.

AlinShin

Saturday, May 30, 2015

ရင်နာစရာကောင်းသော သန်းငါးဆယ်


ကြက်ဖြစ်ရင်မြန်မာပြည်မှာမဖြစ်စေနဲ့
ဦးရဲကြီးအစားခံရလိမ့်မယ်  . .။
မြောက်ဖြစ်ရင်လည်း မြန်မာပြည်မှာမဖြစ်စေနဲ့
နေစရာသစ်တောတွေကုန်ပြီ . . ။
ငါးဖြစ်ရင်လည်း မြန်မာပြည်မှမဖြစ်စေနဲ့
ဧရာဝတီလည်း ကြိုးစင်ပေါ်မှာ . . ။
ခွေးဖြစ်ရင်လည်းမြန်မာပြည်မှာမဖြစ်စေနဲ့
လက်ပတ်နီပတ်ခိုင်းပြီးပြည်သူကိုကိုက်ခိုင်းလိမ့်မယ် . .။
လူဖြစ်ရင်တော့  . . ပိုလို့သာဆိုးပြီးပေါ့  . .
ကိုနေမျိုးဇင် ထောင်ထဲမှာ
ကိုထင်ကျော်  . . ထောင်ထဲမှာ
ဒေါ်နော်အုံးလှ ထောင်ထဲမှာ
စသည်ဖြင့်  . .စသည်ဖြင့်
အဲ လူဆိုးသူခိုးတွေကတော့  . .ခေါင်းပေါင်းစတစ်လူလူနဲ့ပေါ့။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget