.

AlinShin

Tuesday, March 19, 2013

လတစ်စင်း မောင်းသွင်းချင်သူ


တစ်စင်း မောင်းသွင်းချင်သူ
အဖေရေ . . .
ရာသီဆိုးတွေရောက်လာရင်
အဖေ့ခြေရာတွေအရောင်ပြောင်းတော့မယ်။

တစ်နေ့
အဖေ့အိမ်အိုလေးဟာ
ပြိုယဲ့မယ်ဆိုတာကို သိပါတယ်။

ဒါပေမယ့်လေ
သား “နေ” တစ်စင်းမောင်းမသွင်းခဲ့ပါဘူး။

အဖေရေ . . . . .
လေပြေလေညှင်းလေးတွေရောက်လာရင်
ရေခိုးရနံသင်းသင်းလေးတွေပါလာကြလိမ့်မယ်
အဖေ့လက်ရာဟောင်းလေးတွေကို ထုံမွှေ့ရင်းပေါ့။

တစ်နေ့ . . . .
အဖေ့အိမ်အိုလေးဟာ
ပြိုယဲ့မယ်ဆိုတာကိုသိပါတယ်။

ဒါ့ကြောင့်လေ
သား “လ” တစ်စင်းမောင်းသွင်းရင်းပေါ့။
                                        မောင်ဇရာ

Monday, March 18, 2013

အ တွေး အို


တိုးထွက်လာတုန်းက
မြူတွေ . . .  နှင်းတွေ . . .
တောင်ကမ်းပါးယံ . . .   ခပ်မြင့်မြင့်ကြီးတွေ
ချွေးသံရဲရဲနဲ့၊
ငါတစ်ကောင်တည်း၊
လမ်းလျှောက်လာရတယ်။

နှင်းကွဲပြိုတဲ့နေ့၊
အမှောင်တို့က
ငါ့ကို
ထိုးသုတ်ကုတ်ဖဲ့စားခဲ့ကြတယ်။

ကမ္ဘာလည်နေတာက
ရပ်ဖို့။
အမှောင်ဖြစ်ဖို့က အလင်းငွေ့တွေ
ကျမ်းစာအုပ်အပြင်က ကဗျာများ . . . . ။

ငါဖြတ်လာပြီး
တောင်စွယ်ကြားမှာ မကွယ်လို။

သြော် . . . .
ကိုယ်စီ
နေအိုညတွေဖြတ်ရင်း . . . . ။ 
                                   မောင်ဇရာ

မ ဆု တ် ခဲ့


ခက်မယ်ထင်တဲ့
ခြေတစ်လှမ်းကို နောက်ပြန်မဆုတ်ခဲ့။
တိုးဆဲ . . .
တိုးခဲ့ . . .
တို့ရောက်ခဲ့တယ်။

ဒေသပွားမရှိတဲ့
ပန်းတိုင်ရဲ့
ရပိုင်ခွင့်ကိုဖြေမချခဲ့။
မြေခ ချွေးတစ်ပေါက်ရဲ့
ရိုးရိုးရင့်
တစ်နေရာ။

လုံ့လရှေ့နား ဉာဏ်စေ့စားရာ
ကံကိုပုံထားတဲ့
တစ်နေရာ။

ယုံကြည်ရာ ဆုပ်ကိုင်မိ
မလွှတ်နဲ့ . . .
မြဲမြံစေ . . .
သေးနုတ်ရာ ကြံမကစားနဲ့
အဝေးရောက်စေ။

အရောက်သွား
ပန်းတိုင်ရောက်မှ အမောဖြေ
တို့လျှောက်သွား
နာရီလက်တံနဲ့အတူ။  
                   မောင်ဇရာ

အ ရိ ပ်


ချစ်သူ . . . . .
ကုသိုလ်စိတ်နဲ့
အမေ့ရိပ်မှာ
ထာဝရချွေးသိပ့်ကြရအောင်။

ချစ်သူ . . . . . .
တို့နှစ်ကိုယ်တူ
ချစ်ကြည်ဖြူဖို့
အေးမြပေးလာ
ရိပ်ဆာယာက
မိရိပ် ဖရိပ် မေတ္တာရိပ်နဲ့
ချစ်သော ဆွေမျိုးရိပ်တို့လေ။

ချစ်သူ . . . . . .
တို့ခိုနားရာ
ရိပ်ဆာယာကို
ပင်စည်ပွားတိုး
ညွှန့်စီဖြိုးဖို့
မေတ္တာမြေဆီ
ချစ်ရေကြည်နဲ့
အရိပ်တစ်ခိုကို
စိမ်းစိုစေရအောင်။
                   မောင်ဇရာ

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget