.

AlinShin

Thursday, April 30, 2015

ဘယ်လည်း ဗုဒ္ဓသာသနာ


ဤ ဓမ္မစာလွှာအား သဗ္ဗညုတဉာဏ်ကိုရည်ရော်ပူဇော်၍ ရေးသားပါ
သည်။ မည်သူတစ်ဦးတစ်ယောက်တစ်ပါးကိုမှ ထိပါးစော်ကားလို၍
ရေးသားခြင်းမဟုတ်ပါ။ ဗုဒ္ဓ၀ါဒအားထင်ရှားသန့်ရှင်းလိုသောကြောင့်
အပင်ပန်းခံရေးသားပါသည်။
ထိုကောင်းမှုကို စာရှုသူများ ထပ်ဆင့်ရကြပါစေရန် Share ခြင်းဖြင့်
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု နိုင်ကြပါစေ  . ..
အလင်းရှင်သည် ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကို ကြည်ညိုယုံကြည်သက်ဝင်သော
ကြောင့် ဗုဒ္ဓဝါဒနှင့်ဖီလာဆန့်ကျင်သော အယူအဆအလွဲများကိုရေး
သားလာခဲ့သည်မှာ ထောင်ကထွက်ကတည်းကဆိုရင်မမှားပါဘူး။
အခုလည်းကြည့်လေ  .. .
မြန်မာတစ်နိုင်ငံလုံး၏ သံဃာဥသျှောင်ကြီးများကို သာသနာရေးဝန်
ကြီးဌာနက၀န်ထမ်းများ ထီးမိုးပေးနေတာကိုတွေ့မြင်ရသည်မှာ
 ̏ အမြင်မတော် ဆင်တော်နှင့်ခလောက်˝ ဆိုသလိုရှိလှသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ထောက်ပြဝေဖန်ခဲ့ဖူးသော
ဆရာတော်များစွာရှိပါသည်။ အထူးသဖြင့်  .. . အများသိကြသော
 ̏ ဗုဓ်အဆ ٫ ဗုဓ်အလယ် ٫ ဗုဓ်အဆုံး˝ ဆရာတော်ပင်တည်း။
မသိသေးသူများအတွက် ရှင်းပြရပါမူ ၊ ဗုဓ်အစဟူသည် ဗုဒ္ဓမြတ်စွာဘုရား
ရှင်ဖြစ်သည်။ ဗုဓ်အလယ်  ဟူသည် အဋ္ဌကထာကျမ်းပြုအကျော်ဖြစ်
သော ရှင်မဟာဗုဒ္ဓဃောသဖြစ်သည်။ ဗုဓ်အဆုံးဟူသည်ကား မန္တလေး
တိုင်းအမရပူရ၊တောင်မြို့ရှိမဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
ပင်ဖြစ်သည်။
သူတို့ခေတ်တွင် ရဟန်းတော်များ အခုခေတ်လို ငွေများမကိုင်ကြသေး
ပေ၊ ကိုင်လျင်လည်း လူမသိအောင်ခိုး၍သာကိုင်ကြသည်။ ကျောင်းထိုင်
ဘုန်းတော်ကြီးများသည် ကပ္ပိယများထား၍ အလှူငွေများကို ထိမ်းသိမ်း
ကြသည်။
စကားကြွင်း၊ ၊ အခုခေတ်ကပ္ပိယထားလျှင်လည်း ထိုကပ္ပိယသုံး၍ကုန်
မည်။ အဘယ့်ကြောင့်ဆိုသော ရန်ကုန်မြို့ အထင်ကရစေတီဖြစ်သော
ရွှေတိဂုံဘုရားကြီး၏ တောင်ဘက်မုခ်တွင် ̏ ရှေးဟောင်းရဟန္တာသိမ်ဖြူ
တော်ကြီးရှိသည်˝ ယင်းသိမ်တော်ကြီး၏ ဂေါပကများသည် 2008/
2009 ခုနှစ်လောက်က ငွေကျပ်သိန်းပေါင်း (၅၀) ငါးဆယ် အလွဲသုံးစား
လုပ်၍ တရားရင်ဆိုင်နေရသည်ကိုကြားဖူးသည်။
မူလစကားဆက်ကြဦးဆို့  . ..
ပါဠိတော်အထောက်အထားကို ခဏထား၍ လက်ရှိလူ့လောကအမြင်
လေးကို တင်ပြသုံးသပ်ပြရသော်  . ..
 ̏ ငွေသည် လူတိုင်းသည်းခြေကြိုက်˝ ဟု စကားပုံများဖြင့်ဆိုသည်။
လောဘဟူသည် ယင်းငွေကပဋိသန္ဓေစသည်။ ငွေရှိမှ လူ့သားဘဝတွင်
အဆင်ပြေသည်။ ထို့ကြောင့် ငွေသည် မြန်မာနိုင်ငံတွင်မဆိုထားကမ္ဘာ့
နိုင်ငံသားတိုင်းအတွက်လည်း မရှိမဖြစ်ပေ။
ယင်းငွေကြောင့်  .. . .
(၁) ဘုရားစေတီတွေဖျက်ဆီးပစ်ကြသည်။
(၂) ရဟန်းသံဃာတော်များကို 2007 စက်တင်ဘာ တွင်သေနပ်နဲ့ပစ်
သတ်ခဲ့သလို မီးလောင်ဗုံးများဖြင့်ပစ်သတ်သည်။ထောင်ချသည်။
လူဝတ်လဲသည်။
(၃)ဓါးပြတိုက်မှု ၊ လူသတ်မှု၊စသောရဇ၀တ်မှုများစွာဖြစ်သည်။
(၄) ဘိန်းဖြူအစရှိသောမူးယစ်ဆေးဝါးများရောင်ဝယ်ဖေါက်ကားခြင်း
(၅) ကလေးသူငယ်များအား ဖာတန်းတွင် ဖာသည်မအဖြစ်ရောက်ရှိခြင်း
(၆) လူကုန်မှုနှင့်လူတန်းစားအခွင့်အရေးများ ဆုံးရှုံးခြင်း
(၇) တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မက်ဖြစ်ပွားသည်မှာလည်းယင်းငွေ၏
မူလဘူတကြောင့်ပင်ဖြစ်သည်။
ထိုသို့ စသည်ဖြင့် စသည်ဖြင့် ငွေသည် သက်မဲ့ဖြစ်သော်လည်း လူသား
တို့အား ရာဇဝတ်မှုပေါင်းများစွာ အဓမ္မမှုပေါင်းများစွာကို ဖန်တီးပေးသော
မူလတရားခံဖြစ်သည်။
ထိုမျှလောက်တွေးပြလျှင်သိနိုင်လောက်ခြေပြီ  . .။ငွေသည်သက်မဲ့ဖြစ်
သော်လည်း လူသားတို့အား ရာဇ၀တ်မှုပေါင်းများစွာတို့အား ဖန်တီးပေး
သောမူလဘူတတရားခံဖြစ်သည်။
ထို့သည်ကို သဗ္ဗညုတရွှေဉာဏ်တော်ဖြင့်သိမြင်တော်မူခဲ့သောမြတ်ဗုဒ္ဓ
သည် ဘိက္ခုဘိက္ခနီရဟန်းရဟန်းမိန်းမတို့အား ̏ ငွေကို မကိုင်တွယ်ရ˝
̏ ယောပန ဘိက္ခု ဇာတရူပံ ရဇတံ ဥဂ္ဂဏှေယျဝါ၊ဥဂ္ဂဏှာပေယျဝါ ၊
     ဥ ပနိကၡိတၱံ ၀ါ သာဒေယ်၊ နိသဂၢိယံပါစိတၱိယံ ˝
အကြင်ရဟန်းသည် ရွှေငွေကို လူတို့လှူသည့်အခါ ကိုယ်တိုင် ခံယူအံ့
(လမ်းစသည်တွေ့သော အခါလည်း ကောက်ယူအံ့) သို့မဟုတ်ကပ္ပိယစ
သူကို ခံယူစေ (ယူလိုက်ဟုစေခိုင်း)အံ့။လမ်းစသည်)၌တွေ့သောအခါ
လည်းအကောက်ခိုင်းအံ့။ အလှူရှင်တို့က အပ်နှံလှူဒါန်းအပ်သော ရွှေ
ငွေကို (အလှူခံသော အားဖြင့်) သာယာအံ့။ ထိုရွှေငွေသည် စွန့်ပစ်
ထိုက်၏။ ရဟန်းလည်း ပါစိတ်အာပတ် သင့်၏။
 ဝိနည်းပါဠိတော်၊ ကောသိယဝဂ်၊ ဇ-ရူပိယသိက္ခာပုဒ်
အမူသည်= အရှင်ဥပနန္ဒ
အမှု        = ငွေအလှူခံမှု
ထိုသို့ဖြင့် ဗုဒ္ဓရှင်တော်ပညတ်ထားတော်မူသောကြောင့် မဆလခေတ်
နောက်ပိုင်းအထိရဟန်းတော်များ လူတို့ရှေ့ဝယ် ယခုလိုမကိုင်တွယ်ကြ
သေးပေ။
အခုတော့ဖြင့် ငွေသည် ရဟန်းတို့၏တရားဝင်အသုံးအဆောင်ဖြစ်၍နေ
သည်။ လူတို့သည်လည်း ဝိနည်းကိုနားမလည်းသောကြောင့် ငွေလှူရ
သည်မှာ သာသနာပြုခြင်းအမှုဟုအထင်ရောက်နေသည်။
စာဖတ်သူများနားလည်စေရန် ဗုဒ္ဓမြတ်စွာသည် ယင်းငွေ၏ကြောက်မက်
ဖွယ်ရာကိုသိမြင်တော်မူသောကြောင့်  .. .
သဠယနဝဂ္ဂ ၊ ဂါမဏိသံယုတ်ပါဠိတော် တွင် . . .
ဘုရားရှင်လက်ထက်တော်အခါက ဝတ္ထုဇာတ်လမ်းနှင့်တကွအောက်
ပါအတိုင်းဖေါ်ပြထားပါသည်။ 
 ဘုရားလက်ထက်တော်၌ ရာဇဂြိုဟ်မြို့ နန်းတွင်းအစည်းအဝေတစ်ခု
မှာ စပ်မိစပ်ရာ စကားပြောနေကြရင်း . .
 ̏  ရဟန်းတော်မားသည် ငွေကို (လှူသူရှိပါက) အလှူခံကောင်း၏ ˝
ဆိုသောစကားကို လူတွေပြောဆိုနေကြသည်။
ထိုစကားကို အမှတ်တမဲ့ကြားလိုက်ရသော ̏ မဏိစူဠက˝ အမည်ရှိသော
ဂါမဏိ လူကြီးလူကောင်းတစ်ယာက်က အလှူခံကောင်းသည်ဟုပြောဆို
နေကြသော လူတို့အား . . .. 
  ̏  ရဟန်းတွေ ငွေကိုအလှူမခံကောင်းဘူး˝ ကွ
ဟု ကန့်ကွက်ပြောဆိုလိုက်ပါသည်။
ထိုသို့ပြောဆိုပြီးအတော်အတန်ကြာသောအခါတွင် ရဟန်းတို့ငွေကို
အလှူမခံကောင်းဟု ပြောဆိုသော ဂါမဏိလူကြီးသည်။ သူစိတ်ထဲအ
မှန်ထင်ကာ ကန့်ကွက်ခဲ့သောစကားသည် မှန်၏ မှား၏ ဟုယုံမှားသံသ
ယရှိလာသည်။ ထို့ကြောင့် ထိုယုံမှားသံသယကို အမှန်အတိအကျသိရန်
ဘုရားရှင်ထံသို့ သွားရောက်ကာ သူပြောဆိုခဲ့သော အထက်ကအဖြစ်
အပျက်ကို လုံးစုံစေငှစွာ ဘုရားရှင်အားလျှောက်ထားတော်မူပါသည်။
ထိုအခါ ဘုရားရှင်ကိုယ်တော်မြတ်သည်  . .
   ̏  ဒါကာတော် ဂါမဏိ  . .˝
   ̏  သင်ပြောဆိုခဲ့သော ရဟန်းတော်များသည် ငွေကိုအလှူမခံကောင်း
ဟူသောစကားသည် မုချမှန်ပေ၏˝
 ̏  ရဟန်းများသည် ငွေကို အလှူမခံယူကောင်းပေ၊ ရွှေငွေသည် ရဟန်း
တော်များနှင့် အပ်စပ်ပါက ကာမဂုဏ်ငါးပါးစလုံးဖြစ်သော သားမယားတို့
ကိုပါ သုံးစွဲကောင်းလိမ့်မည်။ ˝
 ̏ သို့ဖြစ်ပါ၍ ရွှေငွေကို အပ်တယ် ˝ ဆိုသော တရားသည် ရဟန်းတရား
မဟုတ် ˝ ဟု ဧကန်မှတ်လေ  . .. ˝

 အို  . .  စာရှု့သူတို့  . ..
ဤမျှလောက် ဘိက္ခုရဟန်းတော်များနှင့်မအပ်စပ်သော ငွေသည်ယနေ့
ခေတ်တွင် ရဟန်းတော်များ အပ်စပ်စွာသုံးဆွဲနေသည်ကို သင်မြင်နေရ
ပြီမဟုတ်ပါလော . . .
သို့ဆိုလျှင် ထိုရဟန်းတော်များသည် ဘုရားရှင်နှုတ်ထွက်စကားအတိုင်း
မာတုဂါမခေါ်မိန်းမများနှင့်ပင် အပ်စပ်နေကုန်သည်မဟုတ်ပါလော  . .

မြန်မာနိုင်ငံသည် အာဏာရှင်ဦးနေ၀င်း၏ ယုတ်မာပက်စက်မှုကြောင့်
နိုင်ငံတော်သံဃမဟာနယကဟူသောအဖွဲ့ကြီးပေါ်ပေါက်လာခဲ့သည်။
ယင်းအဖွဲ့ကြီးသည် ဗုဒ္ဓဝါဒနှင်ပက်သက်၍ အဓိကရဆောင်ရွက်မှုမ
ရှိသော်လည်း အာဏာရှင်တို့၏အလိုတော်ကျ ̏ ထောက်ထိုးဘုန်းကြီး˝
များဟု စာပေလေ့လာသူများသိကြခဲ့ကြသည်။
ယင်းတို့သည် အာဏာရှင်တို့၏ လှူဒါန်းသော ̏ နဝကမ္မခေါ် ငွေများ˝
အား တစ်ရွှင်ကိုင်၍ တစ်သွင်သွင်သုံးပြနေကြသည်။

ဒါကို ဝိနည်းနားမလည်သော လူများက အဟုတ်ထင် အမှန်ထင်ကာ
 ̏ ငွေပေါမှ ဘုန်းကြီးထင်˝  ̏ ကားရှိမှ ဘုန်းကြီးစရင်းထား˝ ကာ ဂုဏ်တု
ဂုဏ်ပြိုင်များဖြင့် သံဃာတော်တို့အား ကိုးကွယ်လာကြသည်။
 ̏ သင်္ကန်းနွမ်းသောရဟန်းအား ရဟန်းဆိုးရဟန်းယုတ်˝ သဘောထား
လာကြသည်။ ဘုရားလက်ထက်တော်အခါက သင်္ကန်းနွမ်းလေ ဂုဏ်ရှိ
လေပင်ဖြစ်သော်လည်း ယုခုခေတ်တွင် သင်္ကန်းနွမ်းလျှင် ရဟန်းအတွက်
အမြင်ဆိုးဖြင့်အမြင်ခံရလေတော့သည်။

ရပ်ကွက်မြို့ရွာတို့တွင် တရားပွဲများစည်းကားနေသည်မှာ ကြည်ညိုဖွယ်
ရာဖြစ်သော်လည်း ̏ ဘယ်ဘုန်းကြီးက ငွေသိန်းဘယ်လောက်ရတယ်˝
 ̏ ဒေါ်လာတွေပါလှူကြတာ˝ ဟူသောစကားဖြင့် ရွှေငွေမအပ်စပ်သော
ဗုဒ္ဓသာသနာတော်သည် ရွှေငွေများဖြင့်ရောနှောအပ်စပ်လာသောသာသ
နာတော်ကြီးဖြစ်လာသည်။

နောက်ဆုံး ဘုန်းကြီးလောကတွင်  . ..
(၁) ကျောင်းကောင်း
(၂) ကားကောင်း
(၃) ဒေါ်လာကောင်း  .. .  များရှိမှပင် အများသူငှာတို့၏ အကြည်ညိုအပူ
ဇော်ကို ခံယူနိုင်သောရဟန်းတော်ကြီးများဖြစ်လာခဲ့သော အမြင်များအ
ယူအဆများဖြစ်လာသည်။

ထိုအခါ အတုမြင်အတက်သင်  . . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်) ကဲ့သို့သော ရဟန်းပျိုများသည် ငွေရရန်
ပါဠိစာပေကို သင်ကြားလာကြသည် ငွေရဖို့အတွက် ပါဠိစာပေကိုသိဖို့
နားလည်ဖို့ထက် အောင်လက်မှတ်ကိုရရန်အတွက်သာစိတ်ကူးတော့
သည်။ ကမ္ဘာအေးတွင် စာမေးပွဲအောင်မြင်ရေးအတွက် လူတို့စာသင်
ကျောင်းများကဲ့သို့ စာစစ်အဖွဲ့များထံ ငွေပေးကာ အောင်လက်မှတ်ကို
ဖန်တီးကြတော့သည်။
ရဟန်းတော်သည် ပါဠိစာပေလေ့လာသည်မလေ့လာသည်အသာထား
အောင်လက်မှတ်ဖြင့် တရားများကျက်ကာပလ္လင်ပေါ်တွင်အသံကောင်း
ကောင်းဖြင့်ဟောနိုင်ဖို့သာ ပဓာနဖြစ်သည်။
ထိုသို့စွမ်းနိုင်လျှင်  . . ..
(၁) ကျောင်းကောင်း
(၂) ကားကောင်း
(၃) ဒေါ်လာကောင်းများဖြင့် တစ်သက်တာဘုန်းကြီးပေတော့မည်။

အို  .. . .  စာရှု့သူတို့  . ..
ဗုဒ္ဓဘာသာသည် အာဏာရှင်နေဝင်းဖျက်ဆီးပစ်ခဲ့သည်မှ ယခုတိုင်
အောင် ဝိနည်းသိက္ခာပုဒ်များအား ဂရုမစိုက်တော့ဘဲ (မဟန)ခေါ်
နေ၀င်းဖွဲစည်းခဲ့သော နိုင်ငံတော်သံဃမဟာနာယကမှထုတ်ပြန်ထား
သော ညွှန်ကြားလွှာများကို တသဝေမတိမ်းနေရပေတော့သည်။
ထို့ကြောင့်  . ..
(၁) ကျောင်းကောင်း
(၂) ငွေကောင်း
(၃) ဒေါ်လာကောင်းများဖြင့် ယနေ့ခေတ်မြန်မာနိုင်ငံဗုဒ္ဓသာသနာတော်
ကြီးသည် နေလိုလလိုထွန်းကားနေသည်မှာ သင်တို့မျက်မြင်ပင်မဟုတ်
ပါလော . . ..
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)



No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget