.

AlinShin

Saturday, November 1, 2014

စွန်းလွန်းဆရာတော်မှ ဦးနုမေးလျှောက်ချက်များကိုဖြေကြားချက် (အခန်းဆက် ဆောာင်းပါး)(၃)


      
       
ဦးနုအမေး . . 
     စွန်းလွန်းအဖြေ(အပိုင်း ၃)
မေး◄►လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း ၊ 
ရှင်စေလို ရေနွေးလောင်း၊ ဟူသောအမေးကို ဖြေကြားတော်မူ ပါဘုရား၊
ဖြေ◄► (လူတို့ပြည်တွင် သစ်လေးပင်) “ဆိုရာ၌ လူ့ပြည် နတ်ပြည် 
ဗြဟ္မာ့ပြည် ရယ်လို့ လောကဝေါဟာရ အားဖြင့် ရှိသော်လည်း ဘယ်
ပြည်မှာများ ဘုရားပွင့်တယ်လို့ ကြားဖူးသတုံး”
“လူ့ပြည်မှာလို့ကြားဖူးပါတယ်ဘုရား”
“အဲ ဂင်္ဂါ ၀ါဠု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်များမှာသစ္စာလေး
ပါးနှင့်သာ ပွင့်ခြင်းကြောင့် လူတို့ပြည်တွင် သစ်လေးပင် ဟုဆိုတယ် 

ဒါကာကြီး”(သေစေလို ရေအေးလောင်း) ဆိုရာ၌ မဂ္ဂင်ရေ ကို ဆိုလို
သည်။ရှင်စေလို ရေနွေးလောင်း ဆိုရာ၌ လောဘ ဒေါသ မောဟ
ရေနွေးကို ဆိုလိုသည်။

မေး◄► မထိုင်ခင်က ခြေဆင်း၊ မလင်းခင်က ရောင်နီလာ၊ မချက်ခင်

က ထမင်း၊ မကျက်ခင်က စားပြီးပြီ၊ မရက်ခင်က ပုဆိုး၊ မချုပ်ခင်က 
ဝတ်ပြီးပြီ၊ ၎င်းအမေးကို ဖြေတော်မူပါဘုရား၊
ဖြေ ◄► အေး အဲဒါ ၀ိတက် လို့ခေါ်တယ်၊


စကားချပ်။ ၀ိတက် ဆိုသည်မှာ ကြံစည် စဉ်းစား စိတ်ကူးယဉ်ခြင်းပဲ
ဖြစ်ပါတယ် အကျယ်သိချင်ရင်တော့ အခုတွဲပေးလိုက်တဲ့လင့်မှာဝင်
ဖတ်ပါ။
http://alinshin.blogspot.com/2014/08/blog-post_27.html

မေး◄►အကြောင်းပြ ဘုရားတစ်ဆူ တစ်ဆူလျှင် သင်္ချေ နှစ်ဆယ် 
ကုဋေ ရှစ်ဆယ် ဗိုလ်ခြေတသိန်း ကျွတ်တမ်းဝင်သွားတယ်လို့ ကြား
ဖူးပါတယ်၊ ကျန်သော သတ္တ၀ါ ဟာ ရော့သလား မရော့ဘူးလား
ဘုရား၊
ဖြေ◄► “ဒကာကြီးမေးတဲ့ အတိုင်းပဲ ရော့သလား ဆို ရော့တယ်၊ 

မရော့ဘူးလားဆိုရင်လဲမလျော့ဘူးပေါ့၊”

မေး◄►“ရော့တာ ဘယ်လို မရော့တာ ဘယ်ပုံ ဆိုတာ သိလိုပါ
တယ်ပါဘုရား၊”
ဖြေ◄► “ရော့တယ် ဆိုတာက ဥပမာ ဒကာကြီးအိမ်မှာ လူဆယ်
ယောက် ရှိတယ်ဆိုပါတော့။ ငါးယောက်ဆင်းသွားလျှင် ဆင်းသွားတဲ့
ပုဂ္ဂိုလ်သတ္တ၀ါ ရော့တာပေါ့၊ မရော့ဘူးဆိုတာက စိတ် စေတသိက် 
ရုပ် နိဗ္ဗာန် ဆိုတဲ့ ပရမတ္ထတရား မရော့ဘူး။”

မေး◄► (ထင်းမရှိ တောသုံးထောင်၊ ရေမရှိ မြစ်လယ်ခေါင်၊ နှမ 

မရှိ ခြောက်ယောက်မောင်)ကို ဖြေရှင်းတော် မူပါဘုရား။
ဖြေ ◄► “ဘုရား အစရှိသော အရိယာ သူတော်ကောင်းတို့မှာ 
ကာမ ရူပ အရူပ ဆိုတဲ့ တောသုံးထောင်ထဲတွင် နေငြားသော်လည်း
၎င်းပုဂ္ဂိုလ်များမှာ လောင်စာ မရှိသောကြောင့် ထင်းမရှိ တောသုံး
ထောင် ဟုခေါ်သည်။ 
သတ္တ၀ါတို့၏ အာရုံအစဉ်မှာ မြစ်ရေအယဉ်ကဲ့သို့ တသွင်သွင်စီးဆင်း
နေငြားသော်လည်း ဘုရားစသော အရိယာသူတော်ကောင်းတို့မှာ
အာရုံယိုစီးခြင်း မရှိတာကို ရေမရှိ မြစ်လယ်ခေါင်ဟုခေါ်သည်။
ဘုရားစသော အရိယာ သူတော်ကောင်းတိုမှာ မျက်စိ နား နှာခေါင်း
ပါးစပ် ကာယ မန တံခါး ခြောက်ပေါက်ပင် ရှိသော်လည်း အာရုံလိုက်
စားခြင်း မရှိတာကို နှမ မရှိ ခြောက်ယောက်မောင် လို့ ခေါ်သည်။

မေး◄► အရှင်ဘုရားတို့ ရဟန်းများမှာ မိမိကိုယ်ကို မိမိ သွေးထွက်
အောင် လုပ်ရုံမျှနှင့် ဒုက္ကဋ်အာပတ် တပ်သလား မတပ်ဘူးလား။
ဖြေ ◄► တပ်တယ်။

မေး◄► ဒါဖြင့်လျင် ဘုရားလက်ထက်က ရဟန်းတပါးဟာ မိမိ
လည်ပင်းကို ဓါးနှင့်လှီးပြီး ဝေဒနာရှု့တာနဲ့ အရဟတ္တဖိုလ် ဆိုက်ပြီး
ပရိနိဗ္ဗာန်ပြုသွားတယ်လို့ ကြားဖူးပါတယ်။ ၄င်း ရဟန်းဟာ အာပတ်
နှင့်တကွ မဂ်ဖိုလ်သို့ ဆိုက်ပါသလား ဘုရား။
ဖြေ ◄► ဆိုက်တာ မှန်တယ်၊ ဒုက္ကဋ် အာပတ် မရှိလို့ ဆိုက်တာ။

မေး ◄► ဒါဖြင့် ဘုရား ၊ အရှင်ဘုရားတို့မှာ သွေးထွက်ရုံမျှနှင့် အာ-
ပတ်သင့်တာ၊ အခုဟာက သွေးထွက်ရုံ မက ကိုယ့်ကိုယ်ကို အသေ
တောင် သတ်တာ ဒုက္ကဋ် အာပတ် မသင့်ပေဘူးလားဘုရား။

ဖြေ ◄► မသင့်ဘူး ၊ ဥပမာ - ဒကာကြီး ပစ္စည်းမကိုင်နှင့် လို့ မတား
မြစ်ခင် ဘုန်းကြီးက ကိုင်လိုက်ရင် ဘုန်းကြီးမှာ အပြစ်များ ရှိမလား။
မရှိပါဘုရား။ တားမြစ်ပြီးမှ ကိုင်တော့ကော --အပြစ်ရှိပါတယ် ဘုရား၊
အဲသည် ဥပမာ အတိုင်းပဲ ထိုပုဂ္ဂိုလ်မှာ အပြစ် မရှိတာလဲ မှန်တယ်၊

 မဂ်ဖိုလ်ဆိုက်တာလဲမှန်တယ်။ကျေနပ်ဝမ်းမြောက်လှပါသည်ဘုရား။
“ယင်း ရဟန်းကား” လူ့ဘ၀ ကို ငြီးငွေ့လွန်းသောကြောင့် ထွက်
ပေါက် ရှာသည့် အနေဖြင့် ရပြီးသား လောကီဈာန်ကို မလျောကျ ခင်
မြစ်ကမ်းနားသွားကာ မိမိကိုယ်ကို ဆံရိတ်သော သင်ဓုန်း ဓားဖြင့်
လည်ပင်းကို လှီးဖြတ်မည် ကြံရွယ်စဉ် ရဟန်းဘ၀ တလျောက်လုံး
စောင့်စည်း ထိမ်းသိမ်းလာခဲ့သော မိမိ၏ စင်ကြယ် သန့်ရှင်းသော
သီလကို တွေ့မြင်ရသောအခါ အဆင့်ဆင့် ၀မ်းသာမှု့ ပီတိသည်
ခန္ဓာကိုယ် တခုလုံးသို့ ပျံ့ နှံ့ သော ဖရဏာ ပီတိအဖြစ်သို့
ရောက်လေ၏။၎င်း ပီတိ ဝေဒနာကို ခွာ၍ ၀ိပဿနာ ရှု့ မှတ်သော
အခါ ကိလေသာကုန်ခြင်း အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ခြင်း်
အသက်ဇီဝိတိဒြေ ကုန်ခန်းခြင်းသည်လည်း တပြိုင်နက်ဖြစ်ကာ တ-
ခဏအတွင်း အလွန်လျင်မြန်ကာ ပရိနိဗ္ဗာန်စံခြင်းကိစ္စ ပြီးသွားသော
ကြောင့် သတ္တ၀ါတို့ တဘ၀မှ တဘ၀ သို့ ကူးပြောင်းတိုင်း ဖြစ်ရာ
ဘုံဘ၀ကို စုံစမ်းထောက်လှမ်းလေ့၇ှိသော မာနတ် သည်ပင် မျက်စေ့
လည်သွား ဟူ ၏ ။ထိုမာနတ်ကား ( ၃၁ ) ဘုံးအတွင်း ဘယ်နေရာ
ဖြစ်ဖြစ် ရောက်သွားလျင် သူ့ပိုင်နက်အတွင်း ဖြစ်သောကြောင့် ကျေ
နေလေ့ ရှိသတဲ့ ။မာနတ်ရှာဖွေနေကြောင်းသိသော ဘုရားရှင်က . . 
“ဟယ် မာနတ် ”
“သင်က ” “ငါ့ ဘုရားတပည့်ကို အထင်သေးသကိုး၊”
“သင် မကျေနပ်လို့ ၃၁ ဘုံအတွင်း ကြိုက်သလောက်ရှာ”
“ဘယ်တော့မှ တွေ့မှာ မဟုတ်တော့ဘူး၊”
“ငါ့သားတော် ဂေါဓိက ရဟန်းဟာ နိဗ္ဗာန် ၀င်သွားပြီ”
အဲလိုမိန့်လိုက်တော့မှ ရှက်ကိုးရှက်ကန်းနဲ့ သူ့နေရာ နတ်ပြည်ကိုပြန်
သွားသတဲ့ ။
♥စကားချပ်♥ထိုအရှင်ဂေါဓိကအကြောင်းကို အကျယ်သိမှန်လိုပါက။
သုတ္တန်ပိဋကတ်၊သံယုတ္တနိကာယ်၊သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ နှာ၊
၁၂၁ ၊ပါဠိတော်နိဿ၊မိုးထိမူ၊နှာ၊၂၇၉ တို့တွင်လေ့လာနိုင်သည်။

မေး◄► တခုလောက် လျောက်ပါရစေ၊ သုတ်မဟာဝါ ပါဠိတော်
မဟာ ပရိနိဗ္ဗာနသုတ်ထဲမှာ ဘုရား၏ ဓာတ်တော် ဝေခဏ်းတွေ့ပါ
တယ်၊ ၄င်းသုတ်ကိုပင် ဘုရားဟော လို့ ဆိုပါတယ်၊ ဓါတ်တော်များ
ကို ဘုရား ပရိနိဗ္ဗာန်မပြုမီက ဝေခဲ့ ပါသလား၊ သို့တည်းမဟုတ်
ဘယ်သူ ဝေခဲ့ သတုံး ဘုရား။
ဖြေ ◄► ဧ၀ံ မေ သုတံ ကို ဘယ်သူဟောသတုံး။
ကျေနပ်လှပါ၏ ဘုရား။

မေး◄► နိဗ္ဗာန် ၏ အကြောင်းကို အမိန့်ရှိတော်မူပါ ဘုရား။
ဖြေ ◄► နိဗ္ဗာန်အကြောင်း သိချင်သလား ၊ သိချင်လျှင် ဘင် စွန်း

 မြင်အောင် ကြည့်က သိလိမ့်မည်၊

မေး◄►ဘယ်လိုဘင်စွန်း ဘယ်လိုမြင်အောင် ကြည့်ရမှာတုံးဘုရား။
ဖြေ ◄► ယောဂီ ပုဂ္ဂိုလ် တယောက်သည် မိမိခန္ဓာကိုယ်ကို သတိ
နှင့် သုံးသပ်လျှက် သမာဓိ အားကောင်းလာသော် စိတ် စေတသိက် 
ရုပ် ဆိုတဲ့ တရားသုံးပါးကို ပိုင်းပိုင်းခြားခြား မြင်သောအခါ ဒီဒုက္ခကြီး
ဟာ ဘယ်သူ့ကြောင့်လဲ လို့ စိစစ်လိုက်တော့ လုပ်ပေးတတ်တဲ့လော
ဘဆိုတဲ့ သမုဒယ ကိုမြင်တော့ မဂ်က အနုသယ ကို ပယ်သတ်
လိုက်တာနှင့် ဥပါဒ် ဋ္ဌီ ဘင် ဆိုတဲ့ အကြောင်း အကျိုး ပြတ်တာကို 
ဘင်စွန်း ဟု ခေါ်တယ်။ အဲဒီ ဘင်စွန်း ကို ပြောတာ။

မေး◄►မိမိ ခန္ဓာကိုယ်ကို ထိတော့ သိတယ် လို့ပြောတယ်၊ သိ-
တယ် ဆိုတာ သူချည်းပဲ သိတာလား ၊ သို့မဟုတ် သူတကာ ( ခြား-
တရား ) နှင့် ရောစပ်မှ သိတာလားဘုရား။
ဖြေ ◄► ရောစပ်မှ သိတယ်၊

မေး◄► ရောစပ်သူ ထည့်ပေးပါဘုရား။
ဖြေ ◄► ဝေဒနာ သညာ ၀ိညာဏ် ထိုသုံးချက်စုမှ သိမှု့ ဖြစ်တယ်။

မေး◄► စု ပေးသူများ ရှိရင် ထည့်ပေးပါဘုရား။
ဖြေ◄► ထိုသုံးချက်ကို သင်္ခါရက မြေ ရေ လေ မီးဓါတ်ကြီး လေးပါး
ကို တံခါးမှာ စုပေးတော့ သိခြင်း မှတ်ခြင်း ခံစားခြင်း ဖြစ်ပေါ်လာ-
သည်ကို သိမှု့ ဖြစ်တယ် ( သိတယ် ) လို့ ခေါ်တယ်။

မေး◄► တထောင့်ငါးရာတည်းဟူသော ကိလေသာဟာ ခန္ဓာကိုယ်
ကြီးတွင် ဘယ်နေရာမှာ ကိန်းပါသတုံး ဘုရား။
ဖြေ ◄► သိချင်သလား၊ သိချင်လျင် ဇာတိမြင်အောင်ကြည့် ၊ 

ဇာတိ ကိန်းတယ်။

မေး◄► ဘယ်လို ဇာတိ ဘယ်လို မြင်အောင် ကြည့်ရမှာတုံး ဘုရား။
ဖြေ◄► မြေ ရေ လေ မီး ဓာတ်ကြီး လေးပါး ရှိတယ် မဟုတ်လား၊ 
၎င်း ဓာတ်ကြီးလေးပါးကို သင်္ခါရက ပြုပြင်ပေးတော့ သိမှု့ မှတ်မှု့ 
ခံစားမှု့ ဖြစ်ပေါ်၍ လာတယ်။ အဲတာ ဇာတိပဲ။ အဲဒီ ဇာတိကို မြင်
အောင်ကြည့်က သိလိမ့် မယ်။

မေး◄► ရဟန်းများ၌ သိအပ်သော တရားငါးပါးကိုအမိန့်ရှိတော်
မူပါဘုရား။
ဖြေ◄►
( ၁ ) အလိုရှိခြင်း၊
( ၂ ) ကျက်စားခြင်း၊
( ၃ ) ထောက်တည်ခြင်း၊
( ၄ ) နှလုံးသွင်းခြင်း၊
( ၅ ) ပြီးဆုံးခြင်း၊
အလိုရှိတာက ဘာကို အလှိုရှိတာတုံး ဆိုလျင်သုခချမ်းသာကို အလို
ရှိတယ်၊ပညာ ကို ကျက်စားတယ်၊သီလ သမာဓိ ပညာကို ထောက်
တည်တယ်။ကြောင့်ကြမှု့ တောင့်တမှု့ ကင်းတာကိုနှလုံးသွင်းတယ်
နိဗ္ဗာန်ကိုပြီးဆုံးတယ်၊အဲဒါ ရဟန်းများ၌ သိအပ်သော တရားငါးပါးပဲ။ 
ပူတွဲပါဆောင်းပါး၏ အခန်း(၁) (၂)တို့၏လင့်များဖြစ်သည် အကယ်
၍မဖတ်ရသေးပါက ကလစ်ခေါက်၍ ဖတ်ရှု့နိုင်သည်။
(၁)
http://alinshin.blogspot.com/2014/10/blog-post_54.html
(၂)
http://alinshin.blogspot.com/2014/10/blog-post_99.html
ဝေမျှShareယူသူများသည်လည်း မိမိနှင့်ထပ်တူကုသိုလ်ညီမျှ
ရကြပါစေကုန်သော် . . .
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက် ၊ စမ်းချောင်းမြို့နယ်
ရှမ်းလမ်း။
ရန်ကုန်

လွှတ်တော်ထဲမှာ ကြက်ဆူပင်စိုက်တာ မဖြေနိုင်ဘူးတဲ့

ယခင်အစိုးရ လက်ထက်က စတင် အကောင်အထည် ဖော်ခဲ့သည့် ဆယ်နှစ်
ကြာခဲ့ပြီ ဖြစ်သော ကြက်ဆူပင်စီမံကိန်းနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြ
မေးခွန်းကို အောက်တိုဘာ ၂၉ ရက်နေ့ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဌေးအောင်က မေးမြန်းခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန
ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြား ရာတွင် မေးခွန်းနှင့် အဖြေကွာခြားနေ၍
ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

ယင်းစီမံကိန်းအတွက် နိုင်ငံတော်၏ အချိန်၊ ငွေကြေး၊ မြေယာ၊ အဆောက်အဦ၊
လုပ်အားများစွာ ရင်းနှီးအသုံးပြုခဲ့ပြီး ယခုအခါ ၁၀ နှစ်ခန့်ကြာမြင့်ပြီဖြစ်သောကြောင့်
အဆိုပါကြက်ဆူပင်စိုက်ခင်းကြီးများ မည်မျှအောင်မြင်နေသည်၊ ကုန်ကြမ်း
များမည်မျှစုဆောင်းသိုလှောင်ရရှိနေသည်၊ ကုန်ချော Bio ဒီဇယ်များကို ပြည်သူများ
မည်မျှသုံးစွဲနေကြရသည် စသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မေးမြန်းခဲ့မှုအပေါ် ဒုဝန်ကြီးက လောင်စာဆီနှင့်ပတ်သက်၍ ပြည်သူများ၏အကျိုးစီးပွားမြှင့်တင်နိုင်ရန်
ပြည်ပထွက်ငွေများလျော့ကျစေရန် အကြောင်းပြချက်ဖြင့် Bio ဒီဇယ်အတွက် ကြက်ဆူ
ပင်စီမံကိန်းအားတနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကြက်ဆူမှာ
ခြံစည်းရိုးကြက်ဆူနှင့်ဆီကြမ်း သီးနှံကြက်ဆူဟူ၍ နှစ်မျိုးရှိကြောင်း၊ မြန်မာနိုင်ငံအပူ
ပိုင်းဒေသ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် တောင်ပေါ်ဒေသများဖြစ်
သည့်ရှမ်းပြည်နယ် ကယားပြည်နယ်တို့တွင် ရှေးနှစ်ပေါင်း များစွာကတည်းက
နေအိမ်ကျေးရွာများတွင် ခြံစည်းရိုးပင်အဖြစ် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့နယ်ရပ်ကွက်များတွင်
စိုက်ခင်းအဖြစ်နည်းပါးကြောင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လုပ်မှုလျှော့ချနိုင်ရေးအတွက်
တိုကျိုသဘောတူညီချက်အရ စက်မှုဖွံ့ဖြိုးသောနိုင်ငံများတွင် တွင်းထွက် ဆီနှင့်ဇီဝဒီ

ဇယ်ဆီအား ရောနှောအသုံးပြု လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း စွမ်းအင်လောင်
စာဆီ ၅ ရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းအထိ ရောနှောသုံးနေကြောင်း၊ မြန်မာနိုင်ငံတွင်လည်း

အနာဂတ်အစားထိုး လောင်စာဆီအဖြစ်အစားထိုးနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊
မျိုးကွဲများသုတေသနပြုလုပ်ခြင်းဒီဇယ်ထုတ်လုပ်ခြင်းနှင့်စိုက်ပျိုးရေးဦးစီးဌာန၏ သုတေ
သနဌာနမှာ သုတေသနလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်
လည်ဖြေကြားသွားခဲ့သည်။

ဒုဝန်ကြီးပြန်လည်ဖြေကြားခဲ့ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဌေးအောင်မေးမြန်းခဲ့သည့် ကြက်ဆူပင် စိုက်ခင်းကြီးများ အောင်မြင်မှုအခြေအနေ၊
ကုန်ကြမ်းများသိုလှောင်ထားမှုနှင့်ကုန်ချော ဇီဝဒီဇယ်များကိုပြည်သူများသုံးစွဲနေရသည့်
အခြေအနေများအား ထည့်သွင်းဖြေကြား နိုင်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?ref=br_tf


နာဆာ က ဒုံးကျည်ကို တမင်တကာ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်



ဗာဂျီးနီးယား ၊ ၁-၁၁-၂၀၁၄

အောက်တိုဘာ ၂၉ ရက်က အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် Wallops
Island ဒုံးလွှတ်စင်မှ နာဆာ က လွှတ်တင် လိုက်သောAntares ဒုံးကျည် ပေါက်ကွဲ 
ခဲ့ခြင်းသည် လုံခြုံရေးဆိုင်ရာ တာဝန်ခံ အရာရှိနှစ်ဦး က ဒုံးကျည် ပျံသန်းရာ လမ်းကြောင်း
လွဲမှား သွားသည်ကိုသိရှိခဲ့သည့် အတွက် ယင်း ဒုံးကျည်ကို အချိန်မီ ဖောက်ခွဲ ဖျက်ဆီးခဲ့
ရခြင်းဖြစ်ကြောင်း သိရသည်။

Orbital Sciences Corp က ပြုလုပ်ထားသော Antares ကို နိုင်ငံတကာအာကာသစ

ခန်းသို့ ပို့ဆောင်ရန် ကုန်ပစ္စည်းများ တင်ဆောင်ကာ ဝေါလော့ဒုံးလွှတ်စင်မှ ပစ်လွှတ်
လိုက်ရာ လမ်းကြောင်း လွဲချော်သွား ခဲ့သည့်အတွက် ချက်ချင်းလိုလို ဖောက်ခွဲဖျက်ဆီး 
ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

နာဆာ က ဒုံးကျည်တစ်ခုကို လွှတ်တင်တိုင်း ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ခံ 

အရာရှိနှစ်ဦး က ဒုံးကျည်တွင် လွဲချော်မှုတစ်စုံတစ်ရာ ရှိခဲ့လျှင် အလိုအလျောက် ဖျက်ဆီး
သည့် ခလုတ်ကိုနှိပ်ရလေ့ ရှိသည်။ မလိုအပ်ဘဲ ဒုံးကျည်ကို ဖျက်ဆီးမိလျှင် ဒေါ်လာသန်း
သန်းပေါင်းများစွာ တန်ကြေးရှိသော သိပ္ပံကိရိယာ တစ်ခုကို ဖျက်ဆီးမိမည် ဖြစ်ပြီး ချို့ယွင်း
နေပြီ ဖြစ်သော ဒုံးကျည်ကို အချိန်မီ မဖျက်ဆီးလျှင်လည်း ဒုံးကျည်ပျက် ကျခြင်းကြောင့် 
လူ့အသက်ပေါင်း များစွာ ဆုံးရှုံးသွားမည် ဖြစ်သည်။

အဆိုပါနေ့က အမြင့် ၁၃၉ ပေ ရှိသော Antares ဒုံးကျည်သည်လွှတ်တင် လိုက်ပြီး 

ချက်ချင်းလိုပင်  ချို့ယွင်းခဲ့သည့် အတွက်ယင်းလုံခြုံရေး ဆိုင်ရာ တာဝန်ခံ အရာရှိနှစ်ဦး 
က ဒုံးကျည် ဖျက်ဆီးသည့် ခလုတ်ကို အချိန်မီ နှိပ်နိုင်ခဲ့သည့် အတွက်သာ ထိုစဉ်ကဒုံးကျည်
လွှတ်သည့် ဧရိယာတွင် ရှိနေသော လူပေါင်း မြောက်မြားစွာတို့ အသက် မဆုံးရှုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရာရှိနှစ်ဦးသည် ပျံသန်းမှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို 

တာဝန်ယူရပြီး ဒုံးကျည် စတင်ပစ်လွှတ် လိုက်ချိန်မှစက္ကန့်ပိုင်း အတွင်း ဒုံးကျည်ကို
ဆက်လက် ပျံသန်းစေမည်  သို့တည်းမဟုတ် ဖျက်ဆီး ပစ်ရမည်ကို ဆုံးဖြတ်ချက်ချ 
ရလေ့ရှိသည်။

ဒုံးကျည်ကို ပစ်လွှတ် လိုက်လျှင် ယင်း အရာရှိနှစ်ဦးက စောင့်ကြည့်ရသော ပြစ်ချက် 

၁ဝ ခုရှိပြီး ဒုံးကျည် ပျံသန်းမှု လမ်းကြောင်းလွဲချော်သွား ခြင်း ကဲ့သို့ ပြစ်ချက်မျိုး 
အတွက် ဒုံးကျည်ကို ချက်ချင်း ဖျက်ဆီး ရလေ့ရှိသည်။ 

ပျံသန်းမှု လမ်းကြောင်း လွဲချော် သွားသော ဒုံးကျည်သည်ပျံတက်နိုင်မည် မဟုတ်ဘဲ

မြေပြင်ပေါ် သို့ ပြန်လည်ပြုတ်ကျ မည်ဖြစ်ပြီးလူ့အသက်ပေါင်း မြောက်မြားစွာကို

သေဆုံး စေနိုင်မည် ဖြစ်ကြောင်းသိရသည်။

ဒုံးကျည် ပစ်လွှတ် လိုက်စဉ် အရာရှိ နှစ်ဦးက ဒုံးကျည် ဦးတည်ရာလမ်းကြောင်းကို

စောင့်ကြည့်ခဲ့ရာ လမ်းကြောင်း သတ်မှတ်ထားသော ဝိုင်ယာကြိုးများ၏ နောက်ဘက်
မှ ထွက်ခွာ သွားခဲ့သည့်အတွက် ဒုံးကျည် ပျံသန်းမှု လမ်းကြောင်း လွဲချော် သွားခဲ့ကြောင်း
ပေါ်ပေါက်၍ ဒုံးကျည်ကို ချက်ချင်း ဖောက်ခွဲ ဖျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


ထိုစဉ်က ဒုံးကျည် လွှတ်တင်ရာ Wallops Island တွင် လူပေါင်းထောင်နှင့်ချီ 

စုဝေးကြည့်ရှု နေခဲ့ခြင်း ဖြစ်ပြီးဒုံးကျည်ပေါ်တွင်လည်းနိုင်ငံတကာ အာကာသစခန်းသို့
ပို့ဆောင်မည့်ကိရိယာနှင့် စာနပ်ရိက္ခာ ပေါင် ၅ဝဝဝ ထက်မနည်းကို တင်ဆောင် ထားကြောင်း
သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/10/blog-post_69.html

တက်တူးထိုးခြင်း၏ နောက်ကွယ်

လူငယ်များ အကြားတွင် ခေတ်စားနေသော တက်တူး ထိုးခြင်းသည်
အရေပြား ကင်ဆာ ဖြစ်ပွားမှု နှုန်းကို မြင့်တက် စေကြောင်း လေ့လာမှု
တစ်ရပ်တွင် ဖော်ပြ ထားသည်။ တက်တူး ထိုးရာတွင် အသုံးပြုသော
ဆေးရည်သည် အရေပြား ကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင်
နေသည်ဟု သိရသည်။ အထူးသဖြင့် အပြာရောင်ခြယ် တက်တူး မင်သည်
တက်တူး ထိုးသူများနှင့် ထိုးနှံ ပေးသော သူများ အကြိုက် အရောင် တစ်မျိုး
ဖြစ်ပြီးကို ဘော့သတ္ထုနှင့် အလူ မီနီယမ်များ ပါဝင် နေသည်။

နယူး ဒေလီမြို့ BLK ဆေးရုံ၊ အရေပြား အထူးကုဌာနမှ Dr. D.J.S Tula 
တက်တူးနှင့် ကိုယ်ခန္ဓာ အပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှ 
တစ်ဆင့် ကူးစက်သော ရောဂါများ ရရှိနိုင်ချေ များကြောင်း၊ သွေးမှ တစ်ဆင့် 
ကူးစက် တတ်သော HIV၊ အသည်းရောင် အသားဝါ B,Cနှင့် အရေပြား ကင်ဆာ
ရောဂါ အချို့ကို ရရှိနိုင်ကြောင်း၊ အရေပြား ကင်ဆာ များတွင် မှဲ့ကင်ဆာနှင့် 
Squamous cell carcinoma တို့ ပါဝင်ကြောင်း၊ တက်တူး ထိုးသူတိုင်း အဆိုပါ
ရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူး မင်အမျိုးအစား၊ 
တက်တူး ထိုးသော ကိရိယာ၊ လုပ်ငန်းစဉ် များ၏ ပိုးသတ် ထားမှု ရှိမရှိက 
အဓိကကျ ကြောင်းကို ရှင်းပြ ထားသည်။
“တက်တူးထိုးတဲ့ မင်မှာ တစ်ခါတလေ အာဆင်း နစ်တွေ ထည့်သွင်း ထားတတ် 
ပါတယ်။ ထိုးနှံ သူကတော့ မသိတဲ့ အတွက် အရေပြား ကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်းများ နေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့ နေရာတွေ နားမှာလည်း 
တက်တူး မထိုး သင့်ပါဘူး တကယ်လို့ တက်တူး ထိုးထားတဲ့ နေရာ အနီးတ၀ိုက်မှာ 
ပုံမှန် မဟုတ် ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ် အစား၊ ပုံသဏ္ဌာန်၊ 
အနားသတ် ပုံစံတွေကို သေချာ စစ်ဆေးဖို့ လိုပါတယ်။ တကယ်လို့ သေချာ 
မကြည့်ဘဲ ပေါ့ပေါ့ဆဆပဲ ထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြား အရေပြား 
ကင်ဆာ တွေကို အချိန်လွန်မှ သိတာမျိုး ဖြစ်သွား နိုင်ပါတယ်ဟု ကင်ဆာ ရောဂါ 
အထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။
ထို့ပြင် တက်တူး ဖျက်ခြင်းတွင်လည်း ဆိုးကျိုးများ ရှိနေကြောင်း၊ အရေပြား အရောင်
 ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation) များ 
ရလာ နိုင်ကြောင်း သိရသည်။ ကျွမ်းကျင်သော တက်တူး ထိုးပေးသူများ ထံသာ 
သွားသင့်ကြောင်း၊ progessional tattooistသည် အော်ဂဲနစ် မင်ကိုသာ 
အသုံးပြု ကြကြောင်း၊ ဈေးပေါပေါ သုံးထားသော တက်တူးများတွင် အာဆင်းနစ်၊ 
ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြား ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်များ 
ပါဝင် နေကြောင်းကို ယခု လေ့လာမှုတွင် ဖော်ပြ ထားသည်။
သန့်စင်
Ref: IANS
Health Updates Journal
http://www.myanmarnewsnow.org/2014/02/blog-post_9062.html
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget