင်းရင်းသား၊ နောက် တရုပ်၊ မွတ်ဆလင် အစရှိ မြန်မာနိုင်သားများပါဝင်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံမှာလည်း မြန်မာနိုင်ရှိ တရုပ်လူမျိုးများ မွတ်ဆင်လူမျိုးများ မြောက်များစွာ အသက်ဆုံးရှုံးခဲ့ရသလို ရွှဝါရောင်တော်လှန်ရေးဆိုတဲ့ ရဟန်းသံဃာများစုပေါင်းလှည့်လည်ပရိတ်ရွတ်ရာ မှ စစ်အာဏာရူးသန်းရွှေကနေသေနပ်နဲ့ပစ်အကြမ်းဖတ်နှိပ်နင်းခဲ့တဲ့ သံဃသပိတ်မှောက်ပွဲမှာလည်း မြန် မာနိုင်ငံဖွား တရုပ်လူမျိုး မွတ်ဆင်လူမျိုးများကနေပြီး သောက်တော်ရေများ ကမ်းလှမ်းပေးလှူခဲ့ကြတာ ဟာ ပြည်သူ့စွန့်စားခြင်းတစ်ရပ် ပဲမဟုတ်ပါလား။
အကြောင်းကြောင့်အကျိုးဖြစ်ဆိုတဲ့အတိုင်း မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုကြီးရဲ့ မခံမရပ်နိုင်ဖြစ်မှုတွေကြောင့် အရေးတော်ပုံတွေ အမျိုးမျိုးပေါ်ပေါက်လာခဲ့ပါတယ်။ ဒီပဲရင်းအရေးအခင်း ကလဲကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ပြည်သူ့ခေါင်ဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ လိုက်ပါပို့ဆောင် ဧည့်ခံကြိုဆိုကြတဲ့ ပြည်သူတွေရဲ့ အသက်ကို ရက်စက်စွာသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဒီပဲရင်းအ ရေးတော်ပုံ ကလဲ ဒီနေ့အထိမေ့လို့မရသေး။
အာဏာရူးသန်းရွှေတို့က ပြည်သူ့အာဏာကို သူ့ မယားပိုင်အာဏာအဖြစ်လုပ်ယူနေကြသလို သူ့နောက် လိုက်နောက်ပါများ စီးပွားရေးသမားများဖြစ်ကြတဲ့ တေဇ ဇေကမ္ဘာခင်ရွှေ ယုဇနဋ္ဌေးမြင့် မက် (စ်)မြန်မာဇော်ဇော် ဘိန်းဘုရင်ခွန်ဆာရဲ့သားများ . . . က ပြည်သူလူထု လက်ထဲကို အာဏာရောက် သွားမှာကို စိုးရိမ်နေကြရတယ်။
ဒါ့ကြောင့်ပဲ အသိအမြင်ကြွယ်ဝ နှလုံးလှကြတဲ့ (သူတို့ကိုတိုက်ခိုက်နေကြတဲ့) သူမှန်သမျှ မဟုတ်တမ်းတ ရားပုဒ်မတွေနဲ့ ထောင်ထဲကို မဖြစ်သင့်တဲ့ နှစ်တွေနဲ့ အမိန့် ချခဲ့တယ်။ နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးခဲ့ကြတယ်။
ငါတို့ဟာမြန်မာနိုင်ငံကောင်းစားရေးအတွက်ပြည်သူလူထုတွေ ကမ္ဘာ့နိုင်ငံအသီးသီးမှာမျက်နှာ မငယ်ရ ဘဲ ခါင်ထောင်နိုင်ရေးအတွက်ဆိုပြီး အသက်တွေ ဘ၀တွေ ခန္ဓာအစိတ်အ ပိုင်းများစွာကို စွန့်လှူခဲ့ရတာ ဒီနေ့(၁၆-၈-၂၀၁၂) ရက်နေ့ အထိပါပဲ . .
ဒီသွေးစွန်းတဲ့နေ့ရက်တွေ ဒုက္ခတွေနဲ့စတေးနေရ တဲ့ ဒီမိုကရေစီတိုက်ပွဲဝင်ကျွန်တော်တို့ရဲ့ဘ၀တွေ ဒုက္ခ တွေဘယ်နေ့များမှ ငြိမ်းရပါ့မလဲဆိုတာကိုကျွန်တော်ရင်နာနာနဲ့စဉ်းစားရင်း . . . (၈၈၈၈)လေး လုံးပြည်သူ့အရေးတော်ပုံ (၂၄) နှစ်ပြည့်တဲ့ (၈-၈-၂၀၁၂) ရက်နေ့အခန်းအနားမှာ လက်ကမ်းဝေငှတဲ့ ကဗျာလေးများကို အခုလို လက်နာနာ နဲ့ ချရေးလိုက်မိပါတယ်။
ရင်နာနာ လက်နာနာနဲ့ကူးယူရေးပြရတာမို့ ကဗျာ ထဲက စာကျန်စာကျတာကတော့ ကျွန်တော့အမှားပါလို့ တောင်းပန်ပါရစေ . . .
ကျေးဇူးတင်ပါတယ် . . လိုအင်ဆန္ဒများ ပြည့်ပြည့်စုံပါစေလို့လည်း ဆုမွန်ကောင်းတောင်းမိပါတယ်။
ရှစ်လေးလုံးရဲ့ကဗျာ
မင်းကိုနိုင်
ငြိမ်နေရင်
ပင်ကူအိမတောင်ငြိနေမယ်
ရုန်းထွက်ရင်
သံကြိုးတွေတောင်ပြတ်တောက်တယ်
ဒါဟာ
သမိုင်းသစ်နဲ့အတူ
အောင်လံထူတဲ့ ပြည်သူ့အဘိဓမ္မာ။
အလွင့်ထဲမှာ
နွယ်ဦးလှိုင်
လေလွင့်တာ မဟုတ်ဘူး
ကြွေလွင့်တာပါ . . . . . .။
̏နှစ်ဆယ့်လေးမိုးကြာတောင်˝
ဒဏ်ရာက မကျက်သေးဘူး။
ပင်လယ်ရဲ့ သဘာဝမှာ
ရှေ့ကလှိုင်းတစ်လုံး
ကျဆုံးသွားတာနဲ့
နောက်နားဆီမှာ လှိုင်းသစ်တွေ
ဆက်၍ဆက်၍ လာနေတယ်။
စကြ်ာဝဠာထဲမှာ ကမ္ဘာရှိတယ်၊
ကမ္ဘာထဲမှာ မြေကြီးရှိတယ်
မြေကြီးထဲမှာ အရိုးရှိတယ်
အရိုးထဲမှာ ဘယ်တော့မှမဆွေးတဲ့
ကြွေးကြော်သံတွေရှိတယ်။
ငါ့တို့ရင်ထဲက
တစ်ဝက်ချထားတဲ့အလံ
အခုအထိ လွင်ပျံနေတုန်းပဲ။
၁၉/၈၈
မောင်လှမျိုးချင်းချောင်းခြံ
သမိုင်းသေမှာစိုးလို့
ငါတို့အသက်အသေခံခဲ့ကြတာ
သမိုးဆိုတာ ဘာမှန်းမသိရင် . . . . နေ
ဘ၀‚ဆိုတာ လွတ်မြောက်ဖို့လိုတယ်လို့သိရင် . . . . .
ငါတို့ . . . ပေးဆပ်ရကျိုးနပ်ပါပြီ။
လူလူချင်း အနိုင်ကျင့်နေတာကို
မကြည့်ချင်တော့လို‚
အသက်အသေခံပြီး တွန်းလှန်ခဲ့ကြတာ။
ဘုရားစူးရစေရဲ့
ဒင်းတို့ကို ကြောက်စရာလို့တောင် မထင်ခဲ့ဘူး။
မဖြစ်မနေသွန်ပစ်ရမယ့်
မစင်ခွက်တွေလိုသဘောထားပြီး
ငါတို့‚
ခြေကန်မှောက်လှဲပစ်ခဲ့ကြတာ။
ဘာလိုလိုနဲ့
ငါတို့သွေးတွေ . . . ပင်လယ်ဝေခဲ့ပါရောလား
ညီမ‚လေး . . . ၀င်းမော်ဦးရေ . . . .။ ။
(၁၉-၉-၈၈)ရက်နေ့တွင် ကျဆုံးခဲ့သော ညီမလေး
ဝင်းမော်ဦးနှင့် အာဇာနည်များ အားလုံးသို့ . . . ။
အလံတော်
ကွန်စစ်ကောင်း
မိဘတွေက
သားသမီးတွေကို လက်ဆင့်ကမ်း
အစ်ကိုတွေက အစ်မတွေ
ညီ ညီမလေးတွေ မောင်လေးတွေကို လက်ဆင့်ကမ်း
သားစဉ်မြေးဆက် လက်ဆင့်ကမ်း
အဲဒီလမ်းပေါ်မှာ
အဲဒီလက်ဆင့်ကမ်းလမ်းပေါ်မှာ
ခိုင်ခိုင်မာမာ ဆွဲကိုင်သယ်ဆောင်သွားရမယ့်အလံတော်
အဲဒီလက်ဆင့်ကမ်းလမ်းပေါ်မှာ
ကမ္ဘာတည်သရွေ့ ဝှေ့ယမ်းသယ်ဆောင်သွားရမယ့် အလံတော်
ရှစ်လေးလုံးအလံတော်
ဒီမိုကရေစီအလုံတော်
တော်လှန်ရေးအလံတော်
ရှစ်လေးလုံးဒီမိုကရေးစီတော်လှန်းရေးအလံတော်။
ငါတို့ရဲ့ သြဂတ်စ်
မြတ်လှိုင်း
သြဂတ်စ် . . . တဲ့
ကြီးကျယ်မြင့်မြတ်မှုရဲ့ အဓိပ္ပါယ်နဲ့
သူ့ကိုယ်သူ ဖွင့်လှပ်လိုက်တယ် . . .။
ဒါပေမယ့်
တစ်ခုသော သြဂတ်စ်လ
ရဲတိုက်ကို မိုးကြီးပစ်တဲ့ သင်္ကေတ
အနက်ရောင်ကာလတစ်ကို ရိုက်ချိုး
မိုးရေထဲမှာ အနီရဲရဲတွေ ကြွေပြ
ငါတို့ဟာ အနာဂတ်လို့ ဟစ်ကြွေးခဲ့ကြတယ်။
လူကိုရတဲ့သူဟာ
လောကကိုအောင်နိုင်တဲ့သူ . . . တဲ့ငါ့တို့စပြီး ဖွင့်လှစ်ခဲ့တဲ့ သြဂတ်စ်
အနာဂတ်ကို ငါတို့ရခဲ့ကြပြီလား
ရဲရင့်တဲ့ခြေလှမ်းတွေ မရပ်တန့်ဖို့လိုတယ်။
ရှစ်လေးလုံး
အေးကျော်
သွေးသံတရဲရဲနဲ့
အလဲလဲအပြိုပြို ဖြစ်ခဲ့တာတောင်မှ
လမ်းပေါ်ကို လူတွေ ထွက်လာခဲ့ကြ
လမ်းပေါ်မှာ လူတွေ ကြွေးကြော်ခဲ့ကြ
လမ်းပေါ်မှာ လူတွေ သေဆုံးခဲ့ကြ
ဒီရက်၊ ဒီလ၊ ဒီနှစ်မှာ . . .
အဲဒါတွေ . . . ဖြစ်ခဲ့တယ်။
ကမ္ပည်းတင်တဲ့လ
ဆန်နီ
လူထုရဲ့ အကြီးအကျယ်ခမ်းနားဆုံး တေးတစ်ပုဒ်
ငါတို့ရဲ့ သြဂုတ်လမှာ မွေးဖွားသန့်စင်ခဲ့။
ဧရာဝတီဟာ
မြွေဟောက်တစ်ကောင်လို တွန့်လိမ်လှိုင်းထ
စစ်အာဏာရှင်တို့ရဲ့ သွေးပျက်ညတွေ
အဲဒီ သြဂုတ်လမှာ ဖြစ်ခဲ့တယ်။
ကျောင်းနံရံပေါ်က သွေးစက်တွေနဲ့
လူထုမြစ်ကြီးတွေ စီးခဲ့
ရကန်ကုန်မြို့လယ်ရဲ့ လမ်းမကြီးတွေ
ဧရာမရင်ခုံသံ သိမ့်သိမ့်တုန်လို့ . . . .
အံကြိတ်နေတဲ့ အလံတွေ မိုးစက်မိုးပေါက်တွေကြား
သွေးသံရဲရဲလွင့်ပျံလို့ . . .
ကမ္ဘာမြေပေါ်က လွတ်လပ်ရေးတေးသံ
ကမ္ပည်းမော်ကွန်းရေးထိုးခဲ့တဲ့
အဲဒါ ငါတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ သြဂုတ်လ။
သြဂတ်စ်တေးသံ
သက်နှင်းဆွေပုပ္ပါး
ကြယ်တွေ ကြွေခဲ့
မြေဇာပင်တွေ ကြေခဲ့
ဘ၀ရေစီးကြောင်းတွေ ပြောင်းခဲ့
ချစ်သူငယ်ချင်းတွေ ကွဲကွာသွားခဲ့
ချစ်သူတွေချင်းလည်း ခွဲခွာစေခဲ့
အဲဒီ သြဂတ်စ်ရဲ့ ကောင်းကင်ထဲ
အမှန်တရားမြားတွေ ကျိုးပဲ့
တစ်သွေးတစ်သံ တစ်မိန့် ကျည်ဆန်တွေ ပလူပျံခဲ့
စစ်ဖိနပ်သံတွေကြားမှာ
ဖရိုဖရဲ မိုးရေစက်တွေ ပြိုဆင်းသွားခဲ့
အနီရောင် မျက်ရည်စတွေ စတေးလုက်ရတာ
ပါလား . . . .။
တင်းမာခြင်း၊ ချုပ်ကိုင်ခြင်း ခံပြင်းခြင်း ပုံရိပ်တွေနဲ့
ကြိတ်မနိုင ခဲမရ သံစဉ်တွေကို ၀ါးမျိုညပီး
ကြေကြေကွဲကွဲ ရပ်ပြနေတဲ့ အဲဒီရှစ်ဂဏန်းလေးခု
ကြည့်စမ်း . . .
မိုးရာသီပေါင်း နှစ်ဆယ်လေးကြိမ်တိုင်ခဲ့ပြီ
နီနေတုန်း ရဲနေတုန်း လွင့်နေတုန်းပါလား .. . ။
ဟောဒီ . . . သြဂတ်စ်ကောင်းကင်ထဲမှာပဲ
အနီရောင် နှတလုံးသားမဲ့ ကြယ်ဖြူတစ်ပွင့်
မားမားမတ်မတ် ပျံသန်းလို့လာခဲ့
(ဒီမိုကရေစီအလင်းရောင် . . .)
အရင်းအနှီးတွေ တောင်လို ပုံခဲ့တယ်။
တံတား
မောင်စိန်ဝင်းပုတီးကုန်း
နေရာသစ်ကို သွားဖို့
တံတာတစ်ခုလိုနေစဉ် . . .
သူရဲကောင်းတို့ရဲ့သွေး
မီးသတ်ပိုက်နဲ့ ပက်ပြီး ဆေးလည်းမစင်
ဝိဉာဉ်တွေပူးကပ်
စိတ်ဓာတ်တွေရင့်ကျက်
တစ်ယောက်ကျလျှင် တစ်ယောက်တက်
ဘက်နက်နဲ့အထိုးခံ
ကျည်ဆန်ကိုအန်တု
ပြည်သူတွေနဲ့ ပြည်သူ့ရင်သွေး
အသက်များစွာ စတေးခံ
သွေးလျှံတဲ့ အဖြစ်အပျက်
ခေတ်အဆက်အဆက် မနေို့င်စရာ . . . .
အဲဒီလက်တွေနဲ့ တည်ဆောက်ထားတဲ့
မရဏတံတားပေါ်ကိုနင်း
အလင်းရှိတဲ့နေရာသစ်
ကျန်ရစ်သူတွေဦးတည်လျှောက်
ပန်းတိုင်ရှိရာ မရာက်မချင်း . . . .။
၈.၈.၈.၈
မောင်စိမ်းနီ
ဓနရှင်အလို မရှိသည်ကအစ
မြင်းခွာပေါက်သံတဖြောင်းဖြောင်း
ဟောင်းနွမ်းနေတဲ့ အလံတော်
အိုးဝေသံတွန်ကျူးလို့
အသစ်အသစ်တို့ မော်ဖူး အရုဏ်ဦးမှာ။
ရဲသော် မသေ
အောင်ညိုအေးပန်းတော
ကြယ်တွေကြွေသလို ပန်းတွေ ကြွေသလို
အာဏာရှင်ရဲ့ ပလ္လင်ခြေမှာ
အညတြတွေ သွေးချောင်းစီးခဲ့ . . . .
၁၃၀၀ ပြည့်အရေးတော်ပုံမှာ
အရွယ်စုံ အသွေးစုံတို့ရဲ့မာန်
ခွပ်ဒေါင်းအလံတော်မှာ စုဝေး
ကမ္ဘာမကြေ တေးကိုသံပြိုင်ဆိုရင်း
ဘရင်းကယ်ရီယာနဲ့ လှံစွပ်တွေကြား
အကြောက်တရားကို မြေမြှုပ်ခဲ့ကြ . . . .
အဲလို . . . အာဏာရှင် ခြေတော်တင်ခဲ့ရတဲ့
ကမ္ဘာမကြေ . . . မြန်မာပြည်မှာ
အနေမြင့် . . . သရေတင့်စေဖို့
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ
တိုက်ပွဲညီလို့ ရောင်နီသမ်း
(၂၄)နှစ်တာ လမ်းမပေါ်မှာတော့
(ကျဆုံးသူများရဲ့ . . . .)
ဝိဉာဉ်ပန်းတွေ ပွင့်ခဲ့ကြတယ်။
No comments :
Post a Comment