.

AlinShin

Saturday, May 30, 2015

မျိုးချစ်ဆိုတာဘာကိုခေါ်တာလည်း



ရှုံးရင်လည်းကြေနပ်တယ်  . .
မင်းတို့ပဲ . . ..
အပြောကောင်းကြပေတော့။
နိုင်တော့လည်း ဂုဏ်ယူတယ်  . .
မင်းတို့ပဲ . . .
ဝမ်းသာကြပေတော့ ။
ငါမှာတော့  . .
လယ်သိမ်းခံပြည်သူတွေအတွက်စိတ်ဆင်းရဲနေရတယ်။
ကိုယ့်လယ်ထဲကိုယ်နေတဲ့လယ်သူမကြီးဒေါ်ခင်ဝင်း
နှာဖူးကျည်ဆံအထည့်ခံလိုက်ရတာကိုမခံစားနိုင်ဘူး။

မင်းတို့စဉ်းစားကြည့်စမ်း  . . .
ဘောလုံးကွင်းမှာ  . .
ဘောလုံးမကန်ရတဲ့မြန်မာနိုင်ငံ။
လယ်ကွင်းထဲ  . .
လယ်မလုပ်ရတဲ့မြန်မာနိုင်ငံ။

ကဲ  . . မျိုးချစ်ကြီးတို့ရေ  ..
ခရိုနီနဲ့ အာဏာရှင်တွေအလိုကြ
ဟောင်လိုက်ကြကုန်ရသတည်း  . . .
သာဓု  . . သာဓု  . . . သာဓု  . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget