.

AlinShin

Thursday, April 30, 2015

ကျိန်စာတိုက်ပွဲ (သို့)ဇာတက၀တ္ထုလာ ပြည်သူ့အောင်လက်နက်ပွဲ



လက်ပံတောင်းတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းပေးရေး
ငြိမ်းချမ်းစွာတောင်းဆိုနေသော သပိတ်စခန်းများအား စစ်ခရိုနီ မိစ္ဆာ
ကောင်များ မှ ၂၉၊၁၁၊၂၀၁၂ ရက်တွင် မီးလောင်ဗုံးများဖြင့် ပစ်ခတ်
အကြမ်းဖက်ခဲ့ကြသည်မှာ (၂၉)လပြည့် ခဲ့ပါပြီ၊ ယနေ့ အချိန်ထိ
အကြမ်းဖက်သမား စစ်ခရိုနီများအား ဖော်ထုတ်အရေးအယူနိုင်ခြင်း
မရှိသေးပါ။

အကြမ်းဖက်လူသတ်မြေသိမ်း ကြေးနီစီမံကိန်းကြောင့် ဒေသခံ
တောင်သူများ ၏ မြေယာများ မတရားသိမ်းယူခံထားရပြီး စားဝတ်
နေရေး အကြပ်အတည်း ကြုံတွေ့နေရပါသည်။
မြေသိမ်းသမားစစ်ခရိုနီတို့ကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေ
ရသော တောင်သူများသည်--
ယနေ့ ညနေ-၄း၃၀နာရီတွင် ဆည်တည်းရွာ၌ စုပေါင်း၍- ကြေးနီစီ
မံကိန်း အမြန်ဆုံးဖျက်သိမ်းစေရေးနှင့် မြေသိမ်းယာသိမ်း-လူသတ်
သမား စစ်ခရိုနီများအား ပြည်သူပြည်သူလူထုကို ဖိနှိပ် အနိုင်ကျင့်
သကဲ့သို့ လည်းကောင်းတို့အား တန်ပြန်အကျိုးသက်ရောက်စေ
ရန်ရည်၍ ကျိန်စာတိုက်ပွဲများပြုလုပ်နေကြခြင်းဖြစ်ပါသည်။

လက်နက်ရှိသော စစ်ခွေးကြံ့ဖွတ်တရုတ်ဝမ်ပေါင်တို့က ယင်းလက်
နက်ဖြင့်ပြည်သူကိုပစ်သတ်ထောင်ချသကဲ့သို့  . .. .
လက်နက်မဲ့သောပြည်သူတွေက ပြည်သူတို့၏အမှန်တရားကို ကျိန်
စာလက်နက်အဖြစ် အသုံးချခြင်းဖြစ်ပါသည်။

ယခုလိုကျိန်စာတိုက်ပွဲများသည် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့
သော ဇာတက၀တ္ထုတို့ကို နည်းမှီပြီး သစ္စာပြုခြင်း၊ ကျိန်စာတိုက်
ခြင်းများကို စီရင်ကြခြင်းဖြစ်ပါသည်။

လက်နက်ခွန်အားမရှိသောပြည်သူသည် ရရာလက်နက်ဖြစ်သော
အမှန်စကားသစ္စာကို ကျိန်စာနက်နက်အဖြင့် အသုံးချခြင်းဖြစ်ပါသည်။

တောင်သူများမှ သစ္စာဆို၍ကျိမ်စာတိုက်နေကြသည်။
၂၉၊၄၊၂၀၁၅
ညနေ-၄း၃၀နာရီ

ဆက်သွယ်ရန်ဖုန်း--၀၉၂၅၈၈၁၆၄၉၂/ ၀၉၇၉၅၁၁၃၁၂၈/
 ၀၉၉၇၅၆၁၉၉၅၀လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် တိုင်းပြည်ကိုကျွန်ဇတ်သွင်းနေသောစီမံကိန်းဖြစ်သည်
သတင်းဓာတ်ပုံ  . . .. Ko Han Win Aung
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)



No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget